Latest News

Thursday, May 5, 2016

ပညာရေးဝန်ကြီး ဒေါက်တာဦးမျိုးသိန်းကြီးသို့ အိပ်ဖွင့်ပေးစာ


အစိုးရသစ်လက်ထက်မှာ အဂတိလိုက်စားမှု ကင်းစင်ပြီး
ဆရာ ဆရာမတွေ ရရှိတဲ့ လစာနဲ့ အဆင်ပြေစေဖို့အတွက် ဆရာ၊ ဆရာမတွေထံမှ မည်သည့်ကြေးမျှ
မကောက်ခံရဆိုတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်ကို ဖတ်ရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အောက်ခြေက လိုက်နာမှုမရှိတာကို အသိပေး အကြောင်းကြားလိုပါတယ်။

ဧရာဝတီတိုင်း ငပုတောမြို့နယ် ချောင်းဝကျေးရွာအ ထ က ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းရဲ့ ချောင်းဝရွာကျောင်းမှ ဆရာ/ဆရာမ ၃၂ ယောက်အပေါ်ပြုမူချက်များကို ဆရာမတဦးရဲ့ဧပြီလ လစာရှင်းတန်းလစ် နဲ့ ပူးတွဲတင်ပြပေးလိုက်ပါတယ်။
၁။ ကျောင်းစစ်ဆေးရေး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်များမှ စစ်ဆေးရေးလာလျှင် ခေါင်းဆောင်ဖြစ်သူအား ၁၀၀၀၀ ကျပ်၊ နောက်မှပါလာသူများအား ၅၀၀၀ ကျပ် အား လူပါသလောက် စာအိပ်နှင့်ထည့်ပေးရပါတယ်။

၂။ စစ်ဆေးရေးအဖွဲ့အတွက် အကြို၊ အပို့ ခရီးစားရိတ်ကို ကျောင်းအုပ်ဆရာမကြီးမှ ပေးရသည့်အပြင် အပြန်လက်ဆောင်အဖြစ် ပုဇွန်ခြောက်မှအစ ဝယ်ပေးရခြင်း

၃။ လစာထုတ်တိုင်း မြို့နယ်မှ အကြောင်းအမျိုးမျိုးပြပြီး တစ်ဦးလျှင် ၃၀၀၀ ကျပ်နှုံး အနဲဆုံးဖြတ်ခြင်း
၎။ ပြက္ခဒိန်၊ ရင်ထိုးများအား မဝယ်မနေရ ရောင်းချခြင်း
၅။ (၃၀.၄.၂၀၁၆) နေ့ လစာထုတ်ရက်တွင် မြို့နယ်ပညာရေးမှုး၏ သမီး မင်္ဂလာဆောင်အတွက် ဆရာမကြီးမှ ငွေ ၇၀၀၀၀ အား မိမိသဘောဖြင့် လက်ဖွဲ့ခဲ့ပြီး ဆရာ၊ ဆရာမများထံမှ တစ်ဦးလျှင် ၁၄၀၀ ကျပ် ပြန်လည်ကောက်ခံခြင်း

၆။ ငပုတောသို့ လစာထုတ် သွားလျှင်လည်း ယခင်က ၁၅၀၀ ကျပ်အား ခရီးစားရိတ်ပေးရပြီး (၃၀.၄.၂၀၁၆) လစာတိုးသောအခါ တစ်ဦးလျှင် ၂၀၀၀ ကျပ်ဖြတ်ခြင်း
(ခရီးစားရိတ်မှာ အများဆုံး ၂၀၀၀၀ သာကုန်ကျမည်ဖြစ်သော်လည်း ပိုငွေ ၄၀၀၀၀ ကျော်မှာ သူ့အတွက်ဖြစ်သွားခြင်း)

၇။ ကလေးများအတွက် ကျောင်းဝတ်စုံ အလကားထုတ်ပေးလျှင်လည်း ခရီးစားရိတ်၊ သယ်ယူခ၊ အလုပ်သမားခများ ရှိသည်ဆိုကာ ကျောင်းသားမိဘများထံမှ ၅၀၀ ဆီကောက်ခံခြင်း
၈။ ဗလာစာအုပ် ထုတ်ပေးလျှင်လည်း ခရီးစားရိတ် ၁၀၀၊ ၂၀၀ ဆီ ကျောင်းသားမိဘများထံမှ ကောက်ခံခြင်း
၉။ ကျောင်းအတွက် ပန်းအိုးများ ဝယ်ရာမှာလည်း တစ်ဦးလျှင် ၁၀၀ ကျပ်စီ ကောက်ခံခြင်း
၁၀။ စာမေးပွဲ လစဉ်အခန်းဆုံးစစ်လျှင် မူလတန်းကျောင်းသားတစ်ဦးလျှင် ၂၀၀ စီနှင့် အလယ်တန်း ၅၀၀ ကျပ်စီ လစဉ်ကောက်ခံနေခြင်း
၊ ကျောင်းသားမှမတတ်နိုင်လျှင် အတန်းပိုင် ဆရာမမှ စိုက်ပေးရခြင်း
၁၁။ ကျောင်းစဖွင့်လျှင် ကျောင်းဝင်ခွင့်ပုံစံရိုက်၍ ၁၀၀၊ ၂၀၀ တို့ဖြင့် စာရွက်ရောင်းစားခြင်း

အထက်ပါအချက် တော်တော်များများကို ကျောင်းတိုင်းရှိ ကျောင်းအုပ်များ အားလုံးနီးပါးမှ ကျူးလွန်ကြပါ
တယ်။
အစိုးရ၏ ပညာရေးအတွက် ထားရှိသော ရည်ရွယ်ချက် စေတနာကောင်းများသည် အောက်ခြေ အုပ်ချုပ်သူ အဆင့်ဆင့်၌ ပြောင်းလဲခြင်း မရှိသေးပါသဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများမှာ အစိုးရ၏ စေတနာအကျိုးအား လက်တွေ့ခံစားခွင့် မရသေးပါကြောင်း အသိပေး တင်ပြလိုက်ပါသည်။
ချောင်းဝကျေးရွာမှ ဆရာများရဲ့ ရင်ဖွင့်သံ ဝန်ကြီး ဦးမျိုးသိန်းကြီး ကြားသိနိုင်ပါစေ။ တိုင်းပြည် ပညာရေးအတွက် တောရောမြို့ပါမကျန် အမှန်တကယ် ပြောင်းလဲချိန်တန်ပါပြီ။
Credit.ZN.H
https://www.facebook.com/permalink.php?story_fbid=233831686987962&id=100010833969617






No comments:

Post a Comment