Latest News

Thursday, April 7, 2016

ဧရာ၀တီတုိင္း ေဒသႀကီး င႐ုတ္ေကာင္းၿမိဳ႕ႏွင့္ ေဂၚရန္ဂ်ီကြၽန္း တစ္၀ုိက္တြင္ ဟုိတယ္မ်ား တည္ေဆာက္ရန္ ေျမေနရာ ၀ယ္ယူမႈမ်ားရွိေန

ေဂၚရန္ဂ်ီကြၽန္းသုိ႔ လာေရာက္ လည္ပတ္ၾကသူမ်ား (ဓာတ္ပုံ-ႏွင္းေ၀)
ဧရာ၀တီတုိင္းေဒသႀကီး င႐ုတ္ေကာင္းၿမိဳ႕ႏွင့္  ေဂၚရန္ဂ်ီကြၽန္းတစ္၀ုိက္တြင္ ဟုိတယ္မ်ား တည္ေဆာက္လုိျခင္းေၾကာင့္ ေျမေနရာမ်ား ၀ယ္ယူမႈမ်ားရွိေနၿပီး ေျမေစ်း ျမင့္တက္ေနေၾကာင္း  ၿမိဳ႕ခံျပည္သူမ်ားထံမွ သိရသည္။

ယခုရက္ပုိင္းအတြင္း လူသိမ်ားလာေသာ ေဂၚရန္ဂ်ီကြၽန္းသုိ႔ လာေရာက္လည္ပတ္သည့္ ခရီးသြားမ်ား မ်ားလာေသာေၾကာင့္ ယခုကဲ့သုိ႔ ျမင့္တက္လာရျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။

“ကြၽန္ေတာ္ ဒီင႐ုတ္ေကာင္းၿမိဳ႕က ဒရယ္ကြၽန္းမွာ ဟုိတယ္ေဆာက္ဖုိ႔ တစ္လပုိင္းေလာက္က ခုနစ္ဧကေက်ာ္ ၀ယ္ထားတယ္။ ဒီင႐ုတ္ေကာင္းၿမိဳ႕က Express ေတြ ဆုိက္တယ္ေလ။ ေနာက္ ေဂၚရန္ဂ်ီကုိသြားရင္ ဒီကတစ္ဆင့္သြားရေတာ့ ဒီမွာ ဟုိတယ္ေဆာက္ဖုိ႔ ၀ယ္လုိက္တာပါ။ ျပင္ဆင္မႈေတြကေတာ့ အမ်ားႀကီး ျပင္ဆင္ရဦးမယ္”ဟု မဟာထရိတ္ ကုမၸဏီဒါ႐ုိက္တာ ကုိသာလြန္ေဒြးက ေျပာၾကားသည္။

င႐ုတ္ေကာင္းၿမိဳ႕တြင္ ေပ ၄၀-၆၀ ေျမ တစ္ကြက္လွ်င္ သိန္း ၁၈၀ ႏွင့္ ၂၀၀ ရွိၿပီး တစ္ဧကကုိ ပုံစံ ၁၀၅ ထြက္အၿပီး သိန္း ၁၀၀၀ ေပါက္ေစ်းရွိေၾကာင္း သိရသည္။ ယင္းအျပင္  ေဂၚရန္ဂ်ီကြၽန္းသုိ႔ သြားရာလမ္းရွိ ကြၽန္းမ်ားတြင္ ကြၽန္းလုံးျပည့္ ၀ယ္ယူမႈမ်ားလည္း ရွိေၾကာင္း သိရသည္။

“ကြၽန္ေတာ္တုိ႔ ဒီမွာကေတာ့ အက်ဳိးေဆာင္ေတြ ဘာေတြမရွိဘူး။ ၀ယ္ခ်င္သူေတြက ပုိင္ရွင္ ရြာသားေတြကုိ လုိက္ရွာၿပီး ၀ယ္တာပဲ။ ဒီကေျမေတြက ရြာသားေတြ ပုိင္တာေလ။ ဒီလုိ ဟုိတယ္ေတြ ဘာေတြ လာေဆာက္မယ္ဆုိေတာ့ ကြၽန္ေတာ္တုိ႔ ေနရာေလး ဘာပဲေျပာေျပာ စည္ကားသြားတာေပါ့ဗ်ာ”ဟု င႐ုတ္ေကာင္းၿမိဳ႕ခံ ကုိလႊမ္းမ်ဳိးေအာင္က ဆုိသည္။

ေဂၚရန္ဂ်ီကြၽန္းသုိ႔ သြားေရာက္ လည္ပတ္လုိသူမ်ားအေနျဖင့္ ေဂၚရန္ဂ်ီကြၽန္းတြင္  တည္းခုိရန္ တည္းခုိခန္းတစ္ခုသာရွိၿပီး င႐ုတ္ေကာင္းၿမိဳ႕ေပၚတြင္မူ တည္းခုိစရာ တည္းခုိခန္းႏွစ္ခုသာ ရွိေသာေၾကာင့္ လာေရာက္ လည္ပတ္သည့္ ခရီးသြားမ်ား ေနထုိင္ရန္ အခက္အခဲမ်ား ၾကဳံေတြ႕ရေၾကာင္းလည္း သိရသည္။

“ကြၽန္ေတာ္တုိ႔ ဒီမွာဟုိတယ္ေတြ ဘာေတြေဆာက္ရင္ ဒီေဒသ ဖြံံ႕ၿဖိဳးတုိးတက္လာႏုိင္တယ္။ ေနာက္ ဒီကုိလာလည္တဲ့ ဧည့္သည္ေတြအေနနဲ႔လည္း အဆင္ေျပစြာ တည္းခုိႏုိင္တာေပါ့”ဟု ကုိသာလြန္ေဒြးက ဆက္လက္ေျပာၾကားသည္။

Writer:
ႏွင္းေ၀၊ မုိ႔မုိ႔
EMG
...............
ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့နှင့် ဂေါ်ရန်ဂျီကျွန်း တစ်ဝိုက်တွင် ဟိုတယ်များ တည်ဆောက်ရန် မြေနေရာ ၀ယ်ယူမှုများရှိနေ


ဂေါ်ရန်ဂျီကျွန်းသို့ လာရောက် လည်ပတ်ကြသူများ (ဓာတ်ပုံ-နှင်းဝေ)
ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့နှင့်  ဂေါ်ရန်ဂျီကျွန်းတစ်ဝိုက်တွင် ဟိုတယ်များ တည်ဆောက်လိုခြင်းကြောင့် မြေနေရာများ ၀ယ်ယူမှုများရှိနေပြီး မြေစျေး မြင့်တက်နေကြောင်း  မြို့ခံပြည်သူများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း လူသိများလာသော ဂေါ်ရန်ဂျီကျွန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားများ များလာသောကြောင့် ယခုကဲ့သို့ မြင့်တက်လာရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော် ဒီငရုတ်ကောင်းမြို့က ဒရယ်ကျွန်းမှာ ဟိုတယ်ဆောက်ဖို့ တစ်လပိုင်းလောက်က ခုနစ်ဧကကျော် ၀ယ်ထားတယ်။ ဒီငရုတ်ကောင်းမြို့က Express တွေ ဆိုက်တယ်လေ။ နောက် ဂေါ်ရန်ဂျီကိုသွားရင် ဒီကတစ်ဆင့်သွားရတော့ ဒီမှာ ဟိုတယ်ဆောက်ဖို့ ၀ယ်လိုက်တာပါ။ ပြင်ဆင်မှုတွေကတော့ အများကြီး ပြင်ဆင်ရဦးမယ်”ဟု မဟာထရိတ် ကုမ္ပဏီဒါရိုက်တာ ကိုသာလွန်ဒွေးက ပြောကြားသည်။

ငရုတ်ကောင်းမြို့တွင် ပေ ၄၀-၆၀ မြေ တစ်ကွက်လျှင် သိန်း ၁၈၀ နှင့် ၂၀၀ ရှိပြီး တစ်ဧကကို ပုံစံ ၁၀၅ ထွက်အပြီး သိန်း ၁၀၀၀ ပေါက်စျေးရှိကြောင်း သိရသည်။ ယင်းအပြင်  ဂေါ်ရန်ဂျီကျွန်းသို့ သွားရာလမ်းရှိ ကျွန်းများတွင် ကျွန်းလုံးပြည့် ၀ယ်ယူမှုများလည်း ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီမှာကတော့ အကျိုးဆောင်တွေ ဘာတွေမရှိဘူး။ ၀ယ်ချင်သူတွေက ပိုင်ရှင် ရွာသားတွေကို လိုက်ရှာပြီး ၀ယ်တာပဲ။ ဒီကမြေတွေက ရွာသားတွေ ပိုင်တာလေ။ ဒီလို ဟိုတယ်တွေ ဘာတွေ လာဆောက်မယ်ဆိုတော့ ကျွန်တော်တို့ နေရာလေး ဘာပဲပြောပြော စည်ကားသွားတာပေါ့ဗျာ”ဟု ငရုတ်ကောင်းမြို့ခံ ကိုလွှမ်းမျိုးအောင်က ဆိုသည်။

ဂေါ်ရန်ဂျီကျွန်းသို့ သွားရောက် လည်ပတ်လိုသူများအနေဖြင့် ဂေါ်ရန်ဂျီကျွန်းတွင်  တည်းခိုရန် တည်းခိုခန်းတစ်ခုသာရှိပြီး ငရုတ်ကောင်းမြို့ပေါ်တွင်မူ တည်းခိုစရာ တည်းခိုခန်းနှစ်ခုသာ ရှိသောကြောင့် လာရောက် လည်ပတ်သည့် ခရီးသွားများ နေထိုင်ရန် အခက်အခဲများ ကြုံတွေ့ရကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ ဒီမှာဟိုတယ်တွေ ဘာတွေဆောက်ရင် ဒီဒေသ ဖွံံ့ဖြိုးတိုးတက်လာနိုင်တယ်။ နောက် ဒီကိုလာလည်တဲ့ ဧည့်သည်တွေအနေနဲ့လည်း အဆင်ပြေစွာ တည်းခိုနိုင်တာပေါ့”ဟု ကိုသာလွန်ဒွေးက ဆက်လက်ပြောကြားသည်။

Writer:
နှင်းဝေ၊ မို့မို့
EMG

No comments:

Post a Comment