ဧရာဝတီဘဏ်လီမိတက် ဥက္ကဌ ဦးဇော်ဇော်မှ ၂၀၁၆ခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင် ဧရာဝတီဘဏ်ရုံးချုပ်၌ ဧရာဝတီဘဏ်ရုံးချုပ်ဝန်ထမ်းများနှင့် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကာ နှစ်သစ်အကြိုဆုမွန်စကားပြောကြားခဲ့ပါသည်။
ဧရာဝတီဘဏ်မိသားစုများအနေဖြင့် နှစ်သစ်အခါသမယတွင် ရွှင်လန်းပါစေကြောင်းနှင့် သင်္ကြန်ကာလအတွင်း မိမိတို့ဧ။် မိတ်ဆွေအပေါင်းအသင်းနှင့် မိသားစုဝင်များနှင့် ပျော်ရွှင်ပါစေကြောင်း၊ အနာဂတ်တွင်လည်း အောင်မြင်မှုများပိုမိုရရှိနိုင်ရန်အတွက် အတူတကွ တက်ညီလက်ညီဖြင့် ယခုထက်ပိုမိုကြိုးစားလုပ်ဆောင်သွားရန်လိုအပ်ပါကြာင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဧရာဝတီဘဏ်ခွဲများမှ ၀န်ထမ်းအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းပြောကြားကာ ငွေဖလားတွင် သပြေခက်ဖြင့် ၀န်ထမ်းများအား တစ်ဦးချင်းစီ နှစ်သစ်အကြို အတာရေဖျန်းပက်ခဲ့ပါသည်။
ဆက်လက်၍ ဧရာဝတီဘဏ်ဝန်ထမ်းများအား ခါသင်္ကြန်ရာသီစာဖြစ်သော ရွှေရင်အေးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
AYA BANK
Friday, April 8, 2016
ဧရာဝတီဘဏ်လီမိတက် ဥက္ကဌ ဦးဇော်ဇော်ဧရာဝတီဘဏ်ရုံးချုပ်ဝန်ထမ်းများနှင့် တွေ့ဆုံ
ဧရာဝတီဘဏ်လီမိတက် ဥက္ကဌ ဦးဇော်ဇော်ဧရာဝတီဘဏ်ရုံးချုပ်ဝန်ထမ်းများနှင့် တွေ့ဆုံ
Reviewed by timeayeyar
on
8:06 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment