ဧပြီလ၉ရက်နေ့ ညနေ၄နာရီ၄၅မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီးကြံခင်းမြိုနယ်အတွင်း လေပြင်းတိုက်မှုဖြစ်ပွားခဲ့ရာ မြို့ပေါ်ရပ်ကွက် နှစ်ခုနှင့် ကျေးရွာ ကိုးရွာတို့မှ နေအိမ် ၇၄လုံး ပြိုသွားခဲ့ပြီး အိမ်ပေါင်း ၅၁၀မှအမိုးများ လန်သွားခဲ့ကြောင်း ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။
"ပြိုသွားတဲ့အိမ်က လူတွေကသူတို့ မိသားစုဆွေမျိုးတွေအိမ်မှာ ခဏနေနေကြတယ်၊ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေပေမဲ့ အိမ်တွေပြိုသွားတော့ အိမ်ဆောက်ဖို့ ပစ္စည်းတွေတော့ လိုအပ်နေသေးတယ်" ဟု ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှုး ဦးစိုးမင်းထိုက်က ပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့် လူ၂၀၀၈ဦး ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြီး
အစားအသောက်နှင့် သောက်ရေများလိုအပ် နေကြောင်း ဒေသခံများထံမှ သိရသည်။
"လေက ဝေ့ဝိုက်တိုက်လာတာမဟုတ်ဘူး လမ်းကြောင်းတစ်ကြောင်းတည်းကနေတိုက် လာတာ လမ်းကြောင်းပေါ်မှာရှိတဲ့အိမ်တွေ အကုန်ထိခိုက်ပျက်ဆီး ကုန်တယ်"ဟု ကြံခင်းမြို့မှ ဒေသခံတစ်ဦး ဖြစ်သူ ကိုဆန်းဝင်းက ပြောသည်။
လေပြင်းတိုက်ခိုက်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိသည်မှလွဲ၍ သေဆုံးမှု မရှိကြောင်း သိရသည်။
လေပြင်းတိုက်ခံရသော ဒေသများသို့ ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် တိုင်းကြက်ခြေနီမှ ကူညီကယ်ဆယ်ပံ့ပိုး ပစ္စည်းများ သွားရောက်ပို့ဆောင်ရန်စီစဉ်နေကြောင်း သိရသည်။
.
ဓာတ်ပုံ - Thaw Zin Win Facebook
7DAY
Tuesday, April 12, 2016
လေပြင်းကြောင့်ကြံ့ခင်းတွင် အိမ် ၇၀ကျော်ပြိုကာ အိမ်ခြေ ၅၀၀ ကျော်အမိုးလန်
လေပြင်းကြောင့်ကြံ့ခင်းတွင် အိမ် ၇၀ကျော်ပြိုကာ အိမ်ခြေ ၅၀၀ ကျော်အမိုးလန်
Reviewed by timeayeyar
on
5:53 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment