Latest News

Tuesday, April 12, 2016

စံချိန်အရက်စက်ရုံမှ စိမ်ရည်ဖတ်များ နဲ့ စွန့်ပစ်ပစ္စည်းများအနံ့ အသက်ဆိုးကြောင့် ပတ်ဝန်းကျင်ထိခိုက်


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် 
 
ငှက်သိုက်ကျေးရွာအုပ်စု ငှက်သိုက် - ဂုံညှင်းတန်းရွာရေကြည် - ငါးသိုင်းချောင်း လမ်းပိုင်း ပုသိမ်-မုံရွာလမ်းမကြီးဘေးရှိ စံချိန် အရက်ချက်စက်ရုံ မှ စိမ်ရေဖတ်များကျ၍အနောက်ဖက်မှ ကပ်လျှက်ရှိသော အများပြည်သူ အသုံးပြုနေသော ချောင်းအတွင်း တွင် ရေများကို ပုတ်စော်နံပြီးချောင်းနံဘေးဝယ်ယာရှိ ဥယာဉ်ခြံ မိရိုးဖလာ လုပ်ကိုင်စားသောက်နေသော ရွာသူ ရွာသားများမှာ လည်း ထိုရေဆိုးများကြာင့် လုပ်ကိုင်စားသောက်၍ မရနိုင်တော့ပဲ အနံဆိုးများကို ခံနေကြရပါသည်
ထိုစက်ရုံမှာ ရွာ ရဲ့ အတွင်းထဲကိုရောက်နေပြီး အများပြည်သူ နဲ့ ဝေးသော ဒေသများသို့ အနံဆိုး နဲ့မီးဘေး ကြိုတင်ကာကွယ်သော အနေဖြင့် ရွှေ့ပြောင်းပေးကြပါရန်နှင့် ဒေသခံ ရွာပတ်ဝန်ကျင်မှ ကျေးရွာသူ ကျေးရွာသားများကိုကိုယ်ချင်စာသောအနေဖြင့် တာဝန်ရှိသူများမှ သင့်လျှော်အောင်ဆောင်ရွက်ပေးစေလိုပါသည်
သဘာဝပတ်ဝန်ကျင်အတွက် ဆိုကျိုးများပြုနေပြီး တစ်ဦးတစ်ယောက်အတွက် အများသူငှာ ဘေးဥပါတ်ဖြစ်နေသည့် ချောင်းအတွင်း တလျှောက် စီးမျောနေသော စိမ်ရည်ဖတ်များ နဲ့ စွန့်ပစ်ပစ္စည်းများဟာ ရေနေသတ္တဝါများသေရုံတင်မက စိုက်ပျိုးရေးအတွက်အသုံပြုနေသော ရေနဲ့အနံ့အသက်ဆိုးများဟာ ဘေးပတ်ဝန်းကျင်ကို အလွန်ထိခိုက်နေပါပြီ
တာဝန်ရှိသူများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန်အတွက်အကြောင်းကြားအပ်ပါသည်
Photo. . Kyaw Zayar Lwin
မင်းဇော် ဆွေfacebook မှ
အနံ့ဆိုးခံစားနေရသောကျေးရွာသူ ကျေးရွာသားများ

No comments:

Post a Comment