Latest News

Wednesday, July 1, 2020

ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးအတွက် တစ်ခုခုလုပ်နေမှရမည်ဟု အောင်ခိုင် ပြောကြား

ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးအတွက်
တစ်ခုခုလုပ်နေမှရမည်ဟု အောင်ခိုင် ပြောကြား


ကိုဗစ်ကာလအတွင်း အနုပညာအသိုင်းအဝိုင်းရှိ အောက်ခြေ ဇာတ်ပို့/ဇာတ်ရံ များအပြင် စက်အဖွဲ့သားများပါ စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရပြီး ယခုအချိန်တွင် အနုပညာအလုပ်များ ရပ်နားထားရသောကြောင့် အစားအသောက် များ ရောင်းချသည့်အလုပ်ကို လုပ်ကိုင်နေရသည့် အခြေအနေ ဖြစ်နေသည်။ ထိုသို့ အခက်အခဲကြုံတွေ့နေရသည့် အခြေအနေများနှင့်ပတ်သက်၍ ဇာတ်ပို့  ဇာတ်ရံတစ်ဦးဖြစ်သူ သရုပ်ဆောင် အောင်ခိုင်က ယခုလိုပြောဆိုလာသည်။
"ခိုတောင်မုန့်တီကို အရင်ကတည်းက တစ်ရက်ခြားတစ်ခါလောက် အိမ်မှာ လုပ်စားဖြစ်နေကျပါ။ ကိုဗစ်ရောဂါ စဖြစ်လာတဲ့အချိန်ကျတော့ ဦးအောင်ခိုင်ရော ဇနီးဖြစ်တဲ့ ဝါဝါအောင်ရော ရိုက်ကူးရေးတွေလည်း လုံးဝရပ်လိုက်ရတာပေါ့။ အလုပ်မရှိတာကြာလာတော့ လူကလည်း စိတ်တွေတစ်မျိုးဖြစ်လာတယ်။ ပြီး တော့ စားဝတ်နေရေးအတွက်လည်း ကာမိအောင် တစ်ခုခုလုပ်မှရမယ်လို့ စဉ်းစားမိတာပေါ့။ အဲဒါကြောင့် မိသားစုတိုင်ပင်ပြီး ခိုတောင်မုန့်တီနဲ့ ပင်လယ် စာလေးတွေ ရောင်းဖြစ်သွားတာပါ။ ရန်ကုန်နဲ့ ခိုတောင်မုန့်တီက နည်းနည်း လေးတော့ အလှမ်းဝေးတယ်။ သူများမလုပ်တာတွေကိုတော့ စဉ်းစားရတာပေါ့။ ခိုတောင်ရွာကထွက်တဲ့ ပဲမှုန့်၊ ငရုတ်သီးကြော်  စတဲ့ အဆာပလာတွေပဲ သုံးပေး ထားတယ်။ ခိုတောင်မုန့်တီကို မှာစားပြီးတဲ့သူတိုင်းကတော့ ကောင်းလို့ဆိုပြီး ထပ်မှာကြတာများပါတယ်။ ပို့ဆောင်မှုကတော့ ဦးအောင်ခိုင်ပဲ လိုက်ပို့တာများ  ပါတယ်။ ခိုတောင်မုန့်တီကို တစ်ရက်ခြားပဲ လုပ်နိုင်တယ်။ ခိုတောင်မုန့်တီက ပါဝင်ပစ္စည်းတွေကလည်း များတယ်လေ။ အော်ဒါပို့ရမယ့်ရက်တွေဆိုရင် မနက် နှစ်နှာရီ လောက်ကတည်းက ထပြီး ပြင်ဆင်ရတယ်။ ဦးအောင်ခိုင်တို့ လင်မယား နှစ်ယောက်ကတော့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်နေရတာပါပဲ။ အဓိကကတော့ အန်တီဝါ့ကို ချစ်တဲ့ပရိသတ်တွေက စမ်းပြီး မှာစားရင်းကနေ ကြိုက်သွားကြတာ ပေါ့။ အဲဒီအတွက်လည်း   အားလုံးကိုကျေးဇူးတင်ပါတယ်"ဟု   ဦးအောင်ခိုင်က ပြောသည်။
အနုပညာရှင်များအနေဖြင့် အစားအသောက်များ ရောင်းချလာခြင်းကို ပရိ  သတ်အချို့၏ ဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်၍လည်း ဦးအောင်ခိုင်က "တချို့  တွေကလည်း ဒီအလုပ်တွေကို ဦးအောင်ခိုင်တို့ ဘာလို့လုပ်နေကြတာလဲပေါ့။   အခုဆို  တခြားအလုပ်အကိုင်ရှိတဲ့သူတွေက  လုပ်ငန်းတွေ  ပြန်ဝင်နေကြပြီ။  ဒါပေမယ့် ဦးအောင်ခိုင်တို့တတ်ကျွမ်းတဲ့ အနုပညာအလုပ်တွေက ပြန်လုပ်ခွင့် မရသေးဘူး။ ဘယ်အချိန်မှရမယ်လို့လည်း အတိအကျ မသိသေးဘူး။ အနုပညာ သမားဆိုတာကလည်း လူထဲက လူတွေပါပဲ။ မိသားစုစားဝတ်နေရေးအတွက် တစ်ခုခုကတော့ လုပ်နေမှရမှာပဲလေ။ မကောင်းမြင်နေတဲ့သူတွေကိုလည်း ဘာမှမပြောချင်ပါဘူး"ဟု ဦးအောင်ခိုင်က ဆက်ပြောသည်။                 ကိုလင်း

No comments:

Post a Comment