သရုပ်ဆောင် ထွန်းထွန်းဝင်းက အကယ်ဒမီပေးပွဲကို နှစ်နှစ်ပေါင်းပြီးပေးစေလိုကြောင်း ပြောကြား
ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သော မင်းသားကြီး ထွန်းထွန်းဝင်းက ကိုဗစ်-၁၉ ကြောင့် မကျင်းပဖြစ်ခဲ့သော အကယ်ဒမီပေးပွဲကို နှစ်နှစ်ပေါင်းပြီး ပေးစေလို ကြောင်း ပြောကြားသည်။ မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အတွက် ပြုလုပ်သည့် ရိုက်ကူးရေးအစီအစဉ်တစ်ခုတွင် သရုပ်ဆောင် ထွန်းထွန်းဝင်းနှင့် တွေ့ဆုံစဉ် မြန်မာ့ရုပ်ရှင်လောကအကြောင်း၊ အကယ်ဒမီပေးပွဲတို့နှင့်ပတ်သက်၍ မေးမြန်း ဖြစ်ခဲ့သည်။
မေး။ ။ဦးအနေနဲ့ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်မှာ ပါဝင်ဖြစ်ပုံကို ပြောပြပါဦး။
ဖြေ။ ။မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် ရုပ်သံဇာတ်လမ်းအတွက် ရုပ်ရှင်သမိုင်း ပြတိုက်မှာ ရိုက်ကူးရေးလေးတစ်ခု လုပ်ခဲ့ပါတယ်။ သရုပ်ဆောင်တွေ
ကတော့ လူကြီးတွေရော လူငယ်တွေရော အများကြီးပါပဲ။ ခေတ်သုံးခေတ်ပုံစံနဲ့ ရိုက်ကူးတင်ဆက်မှာပါ။
မေး။ ။မြန်မာ့ရုပ်ရှင်လောကအပေါ် ဦးထွန်းထွန်းဝင်း အမြင်လေးလည်း ပြောပြပေးပါ။
ဖြေ။ ။ရုပ်ရှင်လောကကြီးကတော့ တော်တော်ကြီး ပြောင်းလဲသွားပါပြီ။ မျိုး ဆက်သစ်တွေလည်း ပြောင်းသွားပြီဆိုတော့ ဖန်တီးမှုတွေရော၊ စိတ်ကူး
တွေရော ပြောင်းသွားပြီ။ အရင်ခေတ်က ရွှေဘတို့၊ တင်ညွန့်တို့၊ ဦးကျော်ဆွေတို့ ရိုက်ခဲ့တဲ့ ဇာတ်ကားတွေဆိုရင် အလွန်ကောင်းခဲ့တာပေါ့။ အဲဒီတုန်းက ရုပ်ရှင် တစ်ခေတ်ကောင်းခဲ့ပါတယ်။ ရုပ်ရှင်တစ်ကားကို ကြည့်ပြီးရင် ကြိုက်လွန်းလို့ နောက်တစ်ခေါက် ပြန်ကြည့်ယူရတယ်ပေါ့။ အဲဒီကနေ ကြားထဲမှာ ရုပ်ရှင်က နည်းနည်းမှိန်သွားတယ်။ လက်ရှိမှာတော့ ပြန်ပြီးအောင်မြင်လာတယ်လို့ ပြောရ မှာပါ။ အခု မျိုးဆက်သစ် အနုပညာရှင်တွေက အိုင်ဒီယာလည်း ကောင်းကြတယ် လို့ မြင်မိတယ်။ ရုပ်ရှင်တစ်ခေတ်ပြန်ကောင်းပြီလို့ ပြောလို့ရပါတယ်။
မေး။ ။အကယ်ဒမီပေးပွဲကြီးကို ဘယ်တော့လောက် ကျင်းပနိုင်မယ်ထင်လဲဗျ။
ဖြေ။ ။ကိုဗစ်ကြောင့် အကယ်ဒမီပေးပွဲကြီးကလည်း ဘယ်အချိန်မှာ ကျင်းပ ခွင့်ရမလဲဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။ တစ်ကမ္ဘာလုံးဖြစ်နေတဲ့
ကပ်ရောဂါဆိုတော့လည်း ဘာမှမတတ်နိုင်ဘူးပေါ့။ စိတ်ထဲမှာတော့ ရှေ့နှစ်ကျမှ ပေါင်းပြီးပေးလိမ့်မယ်လို့ ထင်ပါတယ်။ အရင်ကလည်း အကြောင်းအမျိုးမျိုး ကြောင့် နှစ်နှစ်ပေါင်းပြီး ပေးခဲ့ရတာတွေ ရှိဖူးပါတယ်။
မေး။ ။နောက်ပိုင်းမှာ ဦးအနေနဲ့ ရိုက်ကူးမှုတွေ နည်းသွားတာ ဘာကြောင့် လဲဗျ။
ဖြေ။ ။လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဒေါသထွက်တဲ့အခန်းတွေ သရုပ် ဆောင်ရရင် ရင်ဘတ်က အောင့်လာတယ်။ စစ်ဆေးကြည့်တော့ နှလုံး
ရောဂါအခံရှိနေပြီလို့ သိရတယ်။ ဆရာဝန်ကလည်း နားခိုင်းထားလို့ နောက်ပိုင်း မှာ ရိုက်ကူးမှုတွေ နည်းလာတာပါ။
မေး။ ။ပရိသတ်တွေကို ပြောချင်တာလေးတွေရှိလား။
ဖြေ။ ။ ပရိသတ်တွေမျှော်နေတဲ့ အကယ်ဒမီပေးပွဲကြီး မကျင်းပနိုင်သေးပေမယ့် ပေးမယ့်ဆုတွေကတော့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ကျွန်တော့်
ကို အားပေးတဲ့ ပရိသတ်တွေရော၊ မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်များ အားလုံးရော ကျန်းမာချမ်းသာကြပါစေ။ ကိုလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment