Latest News

Wednesday, July 1, 2020

အကျပ်အတည်းဖြစ်နေသော ရုပ်ရှင်လောကသားများအတွက် မိုးဟေကိုက မွေးနေ့အထိမ်းအမှတ်အဖြစ် ကျပ် ၁၀ သိန်းလှူဒါန်း

အကျပ်အတည်းဖြစ်နေသော ရုပ်ရှင်လောကသားများအတွက် မိုးဟေကိုက မွေးနေ့အထိမ်းအမှတ်အဖြစ် ကျပ် ၁၀ သိန်းလှူဒါန်း


ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အကျပ်အတည်း ဖြစ်နေသော ရုပ်ရှင်လောကသားများအား ကူညီလှူဒါန်း နိုင်ရန်အတွက် သရုပ်ဆောင်မိုးဟေကိုက အလှူငွေ ကျပ် ၁၀  သိန်းကို     မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့    ဇွန် ၂၄ ရက်က လာရောက်လှူဒါန်းခဲ့သည်။
"ကိုဗစ်ကာလအတွင်းမှာ ရိုက်ကူးရေးတွေ နားထား ရတဲ့အတွက် အခက်အခဲဖြစ်နေတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုလောက သားတွေကို ကူညီပေးဖို့ သရုပ်ဆောင် မိုးဟေကိုက ငွေကျပ် ၁၀ သိန်း လာရောက်လှူဒါန်းတာပါ။ အခုလို လှူဒါန်းပေးတဲ့ အတွက် ရုပ်ရှင်လောကသားတွေကိုယ်စား အထူးကျေးဇူး တင်ပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ အလှူရှင် တွေ ပူးပေါင်းပြီးတော့လည်း ရုပ်ရှင်လောကသားတွေကို စားသောက်ကုန်တွေနဲ့ အလှူငွေကို ဇွန် ၂၂ ရက်ကနေစပြီး တတိယအကြိမ်အဖြစ် ကူညီထောက်ပံ့ပေးနေပါတယ်"ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူ လေးက ပြောသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် CB-KMA ဖောင် ဒေးရှင်းနှင့်  အခြားအလှူရှင်များနှင့်  ပူးပေါင်း၍လည်း ကိုဗစ်ကာလအတွင်း အကျပ်အတည်းဖြစ်နေသော ရုပ်ရှင် လောကသားများအတွက် ဆန်၊ ဆီ အပါအဝင် စားသောက် ကုန်များနှင့် အလှူငွေများကို ဧပြီလမှ စတင်ကာ ကူညီ‌ ထောက်ပံ့ပေးလျက်ရှိသည်။                              ကိုလင်း

No comments:

Post a Comment