Latest News

Wednesday, July 1, 2020

ဟိုင်းကြီးကျွန်းမြို့၏ ဒေသဆိုင်ရာအချက်အလက်များ

ဟိုင်းကြီးကျွန်းမြို့၏ ဒေသဆိုင်ရာအချက်အလက်များ

နိဒါန်း
*****
၁။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း တည်ရှိသော ဟိုင်းကြီးကျွန်းမြို့နှင့်ပတ် သက်၍ ဒေသဆိုင်ရာအချက်အလက်များကို မှတ်တမ်းပြုစုထားနိုင်ရန်နှင့် အနယ်နယ် အရပ်ရပ်က ပြည်သူများ အနေဖြင့် ဟိုင်းကြီးကျွန်းဒေသ အကြောင်းကို အလွယ်တကူရှာဖွေ့ လေ့လာသိရှိနိုင်ရန် အတွက်ပြုစုတင်ပြခြင်း ဖြစ်ပါသည်။

မြို့၏နောက်ခံသမိုင်းကြောင်း
***************************
၁။ ဟိုင်းကြီးကျွန်းဟုခေါ်ဆိုရခြင်းမှာ “ဟိုင်း” ဆိုသည်မှာမွန်ဘာသာဖြင့် “ကင်း” ဟုအဓိပ္ပာယ်ရပြီး ရှေးမွန်မင်းများက ကင်းစခန်းမြို့အဖြစ် တည်ထားခဲ့ခြင်းဖြစ်ပြီး မွန်တို့၏အခေါ်ကိုလိုက်၍ ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါ သည်။ ဟိုင်းကြီးကျွန်းပေါ်တွင် ယခင်က ဇီးဖြူချောင်း၊ အဏ္ဏဝါကျေးရွာများသာ ရှိပြီး လူနေမှုတိုးတက် လာသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ၁၉၉၉ ခုနှစ်၊ ဇွန်လ(၁၁)ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာ ဖြင့်လည်း ကောင်း၊ ၂၀၀၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ အမိန့် ကြော်ငြာစာအမှတ် ၁၀၀/၂၄-၄၉/ ဦး ၁ ဖြင့် လည်းကောင်း၊ နာဂစ်မုန်တိုင်းအပြီး ၂၀၀၈ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၀၀/၂၁-၆၉/ ဦး ၁ ဖြင့် လပွတ္တာမြို့နယ်အတွင်းသို့ လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ  ၉ ရက်စွဲပါ အမိန့်ကြောငြာစာ အမှတ်၊ ၂၀၁/၂၃-၃၁၄ / ဦး ၁ ဖြင့် ဟိုင်းကြီးကျွန်း မြို့အဖြစ် လည်းကောင်း ဖွဲ့စည်းခဲ့ပါသည်။ လက်ရှိတွင် မြို့ပေါ်ရပ်ကွက်(၃)ခုဖြင့် ဟိုင်းကြီးကျွန်းမြို့ကို ဖွဲ့စည်းထားပါသည်။

တည်နေရာနှင့်အကျယ်အဝန်း
***************************
၂။ ဟိုင်းကြီးကျွန်းမြို့သည် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ၊ ၅၉ မိနစ်၊ ၅၁ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၈မိနစ်၊ ၄၂ စက္ကန့်အတွင်း တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ (၅.၁၀) မိုင်နှင့်တောင်မှမြောက်သို့   (၂.၉၇)မိုင် ရှည်လျားပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၅.၄၄ မိုင်ရှိပါသည်။

နယ်နိမိတ်
*********
၃။ ဟိုင်းကြီးကျွန်းမြို့သည် အရှေ့ဘက်တွင် ပုသိမ်မြစ်နှင့် ချောင်းဝကျေးရွာအုပ်စု၊ အနောက်ဘက်တွင် ဟိုင်းကြီးချောင်းနှင့် ကျောက်ချောင်းကျေးရွာအုပ်စု၊ တောင်ဘက်တွင် ကပ္ပလီပင်လယ်ပြင်၊ မြောက်ဘက် တွင် ဟိုင်းကြီးချောင်းနှင့် မဲခရဲကျေးရွာအုပ်စုတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်
******************
၄။ ဟိုင်းကြီးကျွန်းမြို့သည် ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်တို့နှင့် ထိစပ်လျက်တည်ရှိပြီး အရှေ့မှ အနောက်သို့ သွယ်တန်း လျက်ရှိသည်။ ကျွန်းပေါ်၌ ဟိုင်းကြီးတောင်နှင့် မြေပြန့်လွင်ပြင်များ၊ ပင်လယ်ကမ်းခြေ တို့ရှိပါသည်။

ရေဆင်း
********
၅။ ဟိုင်းကြီးကျွန်းမြို့တွင် ဟိုင်းကြီးချောင်းနှင့် ပုသိမ်မြစ်မှစီးဝင်သည့် ချောင်းငယ်များရှိပြီး အရှေ့မှ အနောက်သို့ စီးဆင်းသည်။ ကပ္ပလီပင်လယ် နှင့်ဆက်စပ်တည်ရှိသဖြင့် ဒီရေအတက်အကျရှိပြီး ပင်လယ်ငါးဖမ်း လုပ်ငန်းအတွက် လွန်စွာအသုံးဝင်ပါသည်။ ရေငံဒေသ ဖြစ်၍ မြစ်ချောင်းများမှ စိုက်ပျိုးရေနှင့် သောက်သုံးရေကို အသုံးပြုနိုင်ခြင်းမရှိပါ။ ငဝန်မြစ်သည် သင်္ဘော၊ စက်လှေ များသွားလာ နိုင်သောမြစ်ဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်
*****************************
၆။ ဟိုင်းကြီးကျွန်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ အမြင့် (၁၄)ပေအထက်တွင် တည်ရှိကာ ဟိုင်းကြီးတောင်မှာ ပင်လယ်ရေ မျက်နှာပြင် အထက် (၃၆၁)ပေ မြင့်ပါသည်။

ရာသီဉတု
*********
၇။ ဟိုင်းကြီးကျွန်းမြို့သည် ပူအိုက်စိုစွတ်သောရာသီဉတုရှိပြီး အမြင့်ဆုံးအပူချိန် ၃၁.၄၁ ဒီဂရီ စင်တီဂရိက်ရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၈.၅၇ ဒီဂရီ စင်တီဂရိက်ရှိပြီး မိုးရေချိန် အမြင့်ဆုံး ၇၃.၇၈လက္မနှင့် အနိမ့်ဆုံး ၄၅.၄၆ လက္မကြားရရှိပါသည်။

သဘာဝပေါက်ပင်
****************
၈။ ဟိုင်းကြီးကျွန်းမြို့တွင် ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ အုန်း၊ ပိန္နဲ၊ ဓနိ၊ ကဗလာ၊ သရက်၊ လမု၊ သရောအပင်များနှင့် ဒီရေတောများ ပေါက်ရောက်ပါသည်။

နေထိုင်သည့်လူမျိုးစုများ
***********************
၉။ ဟိုင်းကြီးကျွန်းမြို့ပေါ်တွင် မှီတင်းနေထိုင်ကြသော လူမျိူးစုများမှာ အောက်ပါအတိုင်းဖြစ်ပြသည်-
 (က) ကရင်        -၂၄၃ဦး
 (ခ) ဗမာ            -  ၈၇၃၂ဦး
 (ဂ) ရခိုင်           -  ၃၄၇၇ဦး
 (ဃ) ပါကစ္စတန် -         ၇ဦး
 စုစုပေါင်း - ၁၂၄၅၉ဦး

အိမ်ခြေ၊ အိမ်ထောင်စု၊ လူဉီးရေ
******************************
၁၀။ ဟိုင်းကြီးကျွန်းမြို့၊ မြို့ပေါ်ရပ်ကွက်(၃)ခုတွင် နေထိုင်ကြသော အိမ်ထောင်စု၊ အိမ်ခြေ၊ လူဦးရေစာရင်း မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
 (က) အိမ်ခြေ      -   ၂၇၇၇
 (ခ) အိမ်ထောင်စု -   ၃၂၂၈
 (ဂ) လူဦးရေ
      (၁) အသက်(၁၈)နှစ်အထက် - (ကျား) ၄၁၈၀ဦး၊ (မ) ၄၂၂၂ဦး
      (၂) အသက်(၁၈)နှစ်အောက် - (ကျား) ၂၀၅၆ဦး၊ (မ) ၂၀၀၁ဦး
      (၃) လူဦးရေကျား/မပေါင်း - (ကျား) ၆၂၃၆ဦး၊ (မ) ၆၂၂၃ဦး
           စုစုပေါင်းလူဦးရေ - ၁၂၄၅၉ဦး

နိုင်ငံရေးပါတီများ
****************
၁၁။ ဟိုင်းကြီးကျွန်းမြို့ရှိ နိုင်ငံရေးပါတီများစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
 (က)  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
 (ခ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
 (ဂ) တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ
 (ဃ) ရခိုင်အမျိုးသားပါတီ
 (င) တောင်သူလယ်သမားပါတီ
 (စ) ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

လွှတ်တော်ကိုယ်စားလှယ်များ
***************************
၁၂။ ဟိုင်းကြီးကျွန်းမြို့သည် ငပုတောမြို့နယ်အတွင်း ပါဝင်ပြီး ငပုတော်မြို့နယ် ကိုယ်စားပြု၍ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
 (က) ဦးစိုးမိုး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (NLD)
 (ခ)   ဦးသန်းအောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (NLD)
 (ဂ)   ဦးဖြိုးဇော်ရွှေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (NLD)
 (ဃ) ဒေါက်တာစိုးသိမ်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
        (ပြည်ခိုင်ဖြိုး) 

စီးပွားရေးလုပ်ငန်းများ
********************
၁၃။ ဟိုင်းကြီးကျွန်းမြို့၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ပင်လယ်ငါးဖမ်းလုပ်ငန်းဖြစ်ပြီး ကမ်းဝေးငါးဖမ်း လုပ်ငန်းနှင့် ကမ်းနီးငါးဖမ်းလုပ်ငန်းများလုပ်ကိုင်ကြသည်။ တပိုင်တနိုင်လုပ်ငန်းများဖြစ်သည့် လယ်လုပ်ငန်း၊ ဉယဉ်ခြံမြေလုပ်ငန်း၊ ပုဇွန်ကန်လုပ်ငန်း၊ ငါး၊ ပုဇွန်အဝယ်ဒိုင်လုပ်ငန်း၊ ဝပ်ရှော့၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ လက္ဖက်ရည်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်၊ ဓာတ်ဆီ၊ ဒီဇယ်၊ KTVလုပ်ငန်း၊ အုတ်သဲ ကျောက်လုပ်ငန်း၊ ဝါးဓနီလုပ်ငန်း၊ သစ်လုပ်ငန်း၊ ရွှေဆိုင်၊ ဒေါက်ကျင်းလုပ်ငန်း၊ အပ်ချုပ်ဆိုင်၊ ကုန်စုံဆိုင်၊ ကုန်မာဆိုင်၊ ကုန်ခြောက် ဆိုင် လုပ်ငန်းများ ကိုလည်းလုပ်ကိုင်ကြသည်။

မွေးမြူရေးလုပ်ငန်းများ
*********************
၁၄။ ဟိုင်းကြီးကျွန်းမြို့တွင် ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်၊ ဘဲ တို့မွေးမြူကြပါသည်။

လမ်းပန်းဆက်သွယ်ရေး
*********************
၁၅။ ဟိုင်းကြီးကျွန်းမြို့သည် မြန်နိုင်ငံရှိမြို့ကြီးများနှင့် နှိုင်ငံအနှံ့သွားလာနိုင်ရန်အတွက် ဟိုင်းကြီး- ပုသိမ်-မော်တင်ကားလမ်းကို အသုံးပြုနိုင်သကဲ့သို့ ဟိုင်းကြီးကျွန်းမှ ပုသိမ်မြို့သို့ ရေလမ်းခရီးဖြင့် လည်းသွားလာနိုင် ပါသည်။ ပုသိမ်-မော်တင် ကားလမ်းကို အသုံးပြု၍ ဟိုင်းကြီး-ပုသိမ်-ရန်ကုန် တိုက်ရိုက်ပြေးဆွဲနေ သောကား များနှင့် ပုသိမ်-ဟိုင်းကြီး တိုက်ရိုက် ပြေးဆွဲနေသောကားများမှာ နေ့စဉ်ပြေးဆွဲလျက်ရှိပါသည်။ ထို့အပြင် ခရီးသည်တင် ကမ်းရိုးတန်းအမြန်ရေယာဉ်များ၊ ကုန်တင်ရေယာဉ်များမှာလည်း ဟိုင်းကြီးကျွန်းမြို့မှ ပုသိမ်မြို့ သို့ရေလမ်းခရီမှ နေ့စဉ်ပြေးဆွဲလျက်ရှိပါသည်။
 ဆက်သွယ်ရေး အော်ပရေတာများအဖြစ် MPT,Telenor,Mytel,Oredoo နေရာအနှံ့ဖြန့်ကျက် ထားခြင်း ကြောင့် နေ့ညအချိန်ပြည့် ဆက်သွယ်မှုများ ဆောင်ရွက်နိုင်ပါသည်။ ထို့အပြင် အမှတ်(၂)ရပ်ကွက်၌ ဆက်သွယ် ရေးစာတိုက်ကြေးနန်း ရုံးတစ်ရုံးလည်းရှိပါသည်။

လျှပ်မီးရရှိမှု
***********
၁၆။ ဟိုင်းကြီးကျွန်းမြို၏ မြို့ပေါ်ရပ်ကွက်(၃)ခုလုံး ၂၄နာရီလျှပ်စစ်မီးရရှိနေပြီဖြစ်ပါသည်။

ပေ(၁၈၀)အထက်တံတားများ
***************************
၁၇။ ပေ(၈၇၀)ရှိ အမှတ်(၃)ရပ်ကွက်နှင့် ခမောက်မှော်ကျေးရွာကို ဆက်သွယ်တည်ဆောက် ထားသော မြစ်ကူးဘေလီတံတား တစ်စင်းရှိပါသည်။ ၂၀၁၃ခုနှစ်အတွင်း တည်ဆောက်ခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့အတွက် အရေးပါသော တံတားတစ်စင်းဖြစ်ပါသည်။

ပညာရေး
*********
၁၈။ ဟိုင်းကြီးကျွန်းမြို့တွင် ပညာရေးကဏ္ဍအနေဖြင့် အမှတ်(၁)ရပ်ကွက်တွင် အထကကျောင်း(၁)ကျောင်း၊ အမှတ်(၂)ရပ်ကွက်တွင် မူလွန်ကျောင်း(၁)ကျောင်း၊ အမှတ်(၃)ရပ်ကွက်တွင် အမကကျောင်း(၁)ကျောင်းနှင့် အထကကျောင်း(၁)ကျောင်းရှိပါသည်။

ကျန်းမာရေး
************
၁၉။ ဟိုင်းကြီးကျွန်းမြို့တွင် ဟိုင်းကြီးတိုက်နယ်ဆေးရုံ(၁)ခုနှင့် အမှတ်(၅)၊(၂၅)ကုတင် တပ်မတော်ဆေးရုံ (၁)ခုနှင့် အမှတ်(၁) ရပ်ကွက်၌ ကျန်းမာရေးဆေးပေးခန်း(၁)ခုရှိပါသည်။

ကာကွယ်ရေးနှင့်ပင်လယ်ပြင်စိုးမိုးရေး
***********************************
၂၀။ ဟိုင်းကြီးကျွန်းမြို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် မြန်မာ့ပင်လယ်ပြင် စိုးမိုးရေးလုပ်ငန်းများဆောင် ရွက်နေသော ပမ္မဝတီရေတပ်စခန်းဌာနချုပ်ရှိပါသည်။

အုပ်ချုပ်ရေးရုံးများ
*****************
၂၁။ ဟိုင်းကြီးကျွန်မြို့တွင် မြိုအုပ်ချုပ်ရေးမှူးရုံး(၁)ရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး(၃)ရုံးရှိပါသည်။

ဌာနဆိုင်ရာရုံးများ
*****************
၂၂။ ဌာနဆိုင် ရာ ရုံးများမှာအောက်ပါအတိုင်းဖြစ်ပါသည်-
 (က) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
 (ခ) မြန်မာနိုင်ငံရဲတပ်ဖွဲ့
 (ဂ) သတင်းရဲတပ်ဖွဲ့
 (ဃ) မီးသတ်ဦးစီးဌာန
 (င) စည်ပင်သာယာရေးအဖွဲ့
 (စ) ပြန်/ဆက်ဦးစီးဌာန
 (ဆ) ရုပ်/သံ
 (ဇ) စိုက်ပျိုးရေးဦးစီးဌာန
 (ဈ) လယ်စီအင်းဦးစီးဌာန
 (ည) ငါးလုပ်ငန်းဦးစီးဌာန
 (ဋ) တိမွေးကုဦးစီးဌာန
 (ဌ) ဆည်မြောင်းဦးစီးဌာန
 (ဍ) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
 (ၒ) မြန်မာ့စာတိုက်လုပ်ငန်း
 (ဏ) သစ်တောဦးစီးဌာန
 (တ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
 (ထ) လဝကဦးစီးဌာန
 (ဒ) ပညာရေးဦးစီးဌာန
 (ဓ) ကျန်းမာရေးဦးစီးဌာန
 (န) ဆောက်လုပ်ရေးဦးစီးဌာန
 (ပ) လမ်းဦးစီးဌာန

လူမှုရေးအသင်းအဖွဲ့များ
***********************
၂၃။ ဟိုင်းကြီးကျွန်းမြို့ရှိ လူမှုရေးအသင်းအဖွဲ့များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
 (က) မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
 (ခ) အမျိုးသမီးရေးရာအဖွဲ့
 (ဂ) အရန်မီးသတ်တပ်ဖွဲ့
 (ဃ) ကြက်ခြေနီတပ်ဖွဲ့
 (င) စစ်မှုထမ်းဟောင်း
 (စ) ပြည်သူ့စစ်တပ်ဖွဲ့
 (ဆ) စာနာမှုမိတ်ဆွေများနာရေးကူညီမှုအသင်း
 (ဇ) သွေးရတနာ သွေးနှင့်အောက်စီဂျင်ကူညီရေးအသင်း
 (ဈ) အနိုင်းမဲ့ဆည်းဆာလူမှုကူညီရေးအသင်း

ရှေးဟောင်းသမိုင်းဝင်နေရာများ
*****************************
၂၄။ ဟိုင်းကြီးကျွန်းမြို့တွင်ရှိသော ရှေးဟောင်းသမိုင်းဝင်နေရာများမှာအောက်ပါအတိုင်းဖြစ်ပါသည်-
 (ခ) ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကျိုက်တိစေတီတော်

နိဂုံး
****
၂၅။ ယခုတင်ပြခဲ့သော အချက်အလက်များသည် ဟိုင်းကြီးကျွန်းမြို့ မြို့ပေါ်ရပ်ကွက် (၃)ခုအတွက်သာဖြစ် ပါသည်။ ကျန်ရှိနေသာကျေးရွာအုပ်စုများနှင့် ကျေးရွာများ၏ ဒေသဆိုင်ရာအချက်အလက်များကို ဆက်လက် ရေးသားတင်ပြ သွားမည်ဖြစ်ပါသည်။ ဟိုင်းကြီးကျွန်းမြို့၏ ဒေသဆိုင်ရာအချက်အလက်များသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ခုနှစ်၊ ဒေသဆိုင်ရာ အချက်အလက် မှတ်တမ်းများ၊ လက်လှမ်းမီရာအချက် အလက်များကို စုစည်း၍ အမြန်ဆုံးဖော်ပြနိုင် ရေးအတွက် ရေးသားတင်ပြ ထားခြင်းဖြစ်ပါသည်။ သမိုင်းဆိုင်ရာ အကြောင်း အရာများကို အသေးစိတ်လေ့လာ၍ ရေးသားဖော်ရန် ပြင်ဆင်လျက်ရှိပြီး အချက်အလက်၊ ကိန်းက ဏန်းများကို လက်ရှိအတည်ပြုပြီး ထားသောအချက်အလက် ကိန်ကဏန်းများဖြင့် ပြန်လည်အစားထိုး ပြင်ဆင် ခြင်း၊ လိုအပ်ချက်များ ဖြည့်စွက်ခြင်းများကို အပတ်စဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ ဟိုင်းကြီးကျွန်းမြို့နှင့်ပတ်သက်၍ အကြောင်းအရာများကို သိရှိမှတ်သားထားသော အချက်အလက်များ ရှိပါက လည်း ဝိုင်းဝန်းအကြံပြု ဖြည့်စွက်ပေးကြပါရန်လည်း လေးစားစွာဖိတ်ခေါ်အပ်ပါသည်။

1.7.2020, 09:30am
IPRD Hainggyikyun

No comments:

Post a Comment