Latest News

Wednesday, July 1, 2020

ရန်ကုန်မြို့မှာ အသစ်ထွက်ပေါ်လာဦးမယ့် ဆေးရုံသစ်ကြီး

ရန်ကုန်မြို့မှာ အသစ်ထွက်ပေါ်လာဦးမယ့် ဆေးရုံသစ်ကြီး

ဇင်လင်းမြင့်

ပြည်သူ တွေရဲ့ ကျန်းမာရေးကို စရိတ်သက်သာ စွာနဲ့ ကုန်ကျမှုအနည်းဆုံးဖြစ်အောင် အခမဲ့ ကုသပေးနေတာကတော့ ပြည်သူ့ဆေးရုံတွေပဲ ဖြစ်ပါတယ်။ ပြည်သူ့ဆေးရုံတွေရဲ့ ကုသပေးမှု နဲ့ ဆေးကုသစရိတ်   အခမဲ့ကြောင့်   တစ်နေ့ တခြားဝေဒနာရှင်တွေက ပြည်သူ့ဆေးရုံတွေ အပေါ်မှာ    ကျန်းမာရေးအတွက်  အားကိုး အားထားမှုတွေ များပြားလာပါတယ်။ ရန်ကုန် မြို့မှာဆိုရင်     ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကျန်းမာရေးအတွက် အားကိုးအားထားပြီး လာရောက်ကုသတဲ့    ပြည်သူတွေ   များပြား လာတာမို့   နှလုံး၊   ဦးနှောက်နဲ့   အာရုံကြော အထူးကုဆေးရုံသစ်ကြီးကို   ရန်ကုန်မြို့မှာ ဂျပန်အကူအညီနဲ့  တည်ဆောက်နေတာဟာ လာမယ့်  ၂၀၂၁  ခုနှစ်မှာ  ပြီးစီးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
ဒီဆေးရုံသစ်ကြီးကို ရန်ကုန်မြို့ပြည်လမ်း နဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ မင်းရဲ ကျော်စွာလမ်းဘက်ခြမ်းရဲ့     မြေနေရာမှာ တည်ဆောက်နေတာဖြစ်ပါတယ်။   ရန်ကုန် သူနာပြုတက္ကသိုလ်အနီး တည်ဆောက်နေတာ ကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သူနာပြု တက္ကသိုလ်၊ ရန်ကုန်ဆေးရုံသစ်တွေရဲ့ အနီးမှာ တည်ရှိနေပါတယ်။
ရန်ကုန်  နှလုံး၊   ဦးနှောက်နဲ့  အာရုံကြော အထူးကုဆေးရုံသစ်ကြီး   တည်ဆောက်ရေး စီမံကိန်းအတွက် ပန္နက်တင်အခမ်းအနားကို ၂၀၁၉ ခုနှစ် ဧပြီ  ၂၉  ရက်   နံနက်ပိုင်းက ရန်ကုန်မြို့လမ်းမတော်မြို့နယ် မင်းရဲကျော်စွာ လမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ မြေကွက်လပ် မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တည်ဆောက် ရေးစီမံကိန်းအနေနဲ့  ၂၀၂၁  ခုနှစ်မှာ  ပြီးစီးဖို့ မျှော်မှန်းထားပေမယ့်   ကိုဗစ်- ၁၉ ကြောင့် တည်ဆောက်ရေးလုပ်ငန်းတွေ   နှောင့်နှေးမှု ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် စီမံကိန်းလျာထား ချက်အတိုင်း ပြီးစီးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါ တယ်။
ဆေးရုံဒီဇိုင်းကို ရေးဆွဲထား
ဒီစီမံကိန်းကို  ဂျပန်အခြေစိုက်    Taisei   Corporation   က   တာဝန်ယူတည်ဆောက် နေတာဖြစ်ပြီး     ဂျပန်နိုင်ငံ       ပညာရှင်တွေက ဆေးရုံဒီဇိုင်းကို  ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း   ဆေးရုံတည်ဆောက်ရေး လုပ်ငန်းနဲ့ ဒီဇိုင်းအတိုင်း အကောင်အထည် ဖော်မှုတွေကို မြန်မာလူငယ်တွေ လေ့လာသိရှိ နိုင်မှာ ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာတွေ အနေနဲ့လည်း    ဂျပန်ပညာရှင်တွေနဲ့အတူ ပူးပေါင်းပါဝင်ကာ  စနစ်တကျ ဆောင်ရွက် နေမှုကို  အနီးကပ်လေ့လာနိုင်တဲ့ အခွင့်အရေး လည်း ရရှိမှာဖြစ်ပါတယ်။
ဂျပန်အစိုးရ ထောက်ပံ့ကူညီ
နှလုံး၊ ဦးနှောက်နှင့်အာရုံကြော အထူးကု ဆေးရုံသစ်ကြီး(ရန်ကုန်)  စီမံကိန်းကို  တည် ဆောက်   အကောင်အထည်ဖော်တဲ့ လုပ်ငန်းမှာ ဂျပန်အစိုးရက  ဂျပန်ယန်းငွေ ၈ ဒသမ ၆ ဘီလီယံခန့်   ထောက်ပံ့ကူညီပေးတာဖြစ်ပြီး မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ကျပ်ငွေ ၄၂ ဘီလီယံခန့် အကုန်အကျ ခံမှာ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်တဲ့အခါ    ဂျပန်အစိုးရ အနေနဲ့ ငွေကြေးအပြင် ဆေးရုံသုံးစက်ပစ္စည်း အချို့ကိုလည်း  ကူညီထောက်ပံ့ပေးဖို့လည်း ရှိနေပါတယ်။  ကျန်းမာရေးနှင့်   အားကစား ဝန်ကြီးဌာနကတော့   မြန်မာငွေကျပ်  ၄၂ ဘီလီယံခန့် တန်ဖိုးရှိတဲ့ ဆေးရုံသုံး စက်ပစ္စည်း ကိရိယာတွေ   ဖြည့်ဆည်းထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနဲ့  ဂျပန်နိုင်ငံတို့အကြား ကျန်းမာရေး ကဏ္ဍမှာ ကာလရှည်စွာ ရင်းနှီးချစ်ကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအထဲမှာ ထင်ရှားတဲ့ လက္ခဏာတစ်ရပ်    ထွက်ပေါ်လာမှာ  ဖြစ်ပါ တယ်။
တိုးချဲ့တည်ဆောက်နေရ
ရန်ကုန်မြို့ဟာ လူဦးရေ ၇ သန်းကျော် ရှိလာတာနဲ့အမျှ ကျန်းမာရေးစောင့်ရှောက်မှု တွေ  ပိုမိုလိုအပ်လာပါတယ်။  အစားအစာနဲ့ လူနေထိုင်မှုဘဝပုံစံတွေ ပြောင်းလဲလာတာနဲ့ အမျှ   ရောဂါဖြစ်ပွားမှု    များပြားလာတာမို့  ပြည်သူ့ဆေးရုံတွေ  တိုးချဲ့တည်ဆောက်နေရ ပါတယ်။  လှိုင်သာယာမြို့နယ်မှာ   ပြည်သူ့ ဆေးရုံသစ်တစ်ခု      တည်ဆောက်ထားပြီး ဖြစ်သလို ကျန်တဲ့ဆေးရုံတွေကိုလည်း တိုးချဲ့ အထပ်မြင့်ဆောင်တွေ၊ ဆေးရုံအဆင့်မြှင့်တင် မှုတွေအပြင်  အခုလို   ဆေးရုံသစ်ကြီးတွေ လည်း အကောင်အထည်ဖော်   တည်ဆောက် နေပါတယ်။
အခု  ဆေးရုံသစ်ကြီးဟာ  အထပ်ပေါင်း  ခုနစ်ထပ်ရှိမှာဖြစ်ပြီး  ခုတင်  ၃၀၀  ဆံ့ ဆေးရုံ ဖြစ်ပါတယ်။ အရေးပေါ်ဌာနနဲ့ ပြင်ပလူနာဌာန တွေကို  မြေညီထပ်မှာထားရှိပြီး  ဓာတ်ခွဲခန်းနဲ့ အုပ်ချုပ်မှုဌာနတွေကိုတော့ ပထမအထပ်မှာ ထားရှိမှာ  ဖြစ်ပါတယ်။    ဒုတိယအထပ်မှာ ခွဲစိပ်ခန်းနဲ့ အထူးကြပ်မတ်ဆောင်တွေ ထားရှိ ပြီး ကျန်လေးထပ်ကိုတော့ နှလုံးနဲ့ ဦးနှောက် အာရုံကြောဆိုင်ရာ  ခွဲစိပ်ခြင်းနဲ့  ကုသခြင်း တွေကို အထပ်လိုက် ခွဲခြားဆောင်ရွက်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
အထောက်အကူပြု ကိရိယာတွေ
ဒီဆေးရုံသစ်ကြီး   ပြီးစီးသွားရင်တော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ထားရှိတဲ့ နှလုံး၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဌာနတွေကို ပြောင်းရွှေ့ပြီး လူနာတွေကို လက်ခံကုသပေး မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လူနာတွေအနေနဲ့ ဒီဆေးရုံသစ်ကြီးမှာ        နောက်ဆုံးပေါ် ဆေးပစ္စည်းတွေ၊ ဆေးဘက်ဆိုင်ရာ အထောက် အကူပြုကိရိယာတွေ စုံစုံလင်လင်နဲ့ ကုသမှု ခံယူနိုင်မှာ ဖြစ်ပါတယ်။
ဒီလို  အခြေအနေကောင်းတွေအပြင် ဆေးပညာသင်ယူနေကြတဲ့   ဆေးတက္ကသိုလ် ကျောင်းသား    ကျောင်းသူတွေ၊    ဘွဲ့ကြို၊  ဘွဲ့လွန်  ဆေးနဲ့  နှီးနွှယ်ပညာသင်ကြားနေတဲ့     လူငယ်တွေအတွက်    လေ့လာသင်ယူနိုင်တဲ့  အခွင့်အလမ်းတွေလည်း   ရရှိနိုင်မှာ  ဖြစ်ပါ တယ်။
ဒီဆေးရုံသစ်ကြီးမှာ           နှလုံးရောဂါ၊  ဦးနှောက်နဲ့  အာရုံကြောကုသမှုတွေကို ဂျပန် နိုင်ငံမှ  အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက် မှုစနစ်တွေနဲ့ ကုသပေးသွားမှာဖြစ်လို့ ပြည်သူ တွေရဲ့ကျန်းမာရေးကို ကောင်းမွန်စွာနဲ့ ကုသ စောင့်ရှောက်ပေးနိုင်မှာ    ဖြစ်ပါတယ်။   ဒီလို ဆောင်ရွက်ပေးနိုင်မှာဖြစ်တာမို့ တည်ဆောက် ရေးလုပ်ငန်းတွေကို   အခက်အခဲတွေကြားက နေ ပြီးဆုံးအောင်မြင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။
အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထား
ဂျပန်အစိုးရအနေနဲ့ အကူအညီပေးမှုတွေ ကိုကြည့်ရင် ၂၀၁၃ ခုနှစ်မှာ မန္တလေးမြို့မှာ ဆေးရုံ သုံးရုံကို ဆေးရုံပစ္စည်းတွေ ဖြည့်ဆည်း ပေးခဲ့တာရှိခဲ့သလို ရန်ကုန်ဆေးရုံသစ်ကြီးနဲ့အထွေထွေရောဂါကုဆေးရုံသစ်ကြီး(ရန်ကုန်) တို့မှာလည်း ဆေးရုံသုံးပစ္စည်းတွေ ဖြည့်ဆည်း ပေးခဲ့ပါတယ်။ ဒါ့အပြင် လွိုင်ကော်နဲ့ လားရှိုး ဆေးရုံတွေမှာလည်း ဆေးရုံအဆင့်မြှင့်တင်မှု တွေ  ပြုလုပ်ပေးခဲ့ပါတယ်။  မကွေး၊ ထားဝယ် ဆေးရုံကြီးတွေမှာလည်း အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားပါတယ်။
အခုလည်း နှလုံး၊ ဦးနှောက်နဲ့ အာရုံကြော ဆေးရုံသစ်ကြီးကို  ရန်ကုန်မှာ တည်ဆောက် နေတာဖြစ်လို့ လာမယ့် ၂၀၂၁ ခုနှစ်မှာ ပြီးစီးဖို့ ရည်မှန်းပြီး ဆောင်ရွက်နေတာဟာ ရန်ကုန် မြို့ရဲ့   ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အပြင် မြန်မာနိုင်ငံတစ်ဝန်းက ဝေဒနာရှင်တွေ ရဲ့ ကျန်းမာရေးကိုလည်း တိုးချဲ့ဖြည့်ဆည်းစောင့်ရှောက်ကုသပေးနိုင်တော့မှာ   ဖြစ်ပါ တယ်။    ။

No comments:

Post a Comment