Latest News

Monday, June 8, 2020

မော်လမြိုင်ကျွန်းမြို့နယ် စော်ကဲတံတားတည်ဆောက်မှု ၈၅ ရာခိုင်နှုန်းပြီးစီး

မော်လမြိုင်ကျွန်းမြို့နယ် စော်ကဲတံတားတည်ဆောက်မှု ၈၅ ရာခိုင်နှုန်းပြီးစီး

မော်လမြိုင်ကျွန်း   ဇွန်   ၈

ဧရာဝတီတိုင်းဒေသကြီး   မော်လမြိုင်ကျွန်း မြို့နယ်ရှိ   လမ်းအမှတ်(၁၀)  ဘိုကလေး- မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြလမ်း  မိုင်တိုင်အမှတ်(၁၇/၀) ၌ စော်ကဲတံတား   တည်ဆောက်ရေးစီမံကိန်း အား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ယခုအခါ   တံတားသံပေါင်တပ်ဆင်ခြင်းလုပ်ငန်းများ      အလုံးစုံပြီးစီးသွားပြီ ဖြစ်သောကြောင့်    တံတားတစ်စင်းလုံးတည် ဆောက်နေမှု ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

စော်ကဲတံတား၏ အရှည်မှာ ၇၅၀ မီတာ ရှိပြီး   အကျယ်မှာ ၉ ဒသမ ၅ မီတာရှိကာ နှစ်လမ်းသွားတံတားဖြစ်ကြောင်း သိရသည်။ ပင်မတံတား၏  အပေါ်ထည်မှာ မီတာ  ၉၀ အရှည်ရှိသည့်   သံမဏိသံပေါင်ခုံးတံတား
အမျိုးအစားဖြစ်ပြီး တံတားအောက်ထည်နှင့် ကြမ်းခင်းမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ် ကာ    ချဉ်းကပ်တံတားများအား မီတာ ၃၀ အရှည်ရှိသည့်   ကြိုတင်အားဖြည့်   သံကူ ကွန်ကရစ်ရက်မများဖြင့် တည်ဆောက်ထား ကြောင်း သိရသည်။

တံတားအုတ်မြစ်ရေလယ်တိုင်များအား
၁ ဒသမ ၅ မီတာအချင်းရှိသည့် သံကူကွန်ကရစ် ဘိုးပိုင်နှင့် ကုန်းပေါ်တိုင်များအား ၁ ဒသမ ၂ မီတာအချင်းရှိသည့် သံကူကွန်ကရစ်ဘိုးပိုင် များဖြင့်    အသုံးပြုတည်ဆောက်ထားပြီး သံမဏိသံပေါင် မီတာ ၉၀ ရှိသော တံတားခန်း ဖွင့်သုံးခန်းပါရှိကာ ကြိုတင်အားဖြည့် သံကူ ကွန်ကရစ်ရက်မ မီတာ ၃၀ ရှိသည့် တံတား ခန်းဖွင့် ၁၆  ခန်းပါရှိကြောင်း၊ လူသွားလမ်း အကျယ်တစ်ဖက်လျှင်  တစ်မီတာစီပါဝင်ပြီး ရေလမ်းကင်းလွတ်အမြင့်    ပေ ၄၀ ရှိကာ အကျယ် ပေ ၂၄၀ ရှိ၍ တံတားခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း တံတားအား တာဝန်ယူတည် ဆောက်နေသည့် တည်ဆောက်ရေးအဖွဲ့(၂)မှ သိရသည်။

 အလားတူ စော်ကဲတံတားနှင့် ငါးမိုင်ကျော် ကွာဝေးသော   မိုင်တိုင်အမှတ်(၂၂/၄) ၌ ကျွန်းပြဿဒ်တံတားအား    ကျွန်းပြဿဒ် မြစ်ပေါ်၌ တည်ဆောက်လျက်ရှိပြီး တံတား အရှည် မီတာ ၇၂၀ ရှိကာ စော်ကဲတံတား၏ မီတာအရှည်ထက်  မီတာ  ၃၀ လျော့နည်း ကြောင်း၊ တံတား၏အကျယ်၊ အပေါ်ထည်နှင့် အောက်ထည်လုပ်ငန်းများ၊ အုတ်မြစ်အမျိုးအစားများ၊  ရေလမ်းကင်းလွတ်အမြင့်နှင့်
အကျယ်အပါအဝင် တံတားခံနိုင်ဝန်များမှာစော်ကဲတံတားတည်ဆောက်ထားသည့်ပုံစံနှင့် အလားသဏ္ဌာန်တူညီပြီး သံမဏိသံပေါင်  မီတာ ၉၀ ရှိသော တံတားခန်းဖွင့် သုံးခန်းပါရှိ ကာ ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မ မီတာ ၃၀ ရှိသည့် တံတားခန်းဖွင့် ၁၅  ခန်းပါရှိ ကြောင်းလည်း သိရသည်။

ယခုအခါ  စော်ကဲတံတား၏ ပင်မတံတား သံပေါင် မီတာ  ၉၀  ခန်းဖွင့်တပ်ဆင်ခြင်းလုပ်ငန်းများ  အလုံးစုံဆောင်ရွက်ပြီးစီးပြီး ကျွန်းပြဿဒ်တံတားအတွက် နောက်ဆုံး သံပေါင်ခန်းဖွင့်တစ်ခန်းတပ်ဆင်ခြင်းလုပ်ငန်း
အား  ဆောင်ရွက်လျက်ရှိရာ   ဇွန်လဒုတိယပတ်တွင် သံပေါင်တပ်ဆင်ခြင်းလုပ်ငန်းများအလုံးစုံဆောင်ရွက်ပြီးစီးမည်ဖြစ်၍ တံတား နှစ်စင်းလုံး၏     ကြမ်းခင်းလုပ်ငန်းများနှင့် အချောသပ်လုပ်ငန်းများအား    ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   တံတား
နှစ်စင်းလုံး စက်တင်ဘာလကုန်ပိုင်းတွင် အချိန်မီ တည်ဆောင်ရွက်ပြီးစီးရေးအတွက် ကျွမ်းကျင် အင်ဂျင်နီယာများနှင့်  ကာယဉာဏလုပ်သား များက နေ့ရောညပါ တည်ဆောက်ရေးလုပ်ငန်း များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း       စီမံကိန်းတာဝန်ခံဖြစ်သည့် တည်ဆောက်ရေးအဖွဲ့(၂) မှ ညွှန်ကြားရေးမှူး (မြို့ ပြ)  ဦးအောင်သီဟထံမှ သိရသည်။

စော်ကဲတံတားနှင့် ကျွန်းပြဿဒ်တံတား
နှစ်စင်းစလုံး တည်ဆောက်ပြီးစီးပါက စိုက်ပျိုး ရေးလုပ်ငန်းနှင့် ရေထွက်ကုန်ပစ္စည်းလုပ်ကိုင် နေကြသော ဘိုကလေးမြို့နယ်နှင့် မော်လမြိုင် ကျွန်းမြို့နယ်တို့ရှိ ဒေသခံပြည်သူများအနေ
ဖြင့် ခရိုင်မြို့ဖြစ်သည့် လပွတ္တာမြို့အပါအဝင် ဧရာဝတီတိုင်းဒေသကြီး မြို့တော်ဖြစ်သည့်ပုသိမ်မြို့သို့ သွားရောက်ရန် မိုင် ၇၀ ခန့်၊ အချိန် အားဖြင့် ၂ နာရီခွဲခန့် အချိန်ကုန်သက်သာစေ
မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အဆင် ပြေချောမွေ့စေမည်ဖြစ်ကြောင်း သိရသည်။

                  ပွင့်သစ္စာ

No comments:

Post a Comment