မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်
အေဝမ်းကြည်အေးနှင့် ရုပ်ရှင်စကားဝိုင်း
=========================
တွေ့ဆုံမေးမြန်း
ဒါရိုက်တာ ကြည်စိုးထွန်း
ကျွန်တော်ဟာ ဆက်တိုက်လိုလိုပဲ အေဝမ်းရုပ်ရှင်ကုမ္ပဏီအကြောင်းကို ပြောလာခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ရုပ်ရှင်ကုမ္ပဏီကြီးနှစ်ခု ရှိပါတယ်။ ဒီရုပ်ရှင်ကုမ္ပဏီကြီးနှစ်ခုရဲ့ အရိပ်အာဝါသအောက်က ဒီနေ့အထိကျွန်တော်တို့ဟာ မလွတ်နိုင်ဘူး ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီကြီးနှစ်ခုက ပညာတွေ၊ အတွေ့အကြုံတွေ၊ ပစ္စည်းတွေကို အရင်းအနှီး ပြုပြီးတော့ ရုပ်ရှင်ပညာကို တတ်မြောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကြီးနှစ်ခုကတော့ အေဝမ်းရုပ်ရှင်ကုမ္ပဏီနဲ့ ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ဒီနေ့လှုပ်ရှားနေတဲ့ ရုပ်ရှင်လောကသားတွေကိုကြည့်ရင် ဒီကုမ္ပဏီကြီးတွေရဲ့ ဩဇာသက်ရောက်မှု မကင်းတာကိုလည်း ကျွန်တော်တို့တွေ့ရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ဒီကုမ္ပဏီကြီးနှစ်ခုရဲ့ ကျေးဇူးကိုဆပ်တဲ့အနေနဲ့ ဒီကုမ္ပဏီကြီးနှစ်ခုရဲ့အကြောင်းကို ကျွန်တော်တင်ပြနေခြင်း ဖြစ်ပါတယ်။
(၆-၆-၂၀၂၀ ရက်နေ့မှ အဆက်)
အေဝမ်းကြည်အေး။ ။ အဏ္ဏဝါမေ က
ဒီလိုဗျ။ ကျွန်တော် ခုန လူလှနဲ့ရူပ ရိုက်ပြီးသွားရော။ ရိုက်ပြီး ထရွိုင်လုပ်နေရင်းနဲ့ ကျွန်တော့်ဆီကို ဇော်ဝင်းထွဋ်ရဲ့အမေ ထား။ သူက ကျွန်တော့် ဝိုင်းထဲမှာ ပုဏ္ဏားတိုင်ဆိုတာ။ Dubbing တွေမှာလည်း Background ဆိုတယ် တီးဝိုင်းသွားတီးရင်။
ကြည်စိုးထွန်း။ ။ အေဝမ်းကြည်အေး
တူရိယာ အဖွဲ့ဆို
ပြီး ရှိသေးတယ်နော်။ အဲဒီမှာ မထားက သီချင်းဆိုတယ် ဪ။
အေဝမ်းကြည်အေး။ ။ အဲဒီမှာ ကျွန်တော်
ခေါ်ခဲ့တာ၊ ဘဝဟူ သည် ရွှေဘကမင်းသား၊ သီသီက မင်းသမီး၊ နောက်ပြီးတော့ မြတ်ထွဋ်နဲ့ မောင်လှ သူ။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့
ဟုတ်ကဲ့။
အေဝမ်းကြည်အေး။ ။ နှစ်ယောက် ဒါရိုက်
တာ၊ သူတို့ တွဲရိုက် တဲ့အချိန်က ကျွန်တော်က အကူအညီသွား ပေးတာ။ ကျွန်တော်က Dubbing သွားလုပ် ပေးတာ။ အေဝမ်းခြံထဲမှာပဲ အခန်းထဲကို မထား ဝင်လာပြီးတော့ အစ်ကို ခဏအပြင် လိုက်ခဲ့ပါတဲ့။ အပြင်မှာကျတော့ မနုနဲ့ ခင်သန်းနုနဲ့၊ သူက ပြည်ထောင်စုမယ် ခင်သန်းနုပါတဲ့။ မင်းသမီးလုပ်ချင်လို့တဲ့။ ဟ မင်းသမီးလုပ်ရအောင် ငါက ဒါရိုက်တာပဲဟ လို့၊ ပရိုဂျူဆာရှာမှ ရမှာပေါ့လို့။
ကြည်စိုးထွန်း။ ။ ကိုယ်က ပိုက်ဆံ
ထုတ်နိုင်တာမှ မဟုတ်ဘဲ။
အေဝမ်းကြည်အေး။ ။ ထုတ် လည်း
မထုတ်နိုင်ဘူး။ အဲဒီမှာ ကံကောင်းချင်တော့ တစ်လတောင် မကြာဘူး။ ကျွန်တော့်တပည့် ဆီဆုံလမ်းမှာ နေတယ်။ မနက်မနက် လျှောက်လျှောက် သွားတယ်။ ကျွန်တော် စန္ဒရားတီးရင် တက် နားထောင်တယ်။ နောက်ပြီး လက်ဖက်ရည် ဆိုင်ခေါ်ပြီးတိုက်တယ်။ ကျွန်တော့်တပည့် ဘမိုး ကိုဘမိုး သူကရောက်လာတယ်။ ရောက်လာပြီးတော့ ဆရာတဲ့ ကျွန်တော့်ကို ကားတစ်ကားရိုက်ပါတဲ့။
ကြည်စိုးထွန်း။ ။ ဪသူက မင်းသား
လုပ်ချင်တာ။
အေဝမ်းကြည်အေး။ ။ သူက ဘယ်သူနဲ့
သွားတူလဲဆိုတော့ ဖာတစ်လုံး ကိုခင်မောင်နဲ့တူတယ်။ ဖာတစ် လုံးခေါင်းကျားလုပ်တဲ့။ ခင်ဗျား မင်းသား တော့ မလုပ်ပါနဲ့ဗျာ။ ဒုတိယမင်းသားပဲ ရမယ်လို့။ အဲဒီမှာ ဆရာရွှေဒုံးဆီကနေပြီးတော့ ကျွန်တော်က ဆရာ့ဆီတောင်းတော့ မင်းရိုက် ကွာဆိုပြီး “Woman of the river”။ အဲဒါကို ကျွန်တော်က အဏ္ဏဝါမေဆိုပြီး ရိုက်တာ ခင်သန်းနုကို၊ အဲဒီတုန်းက half-naked ပေါ့လေ။ ဂါဝန်လိုလို ဘာလိုလို အောက်က ကြက်ခြေလေးနဲ့ လုပ်ထားတာ အဲဒီအဝတ် လေးနဲ့။
ကြည်စိုးထွန်း။ ။ အဲဒါကြောင့် ဦးလေး
ကို ကျွန်တော် ပြောတာ၊ စိတ်ကူး သိပ်ကောင်းပါတယ်ဆိုနေမှ။
အေဝမ်းကြည်အေး။ ။ဟားဟားဟားဟား။
ကြည်စိုးထွန်း။ ။ ခုနက မစံတုန်းကလည်း
ဦးလေး အဲဒီလိုပဲ။
အေဝမ်းကြည်အေး။ ။ အဲဒီလိုပဲလုပ်တယ်။
ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ အခု ခင်သန်းနုကို
လည်း။
အေဝမ်းကြည်အေး။ ။ အဲဒီလိုပဲ လုပ်ပေး
တယ်။ လုပ်တော့ အဲဒီအချိန်က ကိုဘမိုးကလည်း ပရိုဂျူဆာ ထပ်ရှာတယ်။ ရှာတော့ မာဃဖလင် ဦးချစ်ဆွေ ရေကျော်မှာနေတာ တည့်သွားရော သူတို့။ တည့်သွားတော့ သူက အဲဒီကားကို မောင်မောင် တာက ဆရာရွှေဒုံးရိုက်တဲ့ ဒေါက်တာ အောင်ကျော်ဦး ပြီးခါစ။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့၊
ဟုတ်ကဲ့။
အေဝမ်းကြည်အေး။ ။ နာမည် သိပ်ကြီးနေ
တဲ့ အချိန် မောင်မောင်တာကို နှစ်သောင်းပေးပြီးတော့ ရိုက်တာ၊ နှစ်သောင်းမှ လက်ငင်းကိုပေးပြီး ရိုက်တာ။ အဲဒီအချိန်မှာ ကျွန်တော်က ဘယ်သူနဲ့ သွားတွေ့လဲဆိုတော့ ကိုဝင်းဦးနဲ့ သွားတွေ့တယ်။
ကြည်စိုးထွန်း။ ။ ဪ ကဲ။
အေဝမ်းကြည်အေး။ ။ ဟာ ဆရာ့ဆီက
ကြားခဲ့တယ်တဲ့။
ကြည်စိုးထွန်း။ ။ ဆရာ ရွှေဒုံးဆီက။
အေဝမ်းကြည်အေး။ ။ အဲဒီဝတ္ထုလေး ကျွန်
တော်သိပ်ကြိုက်လို့ဗျာ တဲ့။ ခင်ဗျား ဘယ်တော့ရိုက်မလဲ ကျွန်တော့်ကို ရိုက်တဲ့၊ ရှစ်ထောင်ပဲပေးတဲ့။ ကျွန်တော်က သိပ်ကြိုက်သွားတာပေါ့။ သူက နှစ်ယောက် တည်းနေချင်တယ် ပြီးသွားပြီ။
ကြည်စိုးထွန်း။ ။ နာမည်ကလည်း
ရနေပြီ။
အေဝမ်းကြည်အေး။ ။ သိပ်ကြိုက်သွားပြီ။
ကျွန်တော်က လုပ် မယ်ဆိုတော့ ဟိုက လွန်သွားပြီ။
ကြည်စိုးထွန်း။ ။ ဪ ငှားပြီးသွားပြီ
မောင်မောင်တာ။
အေဝမ်းကြည်အေး။ ။ အဲဒီကနေ အဏ္ဏဝါမေ
ကို ကမန်းကတမ်း စီစဉ်ရတာပေါ့။ မောင်မောင်တာနဲ့ ခင်သန်းနုနဲ့။ ကျွန်တော်တို့ အခုပန်းဆိုးတန်း ထိပ်တန်း မြသီတာ ဟိုဘက်မှာ စက်လှေကြီး၊ တစ်ခါတည်း စက်လှေက ကိုလေးမြိုင်ဆိုတာက သူက DSI မှာ အရာရှိကြီး သူလွှတ်လိုက်တဲ့ စက်လှေ။
ကြည်စိုးထွန်း။ ။ အဲဒီစက်လှေကြီးနဲ့
သွားရော။
အေဝမ်းကြည်အေး။ ။ အဲဒီစက်လှေပေါ်မှာ
ကန်တော့ပွဲပေးတာ။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်လား။
အေဝမ်းကြည်အေး။ ။ အဲဒီမှာ ကျွေးမွေး
ကန်တော့ပွဲပေးပြီး တော့ ကန်တော့ပွဲလည်းပြီးရော တစ်ခါတည်း သွားကြရော။
ကြည်စိုးထွန်း။ ။ မင်းသား မင်းသမီး
တွေရော အကုန်ပါ လား။
အေဝမ်းကြည်အေး။ ။ အကုန်ပါတယ်၊ ဇီးဖြူ
တောင်ကို သွားတာ။ အဆင်တို့၊ ဇီးဖြူတောင်တို့ အဲဒီကနေမှ တစ်ဆင့် တစ်ခါ မြိတ်၊ အောက်ဒိုးတွေ။
ကြည်စိုးထွန်း။ ။ အဲဒါလေ ကျွန်တော်
ဝတ္ထုတစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ် ဦးလေးရဲ့။ ဝတ္ထုထဲမှာ ဘယ်လို ရေးလဲဆိုတော့ အဲဒီမြိတ်ကို ရောက်တဲ့အခါ ကျတော့ ခင်သန်းနု ပါတယ်တဲ့။ ခင်သန်းနု ပါတော့ ခင်သန်းနုနေရာမှာ ဒိုင်ဗင်ထိုးပေးရ လား ဘာလား မသိဘူး ဦးလေးရယ်။ အဲဒီလို ခင်သန်းနုနေရာမှာ ကိုယ်စား သရုပ်ဆောင် တာ တစ်ယောက်ရှိတယ်ထင်တယ်။ အဲဒီမှာ သူတို့ခင်သန်းနုဆိုပြီးတော့ ဆလုံ ဆလုံ အဲဒီလိုလေး ကျွန်တော်ဖတ်ဖူးတယ်။ နောက်ကျတော့ အဲဒီဝတ္ထုရဲ့နောက်ပိုင်းမှာ ဆက်ရေးတဲ့အခါကျတော့ ဒီနေရာမှာ ဆလုံ လိုနေရာမျိုးမှာ ခင်သန်းနုဆိုတဲ့ နာမည်မျိုး ရောက်သွားလို့ ကျွန်တော် အံ့ဩနေတာ၊ အဲဒါဦးလေး လက်ချက်ပေါ့။
အေဝမ်းကြည်အေး။ ။ ဟုတ် ပါတယ်
ဟား ဟား ဟား ဟား။
ကြည်စိုးထွန်း။ ။ ဒါပေမဲ့ ဦးလေး
အရင် ခုနက ဒေါက်တာအောင်ကျော်ဦးတုန်းကလည်း ဆရာရွှေဒုံးက မြိတ်ဘက်ရိုက်ဖူးသေးတယ် နော်။ ဦးလေးကတော့ ဒီမှာတော့ ဆလုံ သဘောမျိုးလေးတွေ ပါလာတာပေါ့နော်။ ဒါလည်း ထူးဆန်းတာပဲနော်။ အဏ္ဏဝါမေ အဲဒါခင်သန်းနုရဲ့။
အေဝမ်းကြည်အေး။ ။ First Picture
ကြည်စိုးထွန်း။ ။ ကျွန်တော်တို့က
အဲဒါလေးလည်း အမှတ်ကလေးက ပြန်ပြီးတော့ စစ်ဆေးရမှာ ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ခင်သန်းနုဟာ ချစ်သောသူတစ်ယောက်က စတာလား။ သို့မဟုတ် တင့်လှပေဟန်က စတာလားလို့ ကျွန်တော်တို့က ထင်နေတာ။ သူ အဏ္ဏဝါမေက စတာ။ ဦးလေးက ဒါကြောင့် မို့ ကျွန်တော် ပြောတာ မင်းသမီးအသစ်တွေနဲ့ ချည်းပဲ ဦးလေးက။
အေဝမ်းကြည်အေး။ ။ ဟားဟားဟား။
ကြည်စိုးထွန်း။ ။ ပထမဆုံးကားက။
အေဝမ်းကြည်အေး။ ။ ‘ချစ်စေတနာ’။
ကြည်စိုးထွန်း။ ။ မေနန်းနွယ်၊
နောက်တစ်ခါကျ တော့ မေမြင့်ရီ၊ နောက်တစ်ခါကျတော့ ခင်သန်းနု၊ ဒါရိုက်တာဖေအောင် ခင်သန်းနု ပဲ။ ထွန်းဝေကြီးနဲ့ ခင်သန်းနုနဲ့နော်။
ကြည်စိုးထွန်း။ ။ နောက်တစ်ခါ
စောမြတ်မွန်။
အေဝမ်းကြည်အေး။ ။ စောမြတ်မွန်က
မဝင်းမြင့် ဝတ္ထု၊ ရာဇဝင်တစ်ဝက် ခေတ်တစ်ဝက်။
ကြည်စိုးထွန်း။ ။ ကိုဝင်းညွန့်ရယ်၊
ခင်မောင်ဇင်ရယ်၊ ခင်သန်းနုရယ်၊ ဪ ခင်သန်းနုနဲ့ တော်တော် များတယ်နော်။
အေဝမ်းကြည်အေး။ ။ ခြောက် ကား
လောက်ကို ဆက် ရိုက်တယ် ကျွန်တော်။ v စာမျက်နှာ ၈ မှ
ကြည်စိုးထွန်း။ ။ ဟုတ်လား။ ‘ပြုံး
အလှ ပိုင်ရှင်’ ခင်သန်းနုပဲ။ အဲဒီထဲမှာ ဝင်းညွန့်၊ ကြည်စိုး။
ကြည်စိုးထွန်း။ ။ နောက် တစ်ခါ
ကျတော့ ‘ညငှက် လေလား မိုးမှောင်လား’။
အေဝမ်းကြည်အေး။ ။ အဲဒီ ကားလေး
ရတယ် ပိုက်ဆံ။
ကြည်စိုးထွန်း။ ။ ရတယ် ဒါပေမဲ့
နာမည်က တခြား နာမည်နဲ့ တင်ရတယ်နော်။
အေဝမ်းကြည်အေး။ ။ ညငှက်လေလား
မိုးမှောင်လားက ကျွန်တော် ဆင်ဆာတင်လိုက်တော့ ကျွန်တော့်ကို ဆင်ဆာက ဘယ်သူက Ban လုပ်လဲဆိုတော့၊ အရင် ကျွန်တော်နဲ့အတူတူ လုပ်ဖက်စာရေးဆရာ ဦးကိုကို။ ‘ပိတောက် တွေ ပွင့်ပြန်ပေါ့’ စာရေးဆရာ။
ကြည်စိုးထွန်း။ ။ ‘ခရုအိမ်’ တို့ ဘာတို့
ရေးတဲ့ကိုကိုပေါ့။
အေဝမ်းကြည်အေး။ ။ ဟုတ်တယ်။ တော်
တယ်။ တော်တာ တော့တော်တယ်။ ဒါပေမဲ့ ဇာတ်ညွှန်းရေး တာက ကျွန်တော်နဲ့တွေ့ပြီးမှ သူစရေးတတ် တာ။ ကင်မရာတွေက ဘယ်လိုဘာညာနဲ့ သိပ်ခင်ခဲ့တာ၊ ဘယ်လိုက ဘယ်လို ပြောင်းလဲ သွားလဲ မသိဘူး။ အဲဒါသူက စာတင်လိုက် တော့ ကျွန်တော့်ကားကို Ban ပိတ်ပစ်ဖို့ကို လုပ်တာ။ အဲဒီမှာ ဦးတင်ထွန်း ဗိုလ်မှူးကြီး တင်ထွန်းက ဟာဗျာ ကားကြီးက ကောင်း တယ်တဲ့၊ ပိတ်တာတွေ ဘာတွေ မလုပ်နဲ့ ဗျာတဲ့ ဘုတ်အဖွဲ့ကို နာမည်ပြောင်းလိုက် ပါတဲ့။ အဲဒီမှာ မြစိမ်းရောင်နဲ့ စောကေသီဆိုပြီး ပြောင်းလိုက်တာ။
ကြည်စိုးထွန်း။ ။ ပထမတော့ ညငှက်
လေလား မိုးမှောင် လားဆိုတဲ့ နာမည်နဲ့ ရိုက်နေရာကနေပြီး တော့ ဆင်ဆာလည်း တင်လိုက်ရော။ ဆင်ဆာကနေပြီးတော့ Ban လုပ်ပစ် လိုက် တာ သို့သော်လည်း တာဝန်ခံကနေပြီးတော့ ကားလေးကကောင်းပါတယ်။ နာမည်ပဲ ပြောင်းဆိုတော့‘မြစိမ်းရောင်နဲ့ စောကေ သီ’ဆိုပြီးတော့၊ အဲဒီတော့ ကံကောင်းသွား တာပေါ့ ဦးလေးနော်။
အေဝမ်းကြည်အေး။ ။ ဟာသိပ်ကံ ကောင်း
သွားတာ။
ကြည်စိုးထွန်း။ ။ အဲဒီဟာက ဇော်ခင်
နဲ့ ခင်သန်းနုနဲ့၊ အဲဒါ လေးလည်း ကောင်းပါတယ်။ အဲဒီတော့ ဘာတွေ များ ကျန်ဦးမလဲ ဦးလေးနဲ့ ကျွန်တော်နဲ့ ပြောလိုက်တာ။ ရုပ်ရှင်ကတော့ ကုန်သလောက် ဖြစ်သွားပြီထင်တယ်။ ထူးလည်းထူးခြား တယ်နော်။ ဦးလေးကားတွေက အင်မတန် ထူးခြားပါတယ်။ နောက်တစ်ခုက တစ်ခါ မင်းသမီးတွေက ပိုထူးခြားတယ်နော်။ ခုနက အဝတ်အစားလေးတွေ။
အေဝမ်းကြည်အေး။ ။ ကျွန်တော်ကတော့
ထူးခြားတယ် မထင်ဘူး။
ကြည်စိုးထွန်း။ ။ ဟုတ်လား။
အေဝမ်းကြည်အေး။ ။ ဟားဟားဟား။
ကြည်စိုးထွန်း။ ။ စိတ်ကူး ကောင်း
တာပေါ့နော်။ ဒီဘက် ဗီဒီယိုခေတ်ရောက်တော့လည်း ဦးလေးက ရုပ်ရှင်ရိုက်တာပဲ။
အေဝမ်းကြည်အေး။ ။ ဗီဒီယိုခေတ်မှာ ကျွန်
တော်က ကြောင် ကမ္ဘာခင်ဆိုင်၊ ကိုခင်ဆိုင်က ကျွန်တော့်ကို ကားတစ်ကား ရိုက်ပေးပါဆိုတော့ ဆရာကြိုက် တဲ့ ကားတစ်ကား ရိုက်ပါဆိုတော့ ကျွန်တော်က ဘယ်သူ့သွားတွေ့လဲဆိုတော့ ကျွန်တော့် တပည့် တီးဝိုင်းထဲမှာ သီချင်းဆိုနေတဲ့ကောင် လေးရဲ့သား၊ သူ့သား ရန်ကျော်လေးကို သဘော ကျသွားတယ်။ ရန်ကျော်လေးကို ဘာလို့ သဘောကျလဲဆိုတော့ ဒီကောင်လေး ဘာလို့ ထိုးပြီး ကျသွားလဲမသိဘူး။
ကြည်စိုးထွန်း။ ။ ရုပ်လည်းလှတယ်၊
ဒေါင်ကောင်းကောင်း
နဲ့။
အေဝမ်းကြည်အေး။ ။ ဘာရိုက်မလဲဆိုတော့
ကိုခင်ဆိုင် ကျွန်တော် အဇာတသတ် ရိုက်မယ်ဗျာလို့။ ဟာ ဆရာတဲ့ ကျတဲ့မင်းသား ဆရာက အဇာတသတ် ရိုက်မယ်ဆိုတော့ လူတွေမုန်းသွားမှာပေါ့တဲ့။
ကြည်စိုးထွန်း။ ။ ပိုဆိုးမယ်ပေါ့။
အေဝမ်းကြည်အေး။ ။ ကြည့်လေဗျာလို့။
ကျုပ်ဖမ်းကွက်တွေ ရှိပါတယ်လို့။ ကျုပ် နောက်ဆုံးနှစ်ခန်းပဲ ဖမ်းတယ်။ အမေကို မေးတာရယ်၊ အဖေသေ ပြီးတော့မှ နောင်တရတာရယ်။ နောက်ပြီးတော့ Music နဲ့ပတ်သက်ပြီးတော့ ဘုရားသီချင်းကို သေချာလုပ်ထည့်ပေးလိုက်တယ်။ အဲဒီမှာ ထပေါက်တာသူ၊ ရသွားတယ်။ အဲဒါရယ် နောက် အခု ဆရာ့ကို ကျွန်တော်ပေးတဲ့ ဒိုင်းခင်ခင်။
ကြည်စိုးထွန်း။ ။ ဪ ဒိုင်းခင်ခင်၊
ဪ သီပေါခေတ်က မောင်ဖေငယ်နဲ့။
အေဝမ်းကြည်အေး။ ။ မှန်နန်းပေါ့။ အဲဒါ
ကျွန်တော့် ဆရာ ဦးတင်မောင်က အဲဒီဒိုင်းခင်ခင်ကို သိပ်ရိုက် ချင်တာ။ မရိုက်သွားရဘူး။
ကြည်စိုးထွန်း။ ။ ဪ အဲဒီတော့
ဆရာ မရိုက်ရတဲ့ဟာ ကို ငါရိုက်မယ် ဆိုပြီးတော့။
အေဝမ်းကြည်အေး။ ။ ကျွန်တော် သူပြော
ပြောနေတာ ကြားနေ တာ ဆရာ့နား အမြဲနေရတာကိုး။ အဲဒါလည်း စိတ်ကြိုက်ရိုက်တယ် ကျွန်တော်။ တက္ကသိုလ် စိန်တင်ဆီက စိမ့် (ပညာရေး) သူ့မိန်းမ။
ကြည်စိုးထွန်း။ ။ သဘော ကောင်း
တယ်၊ လင်မယား နှစ်ယောက်စလုံး၊ ကျွန်တော့်မွေးနေ့တိုင်း အမြဲလာတယ်။
အေဝမ်းကြည်အေး။ ။ အဲဒါ ရိုက်တယ်
ဒိုင်းခင်ခင်။
ကြည်စိုးထွန်း။ ။ ဪ ဒါကတော့
တက္ကသိုလ်စိန်တင်ရဲ့ ဇနီး စိမ့် (ပညာရေး) ဆီက ရတဲ့ ဝတ္ထုလေးကို။
အေဝမ်းကြည်အေး။ ။ နောက် ဇမ္ဗူအေး
ရုပ်ရှင်မှာ ကျွန်တော် ကျော်ဟိန်းနဲ့ ရိုက်တယ်။
ကြည်စိုးထွန်း။ ။ ပြောပါဦး ဦးလေးရဲ့။
အေဝမ်းကြည်အေး။ ။ ကျော်ဟိန်းရယ်၊ စန္ဒာ
ရယ် နောက်ပြီးတော့ ချစ်စံပယ်ရယ်၊ နောက်ပြီးတော့ မောင်ယဉ် ထွေးရယ်။
ကြည်စိုးထွန်း။ ။ ထူးထူး ခြားခြား
တော်တော်ကို စွန့်စွန့် စားစား ရိုက်ထားတဲ့ ကားပါ။
အေဝမ်းကြည်အေး။ ။ ကျွန်တော် အဲဒီက
အဆန်းဘာထွင်လဲ ဆိုတော့ အဲဒီတုန်းက စတန့်တွေ ပျောက်နေ တဲ့ခေတ်မှာ ကျွန်တော်ကွမ်လောက် ဟိုတယ် ပေါ်ကနေပြီးတော့ ကျော်ဟိန်းအစားထိုး။ နောက် ပေ ၆၀ လောက်မြင့်တဲ့ တိုက်နှစ်တိုက် ကြားကို ထုံးသုတ်တဲ့ ဝါးလှေကားကြီးနဲ့ ဟိုဘက်ဒီဘက်ကိုကူး အဲဒါတွေရိုက်ခဲ့တာ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့။
ကား နာမည်လေး မှတ်မိသေးလား။
အေဝမ်းကြည်အေး။ ။ ရာသက်ပန်မေတ္တာ။
ကြည်စိုးထွန်း။ ။ ဪ ရာသက်ပန်
မေတ္တာ။ ဦးလေး သတိရလို့သာနော်။ ကျွန်တော်က အသက် ကြီးတော့ သိပ်သတိမရတော့ဘူး။ ဦးလေးကမှ သတိရသေးတယ်။
အေဝမ်းကြည်အေး။ ။ ကျွန်တော်က ငယ်ပါ
သေးတယ်။ ဟားဟား ဟားဟား။
ကြည်စိုးထွန်း။ ။ ဟုတ်တယ် အဲဒီကား
က ကျွန်တော်က ဘာလို့တုန်းဆိုတော့ အဲဒီရဲ့ သတင်းလေးတွေ တွေ့ဖူးတာပေါ့။ သတင်းလေးတွေ တွေ့ဖူးတာ။ ကျွန်တော်ထည့်ပေးမယ် ဦးလေး။ ကျော်ဟိန်း မင်းသားဖြစ်ခါစ။
အေဝမ်းကြည်အေး။ ။ ဟုတ်တယ် အဲဒီကား
က တော်တော်ရသွား တယ် အဲဒီကားလည်း။
ကြည်စိုးထွန်း။ ။ မင်းသား ဖြစ်ခါစ
ဆိုတော့ နည်းနည်း ပြောလို့ဆိုလို့ ကောင်းသေးတာပေါ့ ဟားဟား ဟားဟား။ ဒါကသဘာဝကိုး ဦးလေးရဲ့။ ကောင်းပါတယ် ဦးလေးရယ်။ ဦးလေးနဲ့ စကား ပြောရတာ ကျွန်တော် တော်တော်လည်း ပျော်ပါတယ်။ နောက် မသိတာတွေလည်း သိရတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါ တယ်။ နောက်ပြီးတော့ ဗဟုသုတတွေလည်း အများကြီးရတယ်။ နောက် ကျွန်တော် ကြည်ညိုတဲ့အသိုက်အဝန်းမှာ နေလာရတာ ဆိုတော့ အဲဒီရဲ့အကြောင်းတွေ ကြားရတာ လည်း ကျွန်တော့်မှာ အများကြီး ကုသိုလ်ရပါ တယ်။ အသက် ၈၄ နှစ်သာရောက်နေပေမယ့် ၄၈ နှစ်အရွယ်လောက် တစ်ခါတည်းကို ပျော် ပျော်ရွှင်ရွှင်နဲ့ ပြောသွားတဲ့ ဦးလေးကိုလည်း။
အေဝမ်းကြည်အေး။ ။ ကျွန်တော်က ၄၈
နှစ်တောင် ကျွန်တော့် ကိုယ်ကျွန်တော် မထင်ဘူး။
ကြည်စိုးထွန်း။ ။ ပြောပါဦး ဦးလေးရဲ့။
အေဝမ်းကြည်အေး။ ။ အစိတ်လောက်ပဲ
ထင်တယ်။
ကြည်စိုးထွန်း။ ။ ဟားဟားဟားဟား
ဖြစ်လောက်တယ်။ ကျွန်တော်က ကြားကြားနေတာ ဦးလေးကတဲ့ မြောက်ဒဂုံသာ ရောက်လာတာတဲ့။ မြို့ထဲ လည်း ရောက်ရောက်လာတယ်တဲ့။ တစ်ခါကျ တော့ သမန်းကျားကိုမြင့်တို့ကလည်း ပြော တယ်။ ဟာ ရောက်ရောက်လာတယ်ဗျ ဦးလေးကလည်း အသက်သာကြီးတာတဲ့။ ဝမ်းသာပါတယ် ဦးလေးရယ်။
အေဝမ်းကြည်အေး။ ။ ကျွန်တော့် သား
တွေ တူတွေလိုပဲ။ သူတို့ကလည်း အစ်မကြီး မခင်လဲ့ကအစ ကျွန်တော့်ကို သွေးသားအရင်းလိုပဲ။
ကြည်စိုးထွန်း။ ။ မှန်တာပေါ့။ အေဝမ်း
အုပ်စု တွေကိုး။ အေဝမ်းမိသားစုတွေကိုး၊ ဟုတ်ကဲ့ ဟုတ်ကဲ့။ ဝမ်းသာပါတယ် ဦးလေး ဘာများ ဒီပရိသတ်ကို ပြောစရာ သို့မဟုတ် ဒီမျိုးဆက်သစ်တွေကို ပြောစရာများ။
အေဝမ်းကြည်အေး။ ။ ဪ ကျွန်တော်
ပထမပိုင်းက ပြော သွားသလိုပဲ ကနေ့ Music သမားတွေထဲမှာ ဗမာဂီတာကို သေချာတီးကြပါ။ ဗမာဂီတာ ဟာ ကျွန်တော်စောစောက တင်ပြသွားသလိုပဲ သိပ်အရသာရှိတာပဲ။
ကြည်စိုးထွန်း။ ။ မှန်တာပေါ့ ဦးလေး
ရယ်။ ကျွန်တော်တို့ လည်း ကိုစောငြိမ်းတို့သီချင်းတွေ နားထောင် ရရင် သိပ်ကောင်းတာပဲ။
အေဝမ်းကြည်အေး။ ။ အဲဒါတစ်ခုရယ်။
နောက်ပြီးတော့ ရှေး ဆရာကြီးတွေ ရိုက်သွားတဲ့ ရိုက်ချက် တွေဟာ မမေ့ကြဖို့ ပြန်လေ့လာပါ။ ပြန်စုပါ။ အလကားလုပ်သွားတာ တစ်ခုမှမပါဘူး။ အဲဒါပဲ အနုပညာပိုင်းကနေပြီး ရုပ်ရှင်နဲ့ ဂီတကို၊ အဲဒါပဲ ကျွန်တော်က နောက်မျိုးဆက် သစ်တွေ ဆက်လက်ကြိုးစားပေးပါလို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ဆရာနဲ့ ဒီတစ်ဖွဲ့လုံးကိုလည်း ကျွန်တော့်ကို မှတ်တမ်းတစ်ခု လုပ်ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ပါ ဦးလေး
ရဲ့။ ကျွန်တော်တို့ က လုပ်သင့်လုပ်ထိုက်လို့ လုပ်ရတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ဦးလေးတို့အသက် အရွယ်တွေ ဦးလေးတို့အတွေ့အကြုံတွေကို ကျွန်တော်တို့က ဒါ ဂုဏ်ပြုတဲ့အနေနဲ့ ကန်တော့တဲ့အနေနဲ့ လုပ်ပေးရတာပါ။ မှတ်တမ်းတွေ ကျန်သင့်ပါတယ် ဦးလေးရဲ့ နော်။ နောက်ပြီးတော့ အချုပ်ဆိုရရင် ဦးလေးဟာ ဂီတနဲ့ပတ်သက်လာရင် ဂီတ နယ်ပယ်မှာ ဂီတာကိုတော့ မမေ့ကြပါနဲ့။ ဂီတာဟာ စောစောက ဦးလေးပြောသလိုပေါ့။ အပျော့လည်းရ၊ အမာလည်းရ အခံလည်းရ အဲဒီလို ပစ္စည်းမျိုးဖြစ်တဲ့အတွက် ဒါကိုလည်း ပြန်ဖော်ထုတ်ကြပါ။ ကျွန်တော်တို့ဆိုလည်း တကယ်ပါ၊ ကျွန်တော်တို့ အသက်အရွယ်အရ ပြောရမလားတော့ မဆိုနိုင်ဘူး။ ခုနက ကိုစောငြိမ်းသီချင်းတွေ ကြားရတယ်ဆိုရင် ဒီဂီတာကြီးနဲ့ဖွဲ့နွဲ့သွားတာဟာ အင်မတန်ကို ရင်ထဲကို ရောက်ပါတယ်။ အဲဒီတော့ ဦးလေးပြောသလိုပေါ့။ ဂီတာကိုလည်း မမေ့ကြပါနဲ့။ နောက် နောင်မျိုးဆက်သစ် ရုပ်ရှင်သမားတွေအနေနဲ့ကလည်း ရှေးက ဆရာ့ဆရာကြီးတွေရဲ့ လက်ရာကို အလေး ထားပြီး ကြည့်ရှုပေးပါ။ ကောင်းပါတယ် ဦးလေးရယ်။ အဲဒီအဆုံးအမက သူတို့ကို ပြောသလို ကျွန်တော့်ကိုလည်း ပြောသလိုပဲ ခံယူပါတယ်။ ကျွန်တော်လည်း ဒါကိုတော့ လေးစားပါတယ်။ ကျေးဇူးတင်ပါတယ် ဦးလေးရယ်။ တကယ်ကျေးဇူးတင်ပါတယ်။
အေဝမ်းကြည်အေး။ ။ ကျွန်တော် လည်း
ကျေးဇူးတင် ပါ တယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment