Latest News

Saturday, June 6, 2020

အသုံးလွယ်၍ အပစ်ခက်သည့် နှာခေါင်းစည်း

အသုံးလွယ်၍ အပစ်ခက်သည့် နှာခေါင်းစည်း


ကလျာမိုးမြင့်

ကိုဗစ်-၁၉ ကပ်ရောဂါကြီးက ကျွန်ုပ်တို့နေထိုင်တဲ့ကမ္ဘာကြီးကို ခြိမ်းခြောက်လာချိန်မှာ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကိုယ်တတ်စွမ်းသမျှ အကောင်းဆုံးကာကွယ်ဖို့ကြိုးပမ်းကြပါတယ်။  သွားလာ လှုပ်ရှားမှုတွေကို   ကန့်သတ်ပြီး  အိမ်ထဲမှာနေတာ၊ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာ၊လက်ဆေးတာနဲ့ နှာခေါင်းစည်းတပ်ဆင်တာတွေက ရောဂါထိန်းချုပ်ရေးမှာ တစ်ဖက်တစ်လမ်းက အထောက်အကူပြု နေပါတယ်။

ရောဂါကို လျှော့ချနိုင်
နှာခေါင်းစည်းတပ်ဆင်ခြင်းဟာ ရောဂါပိုး ကူးစက်မခံရအောင် ရာနှုန်းပြည့်မကာကွယ် နိုင်ပေမယ့်   မိမိလက်နဲ့မျက်နှာကို တိုက်ရိုက် မကိုင်တွယ်မိအောင် ကာကွယ်ထားတဲ့အတွက် ရောဂါဖြစ်ပွားနှုန်းကို    လျှော့ချနိုင်တယ်လို့  ကျန်းမာရေးဆိုင်ရာ   ညွှန်ကြားချက်တွေမှာ လည်း  ဖော်ပြပါတယ်။  ဒါပေမယ့် နှာခေါင်းစည်း တွေဟာ  ကောင်းစွာအသုံးပြုရင် အကျိုးရှိပေ မယ့်     ကောင်းစွာမစွန့်ပစ်ရင်တော့     သဘာဝ ပတ်ဝန်းကျင်နဲ့ သက်ရှိတွေကို သေချာပေါက် ထိခိုက်လာစေတော့မှာပါ။
ကိုဗစ်-၁၉  ကူးစက်ပျံ့နှံ့မှုကို  တိုက်ဖျက်ဖို့ အတွက်   မျက်နှာကို ဖုံးအုပ်ကာကွယ်မှုဟာ အရေးကြီးတဲ့  ကိစ္စအဖြစ်    မှတ်ယူထားတဲ့  ဟောင်ကောင်မြို့ရဲ့   ကမ်းခြေတွေမှာ ရေစီးနဲ့ အတူမျောပါလာတဲ့   ဆေးရုံသုံး စွန့်ပစ်နှာခေါင်း စည်းအမြောက်အမြားဟာ    တစ်နေ့ထက်တစ် နေ့  ပိုမိုများပြား စုပုံလာလျက်ရှိပါတယ်။
ဝန်ထုပ်ဝန်ပိုး ဖြစ်လာမယ်
စီးပွားရေးမြို့ကြီးတစ်ခုဖြစ်တဲ့    ဟောင် ကောင်မြို့နဲ့ အနီးတစ်ဝိုက်မှာ  စွန့်ပစ်နှာခေါင်း စည်းတွေဟာ   ပင်လယ်ရေထဲ  ပလတ်စတစ် စွန့်ပစ်ပစ္စည်းရောက်ရှိမှုပမာဏကို  ပိုပြီးမြင့်မား လာအောင် ထပ်ဖြည့်ရာ ရောက်နေတယ်လို့ သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။
ပလတ်စတစ်နှာခေါင်းစည်းတွေကို တစ်ဦး ချင်းသုံးစွဲနေမှုဟာ   ကမ်းခြေပေါ်မှာ နောက်လာ မယ့်မျိုးဆက်သစ်တွေအတွက်   နောက်ထပ် ဝန်ထုပ်ဝန်ပိုးတစ်ခုကို  ချန်ထားခဲ့ရာရောက်နေ တယ်လို့  အိုးရှင်းအာရှအဖွဲ့ တွဲဖက်တည်ထောင် သူ   ဂယ်ရီစတုတ်ခ်က    အေအက်ဖ်ပီသို့   ပြော ကြားခဲ့ပါတယ်။
အတွေ့ရဆုံး စွန့်ပစ်အမှိုက်ငါးမျိုး
ကမ္ဘာတစ်ဝန်းဆီ  ကပ်ရောဂါပျံ့နှံ့ရောက်ရှိ မလာသေးခင် အချိန်လေးအတွင်း  ဟောင် ကောင်မှာ အခြေစိုက်ထားတဲ့  သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ   အင်န်ဂျီအိုအဖွဲ့က စင်ကာပူရဲ့ ပိုမိုဝေးလံခေါင်ဖျားပြီး   လူသူကင်းမဲ့တဲ့ ကျွန်း တွေထဲက တစ်ခုမှာတွေ့ရတဲ့  ပင်လယ်ရေထဲက စွန့်ပစ်အမှိုက်တွေနဲ့ သေးငယ်တဲ့ပလတ်စတစ် ပစ္စည်းတွေကို  တစ်နှစ်ကြာ လေ့လာစောင့်ကြည့် မှုတစ်ရပ်ကို  ဆောင်ရွက်ခဲ့ပါတယ်။
ဒီလိုစောင့်ကြည့်လိုက်တဲ့အခါမှာ ပုံမှန်အား ဖြင့်  အများဆုံးတွေ့ရတဲ့ စွန့်ပစ်ပစ္စည်းငါးမျိုး ကတော့  ပုလင်းခွံတွေ၊ ရေမြှုပ်သဖွယ် ဖွထား တဲ့ ထုပ်ပိုးရာမှာ  အသုံးပြုတဲ့ပလတ်စတစ်စ တွေ၊ မီးခြစ်တွေ၊ တစ်ခါသုံးအတွက်  ပြုလုပ်ထား တဲ့  ဓားကတ်ကြေးလို ဖြတ်တောက်တဲ့ ပစ္စည်း တွေနဲ့   ကောက်ရိုးတွေ   ဖြစ်တယ်လို့   သိရပါ တယ်။
၃၀ ရာခိုင်နှုန်းလောက်သာ   ပြန်လည် သန့်စင်သုံးစွဲနိုင်
ယခုလက်ရှိမှာတော့  သောင်စပ်နဲ့ကမ်းခြေ တွေတစ်လျှောက်မှာ မျောပါလာနေတဲ့အရာတွေ ကတော့ နှာခေါင်းစည်းတွေပါပဲ။   မကြာသေး မီက   သွားရောက်လေ့လာခဲ့မှုတစ်ခုအတွင်း သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူတွေဟာ  မီတာ ၁၀၀  ရှည်လျားတဲ့ ဟောင်ကောင်ရဲ့   ကမ်းခြေတစ်ခုမှာ   တွေ့ရှိခဲ့ တဲ့ နှာခေါင်းစည်းအခုရေ  ၇၀ ကို  ဖယ်ရှားခဲ့ရပါ တယ်။နောက်ထပ် ရက်သတ္တပတ် တစ်ခုကြာတဲ့ အခါ   နောက်ထပ်နှာခေါင်းစည်း အခုရေ ၃၀ ကို ထပ်ပြီးဖယ်ရှားခဲ့ပါတယ်။
ဟောင်ကောင်လူမှုအဖွဲ့အစည်းက နှာ ခေါင်းစည်းတွေကို စတင်တပ်ဆင်ချိန်ကစပြီး  အဲဒီနှာခေါင်းစည်းရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကို ကမ်းခြေတွေပေါ်မှာစပြီး တွေ့မြင်နေရပြီလို့   ၎င်းတို့က   ဆိုပါတယ်။ ဟောင်ကောင်မှာနေထိုင်တဲ့ လူဦးရေ ၇ ဒသမ ၅ သန်းဟာ နှစ်စဉ်နှစ်တိုင်း  စွန့်ပစ်အမှိုက်တန် ချိန်ပေါင်း ခြောက်သန်းလောက်အထိကို စွန့်ပစ် နေကြပြီး အဲဒီစွန့်ပစ်အမှိုက်တွေထဲကမှ  ၃၀ ရာခိုင်နှုန်းလောက်ကိုပဲ ပြန်လည်သန့်စင်သုံးစွဲမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
နှာခေါင်းစည်းတပ်ဆင်သည့်အလေ့
ကိုဗစ်-၁၉ ဆိုတဲ့ ကပ်ရောဂါဆိုးကြီး ပေါ် ထွက်မလာခင်ကတည်းက ဒေသခံပြည်သူတွေ ဟာ  နေ့စဉ်လမ်းပေါ်ထွက် လှုပ်ရှားသွားလာပြီး အများပြည်သူသုံး ယာဉ်တွေ စီးနင်းပြီဆိုတိုင်း နှာခေါင်းစည်းတွေကို   မကြာခဏတပ်ဆင်လေ့ ရှိပြီး     အထူးသဖြင့် ဆောင်းရာသီတုပ်ကွေး ဖြစ်ပွားချိန်တွေဆို     နှာခေါင်းစည်းတွေကို တပ်ဆင်ထားလေ့ရှိကြပါတယ်။
ဒါပေမယ့် လူ့အသက်ကိုသေစေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြီးပေါ်လာတဲ့အခါမှာတော့ ရောဂါကာကွယ်ဖို့အတွက်       ဟောင်ကောင် ပြည်သူတွေရဲ့    နှာခေါင်းစည်းတပ်ဆင်မှုက နေရာတိုင်းမှာ မမြင်ချင်မှအဆုံး ဖြစ်နေခဲ့ပါပြီ။
ကောင်းစွာစီမံခန့်ခွဲခဲ့
ကိုဗစ်-၁၉     စတင်ပေါက်ပွားပျံ့နှံ့ခဲ့ရာ ဗဟိုချက်မတစ်ခုဖြစ်တဲ့   တရုတ်ပြည်မကြီးနဲ့ နီးနီးကပ်ကပ်တည်ရှိပေမယ့်    ဟောင်ကောင် ဟာ ရောဂါကူးစက်မှုကို ရင်ဆိုင်တိုက်ဖျက်တဲ့ နေရာမှာ  ကောင်းစွာစီမံခန့်ခွဲဆောင်ရွက်နိုင် ပြီး    ရောဂါကူးစက်ခံရသူ ၁၀၀၀ ကျော်နဲ့ သေဆုံးသူလေးဦး ရှိခဲ့ပါတယ်။
အခုဆိုရင်   များပြားလှစွာသော   ကုမ္ပဏီ တွေက ပြန်လျှော်သုံးနိုင်တဲ့ နှာခေါင်းစည်းတွေ သုံးဖို့ ကမ်းလှမ်းနေကြပြီး အစိုးရကလည်း ပြန် လျှော်သုံးနိုင်တဲ့ အဝတ်နှာခေါင်းစည်းတွေကို ဒေသခံပြည်သူတွေဆီ ဖြန့်ဝေပေးဖို့ ကြိုးပမ်းမှု တစ်ရပ်ကို  ဆောင်ရွက်နေတယ်လို့သိရပါတယ်။
တစ်ခါသုံးကို လူကြိုက်များနေ
ပြန်လျှော်ပြီးအသုံးပြုနိုင်တဲ့ နှာခေါင်းစည်း တွေရှိနေပေမယ့်လည်း      တစ်ခါသုံးနှာခေါင်း စည်းတွေဟာ ပိုပြီးလူကြိုက်များတဲ့ ရွေးချယ်မှု တစ်ခုဖြစ်နေသေးတာ    ခက်နေပါတယ်။
ဒီအတိုင်းဆို   တစ်ခါသုံးစွန့်ပစ်နှာခေါင်း စည်းတွေဟာ ကမ်းခြေမှာလာပြီး စုပုံနေဦးမှာပါ ပဲ။ ဒီထက်ပိုဆိုးတာကတော့     ပင်လယ်ထဲမှာ ကျက်စားကြတဲ့   လင်းရှူးတွေ၊   လင်းပိုင် တွေနဲ့   တခြားသတ္တဝါအသေကောင်တွေကို ၎င်းတို့ရဲ့ ဗိုက်ထဲမှာရှိနေတဲ့   နှာခေါင်းစည်း တွေနဲ့အတူ  တွေ့ရဖို့ စောင့်နေရတော့မှာပဲလို့  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူ  စတုတ်ခ်က  သတိပေးပြောကြား ခဲ့ပါတယ်။
သေချာစွန့်ပစ်သင့်
နှာခေါင်းစည်းတွေကို အသုံးပြုပြီးသွားတဲ့ အခါ   ဆပ်ပြာရည်နဲ့ ဒါမှမဟုတ် ပိုးသတ်ဆေး ရည်နဲ့ လျှော်ပစ်ပြီးနောက်မှာ အဲဒီနှာခေါင်းစည်း တွေကို အိတ်တစ်လုံးထဲကို ၇၂ နာရီ  ကြာအောင် ထည့်ထားပြီးမှ   တခြားစွန့်ပစ်အမှိုက်ပုံးတစ်ခုခုမှာ    သေချာစွန့်ပစ်သင့်တယ်။ 
ပြီးတော့ အသုံးပြုပြီးသား နှာခေါင်းစည်း တစ်ခုကို   လမ်းမပေါ်နဲ့   တခြားနေရာတစ်ခုခုမှာ တွေ့နေရတာမျိုးက  မဖြစ်သင့်ဘူး။ အန္တရာယ် များတဲ့  စွန့်ပစ်ပစ္စည်းကို   ထိတွေ့ကိုင်တွယ်မိတဲ့ တခြားသူတွေအတွက်လည်း     ပြဿနာဖြစ် လာနိုင်တယ်လို့   သဘာဝပတ်ဝန်းကျင်ဆိုင်ရာ  ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
နှာခေါင်းစည်းတွေကို နမော်နမဲ့စွန့်ပစ်နေ ခြင်းက   ဂေဟစနစ်ကိုလည်း   တစ်နည်းတစ်ဖုံ ထိခိုက်လာစေနိုင်ပြီး    ပင်လယ်နေသက်ရှိတွေ ရဲ့သဘာဝပတ်ဝန်းကျင်ထဲကို   ဝင်ရောက်လာတဲ့ နောက်ထပ်အဆိပ်အတောက်တစ်ခုဖြစ်လာ နိုင်တယ်ဆိုတာကို   ဟောင်ကောင်ကမ်းခြေမှာ စုပုံလာတဲ့ နှာခေါင်းစည်းတွေက ဖော်ပြနေပါ တယ်။         

            ကိုးကား-အအေကျဖျပီ

No comments:

Post a Comment