Latest News

Wednesday, April 1, 2020

COVIC 19 ကုသဖို့အတွက် ဆေးတွေ့ပြီလော


အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDA က ခရိုနာဗိုင်းရပ်ကုသဖို့အတွက် မလေးရီးယားငှက်ဖျားကုသတဲ့ဆေးကို အသုံးပြုဖို့ သမ္မတထရမ့်အစိုးရကို ခွင့်ပြုချက်ပေးလိုက်ပါတယ်။

အလွန်စိုးရိမ်ရတဲ့လူနာတွေကိုတိုက်ကျွေးဖို့ဟိုက်ဒရိုစီကလိုရိုကွင်းနဲ့ ကလိုရိုကွင်းဆေးတွေကို အမေရိကန်ဆေးရုံတွေဆီ သန်းနဲ့ချီပြီး ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။အကျိုးနဲ့အပြစ်နှိုင်းယှဉ်ရင် ခရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ဖို့အကျိုးကများတာကြောင့် ဒီဆေးကိုအသုံးပြုဖို့ခွင့်ပြုလိုက်ခြင်းဖြစ်တယ်လို့ FDA ကဆိုပါတယ်။

ဒီလိုကုသလို့ပျောက်ကင်းတယ်ဆိုတာကို ပြင်သစ်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
လူနာ အယောက် ၂ဝကို ဟိုက်ဒရိုဆီကလိုရိုကွင်းနဲ့ ပဋိဇီဝဆေးအဇီသာရိုမိုင်ဇင်ကို တွဲဖက်ပြီး တိုက်ကျွေးခဲ့ရာမှာ  ဟိုက်ဒရိုဆီကလိုရိုကွင်းပေးခဲ့တဲ့လူနာ ၁၄ ယောက်က သက်သာလာပြီး ဟိုက်ဒရိုဆီကလိုရိုကွင်းနဲ့ ပဋိဇီဝဆေးအဇီသာရိုမိုင်ဇင်ကို တွဲဖက်ပြီး တိုက်ခဲ့တဲ့လူနာခြောက်ယောက်က လုံးဝပျောက်ကင်းသွားခဲ့တယ်လို့ဆိုပါတယ်။

ဟိုက်ဒရိုစီကလိုရိုကွင်းနဲ့ ကလိုရိုကွင်းဆေးတွေနဲ့ကုသလို့ပျောက်ကင်းသက်သာသွားတယ်ဆိုတဲ့တွေ့ရှိချက်အတွက်လေ့လာသုတေသနပြုမှုကနည်းသေးပေမယ့်အရေးပေါ်ခွင့်ပြုချက်အဖြစ်
အစားအစာနဲ့ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ခရိုနာဗိုင်းရပ်ကုသဖို့အတွက် ထရမ့်အစိုးရကို ခွင့်ပြုချက်ပေးလိုက်တာဖြစ်ပါတယ်။
သမ္မတထရမ့်ကတော့ ဒီဆေးဟာ ခရိုနာဗိုင်းရပ်ကို ကုသရာမှာ အလုပ်ဖြစ််မယ်လို့ ယုံကြည်တဲ့အကြောင်းထပ်ခါထပ်ပြောပါတယ်။

FDA ဝက်ဆိုက်မှာ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို ရေးသားထားပြီး နှလုံးရောဂါရှိသူတွေအတွက် အန္တရာယ်ရှိတယ်လို့သတိပေးထားပါတယ်။
ဆေးဝါးကျွမ်းကျင်သူတွေကတော့ဒီဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကြီးကြီးမားမားရှိပြီး နှလုံးရောဂါရှိနေသူတွေအတွက်ဆိုရင်ဘေးထွက်ဆိုးကျိုးကြီးကြီးမားမားရှိနေတာကြောင့်ဆေးမသုံးစွဲမှီ သေသေချာချာ
စိစစ်ဖို့လိုတယ်လို့သတိပေးပါတယ်။
SZ(Timeayeyar)

By  timeayeyar  7:27 PM



သမ္မတထရမ့်ကတော့ ဒီဆေးဟာ ခရိုနာဗိုင်းရပ်ကို ကုသရာမှာ အလုပ်ဖြစ်မယ်လို့ ယုံကြည်တဲ့အကြောင်းထပ်ခါထပ်ပြောပါတယ်။

SZ(Timeayeyar)

No comments:

Post a Comment