Latest News

Thursday, April 2, 2020

COVIC 19 ကို ဟိုက္ဒရိုဆီကလိုရိုကြင္းတိုက္ေကြ်းျပီးကုသ


အမေရိကန်၊ဒက်ထရိုက်က ဟင်နရီဖို့ဆေးရုံမှာ ကိုဗစ်၁၉ကြောင့် အခြေအနေဆိုးရွားနေတဲ့လူနာတွေကိုဟိုက်ဒရိုဆီကလိုရိုကွင်းကို တိုက်ကျွေးကုသပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၂၀ သတင်းစာရှင်းလင်းပွဲမှာဟိုက်ဒရိုဆီကလိုရိုကွင်းဆေးကို ညွှန်းဆိုထားတာကြောင့် လူအများရဲ့အာရုံစိုက်မှုခံခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ဒီဆေးဟာ ကရိုနာဗိုင်းရပ်စ်တိုက်ဖျက်ဖို့ တကယ်ပဲထိရောက်မှုရှိသလားဆိုတာ ဆွေးနွေးမှုတွေအတော်တော်များများဖြစ်လာခဲ့ပါတယ််။

ဟင်နရီဖို့ဆေးရုံကကူးစက်ရောဂါအထူးကုဒေါက်တာ မားကပ်စဇားဗော့စ်က  သူ့ဆေးရုံမှာ ဒီဆေးကို အလွန်အခြေအနေဆိုးရွားနေတဲ့လူနာတွေကို တိုက်ကျွေးကုသခဲ့တယ်လို့ပြောပါတယ်။

"သာမာန်ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့လူနာတွေ၊ပြင်ပလူနာတွေကို ဒီဆေးကိုအသုံးမပြုပါဘူး။
အခြေအနေအင်မတန်ဆိုးရွားနေတဲ့ ဆေးရုံတက်ကုသနေရပြီဖြစ်တဲ့လူနာတွေကိုပဲဒီဆေးကိုတိုက်ကျွေးကုသပါတယ်" လို့သူကပြောပါတယ်။

ဒေါက်တာဇားဗော့က "ဟိုက်ဒရိုအောက်စီကလိုရိုကွင်းပေးရတဲ့ရည်ရွယ်ချက်က လူနာကို အသက်ရှုရခက်တဲ့အခြေအနေကသက်သာအောင်နဲ့ နမိုးနီးယားပိုပြီးဆိုးရွားမလာစေဖို့ဖြစ်ပါတယ်။
ဒီဆေးဟာ ကိုဗစ်ကိုတိုက်ဖျက်ဖို့အတွက်တစ်ခုတည်းသောဆေးဖြစ်တယ်လို့ ကျနော်မပြောချင်ပါဘူး။

ဒီထက်ပိုပြီးအချက်အလက်တွေလိုအပ်ပါသေးတယ်။ လူနာတွေကို အရေးပေါ်ဌာကိုရောက်သွားပြီး သေဆုံးမသွားအောင်အလွန်ခက်ခဲတဲ့အနေအထားကိုရောက်နေတဲ့အချိန်မှာ ကျနော်တို့အကောင်းဆုံးလုပ်ဆောင်နေကြတာပါ။ဒီဆေးပေးပြီးကုသတာထက်ပိုပြီးကောင်းတဲ့အခြားရွေးချယ်စရာတွေလည်းရှိမှာပါ။

အခုသိသလောက်က ဒီဆေးဟာ ဗိုင်းရပ်အရေအတွက်ကိုလျှော့ချပေးတယ်။တရုတ်ပြည်ကလေ့လာမှုတွေအရ ဆေးရုံမှာနေရချိန်နည်းသွားပြီးရောဂါထပ်တိုးလာမှုမရှိဘူးလို့သိရပါတယ်။"

ဟိုက်ဒရိုအောက်ဆီကလိုရိုကွင်းရဲ့ဘေးထွက်ဆိုးကျိုးကိုလျှော့ချဖို့ သူက ဟိုက်ဒရိုအောက်ဆီကလိုရိုကွင်းနဲ့အဇီသရိုမိုက်ဆင်နဲ့ ဒေါ့ဆီဆိုက်လင်းကိုတွဲဖက်တိုက်ကျွေးပါတယ်။ (combinations of hydroxychloroquine with azithromycin and with doxycycline )

ဒီဆေးဟာ ကရိုနာဗိုင်းရပ်ကိုတိုက်ဖျက်ဖို့တစ်ခုတည်းသောဆေး၊အစွမ်းထက်မြက်တဲ့ဆေးလို့သူကမညွှန်းဆိုပါဘူး။ဆရာဝန်တွေဒီဆေးကိုသုံးရခြင်းက ဆိုးကျိုးထက် ကောင်းတဲ့ရလာဒ်တွေပိုရတယ်လို့ယူဆလို့ပဲဖြဖစ်တယ်လို့ ပြောပါတယ်။

"ဗိုင်းရပ်စ်တွေကိုသတ်နိုင်တဲ့အကြောင်းက ဒီဆေးက ခန္ဓာကိုယ်ရဲ့ခုခံမှုစနစ်ကို နှိုးဆွလိုက်တာကြောင့်ပါ။အဲဒီမှာ ခန္ဓာကိုယ်ရဲ့ခုခံမှုစနစ်အလွန်အမင်းလုပ်ဆောင်မှုတွေဖြစ်ပေါ်လာတယ်။အဇီသရိုမိုက်ဆင်ကတော့ ဟိုင်ဒရိုအောင်ဆီဆေးတိုက်ကျွေးမှုကြောင့်ဖြစ်ပေါ်လာတဲ့အလွန်အမင်းလုပ်ဆောင်မှုကိုလျှော့ချပေးလိုက်ပါတယ်။"

ပြင်သစ်ပြည် မာဆယ်လ်မှာ စတင်သုံးစွဲပြီး ရလာဒ်ကောင်းတွေထွက်ခဲ့တာကြောင့် ဟိုက်ဒရိုအောက်စီကလိုရိုကွင်းကိုသုံးစွဲကုသဖို့သမ္မတထရမ့်ကိုယ်တိုင်ကညွှန်းဆိုခဲ့ပြီးFDA ကလည်းဒီဆေးကို အရေးပေါ်သုံးစွဲခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ကူးစက်ရောဂါကုသရေးကျွမ်းကျင်သူ စိန့်လူးဝစ်ဆေးရုံက ဂျီးန်မိုက်ကယ်မိုလီနာဦးစီးပြီး ဒီဆေးကိုတိုက်ကျွေးကုသကြည့်တဲ့အခါ ဘာအကျိုးကျေးဇူးထူးခြားမှုမှမရှိဘူးလို့ဆိုပါတယ်။ဒါကြောင့်ဒီဆေးပေးပြီးကုသမှုကျယ်ကျယ်ပြန့်ပြန့်ဖြစ်မလာခင် ရပ်တန့်သင့်တယ်လို့ဆိုပြန်ပါတယ်။

ဟိုက်ဒရိုအောင်ဆီကလိုရိုကွင်းကို အဆစ်ရောင်နာ၊ငှက်ဖျား၊လူပတ်စ်ရောဂါတွေကိုကုသရာမှာသုံးစွဲပါတယ်။ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးကနှလုံးကိုပြဿနာဖြစ်စေတာပါ။ဒီဆေးတိုက်ကျွေးချိန်မှာ နှလုံးခုန်နှုန်းကိုစစ်ဆေးစောင့်ကြပ်ကြည့်ရှုဖို့လိုအပ်တာကြောင့် ဆေးရုံတက်ကုသတဲ့လူနာတွေကိုသာဒီဆေးကိုတိုက်ကျွေးလေ့ရှိပါတယ်။
SZ(Time Ayeyar)
COVIC 19 ကို ဟိုက္ဒရိုဆီကလိုရိုကြင္းတိုက္ေကၽြးၿပီးကုသ
By  timeayeyar 

အေမရိကန္၊ဒက္ထရိုက္က ဟင္နရီဖို႔ေဆး႐ုံမွာ ကိုဗစ္၁၉ေၾကာင့္ အေျခအေနဆိုးရြားေနတဲ့လူနာေတြကိုဟိုက္ဒရိုဆီကလိုရိုကြင္းကို တိုက္ေကၽြးကုသပါတယ္။

သမၼတ ေဒၚနယ္ထရမ့္က မတ္ ၂၀ သတင္းစာရွင္းလင္းပြဲမွာဟိုက္ဒရိုဆီကလိုရိုကြင္းေဆးကို ညႊန္းဆိုထားတာေၾကာင့္ လူအမ်ားရဲ့အာ႐ုံစိုက္မႈခံခဲ့ရပါတယ္။ အဲဒီအခ်ိန္ကစလို႔ဒီေဆးဟာ ကရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ဖို႔ တကယ္ပဲထိေရာက္မႈရွိသလားဆိုတာ ေဆြးေႏြးမႈေတြအေတာ္ေတာ္မ်ားမ်ားျဖစ္လာခဲ့ပါတယ္္။

ဟင္နရီဖို႔ေဆး႐ုံကကူးစက္ေရာဂါအထူးကုေဒါက္တာ မားကပ္စဇားေဗာ့စ္က  သူ႔ေဆး႐ုံမွာ ဒီေဆးကို အလြန္အေျခအေနဆိုးရြားေနတဲ့လူနာေတြကို တိုက္ေကၽြးကုသခဲ့တယ္လို႔ေျပာပါတယ္။

"သာမာန္ဗိုင္းရပ္စ္ကူးစက္ခံေနရတဲ့လူနာေတြ၊ျပင္ပလူနာေတြကို ဒီေဆးကိုအသုံးမျပဳပါဘူး။
အေျခအေနအင္မတန္ဆိုးရြားေနတဲ့ ေဆး႐ုံတက္ကုသေနရၿပီျဖစ္တဲ့လူနာေတြကိုပဲဒီေဆးကိုတိုက္ေကၽြးကုသပါတယ္" လို႔သူကေျပာပါတယ္။

ေဒါက္တာဇားေဗာ့က "ဟိုက္ဒရိုေအာက္စီကလိုရိုကြင္းေပးရတဲ့ရည္ရြယ္ခ်က္က လူနာကို အသက္ရႈရခက္တဲ့အေျခအေနကသက္သာေအာင္နဲ႔ နမိုးနီးယားပိုၿပီးဆိုးရြားမလာေစဖို႔ျဖစ္ပါတယ္။
ဒီေဆးဟာ ကိုဗစ္ကိုတိုက္ဖ်က္ဖို႔အတြက္တစ္ခုတည္းေသာေဆးျဖစ္တယ္လို႔ က်ေနာ္မေျပာခ်င္ပါဘူး။

ဒီထက္ပိုၿပီးအခ်က္အလက္ေတြလိုအပ္ပါေသးတယ္။ လူနာေတြကို အေရးေပၚဌာကိုေရာက္သြားၿပီး ေသဆုံးမသြားေအာင္အလြန္ခက္ခဲတဲ့အေနအထားကိုေရာက္ေနတဲ့အခ်ိန္မွာ က်ေနာ္တို႔အေကာင္းဆုံးလုပ္ေဆာင္ေနၾကတာပါ။ဒီေဆးေပးၿပီးကုသတာထက္ပိုၿပီးေကာင္းတဲ့အျခားေရြးခ်ယ္စရာေတြလည္းရွိမွာပါ။

အခုသိသေလာက္က ဒီေဆးဟာ ဗိုင္းရပ္အေရအတြက္ကိုေလၽွာ့ခ်ေပးတယ္။တ႐ုတ္ျပည္ကေလ့လာမႈေတြအရ ေဆး႐ုံမွာေနရခ်ိန္နည္းသြားၿပီးေရာဂါထပ္တိုးလာမႈမရွိဘူးလို႔သိရပါတယ္။"

ဟိုက္ဒရိုေအာက္ဆီကလိုရိုကြင္းရဲ့ေဘးထြက္ဆိုးက်ိဳးကိုေလၽွာ့ခ်ဖို႔ သူက ဟိုက္ဒရိုေအာက္ဆီကလိုရိုကြင္းနဲ႔အဇီသရိုမိုက္ဆင္နဲ႔ ေဒါ့ဆီဆိုက္လင္းကိုတြဲဖက္တိုက္ေကၽြးပါတယ္။ (combinations of hydroxychloroquine with azithromycin and with doxycycline )

ဒီေဆးဟာ ကရိုနာဗိုင္းရပ္ကိုတိုက္ဖ်က္ဖို႔တစ္ခုတည္းေသာေဆး၊အစြမ္းထက္ျမက္တဲ့ေဆးလို႔သူကမညႊန္းဆိုပါဘူး။ဆရာဝန္ေတြဒီေဆးကိုသုံးရျခင္းက ဆိုးက်ိဳးထက္ ေကာင္းတဲ့ရလာဒ္ေတြပိုရတယ္လို႔ယူဆလို႔ပဲျဖဖစ္တယ္လို႔ ေျပာပါတယ္။

"ဗိုင္းရပ္စ္ေတြကိုသတ္နိုင္တဲ့အေၾကာင္းက ဒီေဆးက ခႏၶာကိုယ္ရဲ့ခုခံမႈစနစ္ကို ႏွိုးဆြလိုက္တာေၾကာင့္ပါ။အဲဒီမွာ ခႏၶာကိုယ္ရဲ့ခုခံမႈစနစ္အလြန္အမင္းလုပ္ေဆာင္မႈေတြျဖစ္ေပၚလာတယ္။အဇီသရိုမိုက္ဆင္ကေတာ့ ဟိုင္ဒရိုေအာင္ဆီေဆးတိုက္ေကၽြးမႈေၾကာင့္ျဖစ္ေပၚလာတဲ့အလြန္အမင္းလုပ္ေဆာင္မႈကိုေလၽွာ့ခ်ေပးလိုက္ပါတယ္။"

ျပင္သစ္ျပည္ မာဆယ္လ္မွာ စတင္သုံးစြဲၿပီး ရလာဒ္ေကာင္းေတြထြက္ခဲ့တာေၾကာင့္ ဟိုက္ဒရိုေအာက္စီကလိုရိုကြင္းကိုသုံးစြဲကုသဖို႔သမၼတထရမ့္ကိုယ္တိုင္ကညႊန္းဆိုခဲ့ၿပီးFDA ကလည္းဒီေဆးကို အေရးေပၚသုံးစြဲခြင့္ျပဳလိုက္ၿပီျဖစ္ပါတယ္။

ကူးစက္ေရာဂါကုသေရးကၽြမ္းက်င္သူ စိန႔္လူးဝစ္ေဆး႐ုံက ဂ်ီးန္မိုက္ကယ္မိုလီနာဦးစီးၿပီး ဒီေဆးကိုတိုက္ေကၽြးကုသၾကည့္တဲ့အခါ ဘာအက်ိဳးေက်းဇူးထူးျခားမႈမွမရွိဘူးလို႔ဆိုပါတယ္။ဒါေၾကာင့္ဒီေဆးေပးၿပီးကုသမႈက်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္မလာခင္ ရပ္တန႔္သင့္တယ္လို႔ဆိုျပန္ပါတယ္။

ဟိုက္ဒရိုေအာင္ဆီကလိုရိုကြင္းကို အဆစ္ေရာင္နာ၊ငွက္ဖ်ား၊လူပတ္စ္ေရာဂါေတြကိုကုသရာမွာသုံးစြဲပါတယ္။ဒီေဆးရဲ့ေဘးထြက္ဆိုးက်ိဳးကႏွလုံးကိုျပႆနာျဖစ္ေစတာပါ။ဒီေဆးတိုက္ေကၽြးခ်ိန္မွာ ႏွလုံးခုန္ႏႈန္းကိုစစ္ေဆးေစာင့္ၾကပ္ၾကည့္ရႈဖို႔လိုအပ္တာေၾကာင့္ ေဆး႐ုံတက္ကုသတဲ့လူနာေတြကိုသာဒီေဆးကိုတိုက္ေကၽြးေလ့ရွိပါတယ္။
SZ(Time Ayeyar)

No comments:

Post a Comment