ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အသုံးပြုမည့် အထူးကြပ်မတ်ကုသဆောင်များ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး
ရန်ကုန် ဧပြီ ၁၁
ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် လိုအပ်ပါက အသုံးပြုမည့် ကျန်းမာရေးစင်တာအဖြစ် မွမ်းမံ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ အထူးကြပ်မတ်ကုသ ဆောင်(ICU) လေးဆောင်မှာ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက် လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။
ကျန်းမာရေး စင်တာအဖြစ် ကြိုတင်မွမ်းမံပြင်ဆင်ရေး လုပ်ငန်း များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ မြန်မာ နိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်၊ ပုဂ္ဂလိကဆေးရုံများ အသင်းတို့မှ ပူးပေါင်းပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်ပြီး အတည်ပြု လူနာများထားရှိမည့် အထူးကြပ်မတ် ကုသဆောင်များအတွက် အမိုးနှင့် မျက်နှာကြက်များ လဲလှယ်ခြင်း၊ အတွင်းရှိ နံရံအကာများအား ပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
“ကျန်းမာရေး စင်တာကို အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့အတွက် ဆောင်ရွက်နေတာမို့ လက်ရှိ လူနာ ဆောင် ငါးဆောင်ရဲ့ အဆောက်အအုံ အကြမ်းထည်လုပ်ငန်းတွေ ဆောင် ရွက်ပြီးစီးနေပြီ ဖြစ်ပါတယ်။ ဧပြီ ၁၉ ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လေ့ကျင့်မှုလုပ်ပါ့မယ်။ လာရောက် တာဝန်ထမ်းဆောင်ကြမယ့် ဆရာဝန်၊ သူနာပြုများ အပါအဝင် ကုသမှု အထောက်အကူပြု ပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ နေထိုင်ရေး၊ စားသောက်ရေးတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းချုပ် အထွေထွေအတွင်း ရေးမှူးချုပ် ဦးမျိုးမြင့်က ပြောသည်။
ယခုအခါ အဆိုပါနေရာအား ပြင်ဆင်ရေးလုပ်ငန်းများ အလျင် အမြန် ဆောင်ရွက်ပြီးစီးနိုင်ရေး အတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်မှ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းများအား တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ဆောက်လုပ် ရေးဝန်ကြီးဌာနမှ ဖောင်ကြီး အဝင် လမ်း လွယ်ကူချောမွေ့စွာသွားလာ နိုင်ရေးအတွက် လမ်းဖောက်ခြင်း လုပ်ငန်းကို လည်းကောင်း၊ နယ်စပ်/ စည်ပင်မှ အမှိုက်စွန့်ပစ်ရန် သွားသည့် လမ်းဆောင်ရွက်ခြင်း လုပ်ငန်းများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဆေးရုံသုံးပစ္စည်းများ မီးရှို့ဖျက်ဆီးရန်အတွက် အမှိုက်မီးရှို့ စက် ဆောင်ရွက်သည့်လုပ်ငန်းများ၊ YESC မှ ထရန်စဖော်မာတပ်ဆင်ခြင်း လုပ်ငန်းများအပါအဝင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ဝိုင်ဖိုင်ရရှိ စေရန်အတွက် Myanmar Net တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ လင်းညွန့်
Sunday, April 12, 2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အသုံးပြုမည့် အထူးကြပ်မတ်ကုသဆောင်များ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အသုံးပြုမည့် အထူးကြပ်မတ်ကုသဆောင်များ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး
Reviewed by Ar Ti
on
12:38 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment