Latest News

Monday, December 2, 2019

ကမာၻပတ္ေနေသာဆိုင္းဘုတ္တစ္ခုအား ေဝဖန္ျခင္း


ဟိုတစ္ေန႔က ဘားအံၿမိဳ႕မွာ  ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲအတြက္..ဆိုင္းဘုတ္တစ္ခု ေထာင္လိုက္ပါတယ္.. အဲဒီဆိုင္းဘုတ္ဟာ ေဝဖန္သံေတြ မ်ားခဲ့သလို ကမာၻ႔မီဒီယာႀကီးတခ်ိဳ႕မွာ ေဖာ္ျပၾကတဲ့အထိ ျပန႔္ႏွံ႔ခဲ့ပါတယ္..
..
AFP သတင္းဌာနက စတင္ေဖာ္ျပလိုက္ကဲ့ ဒီပုံကို ႏိုင္ငံေတာ္ေတာ္မ်ားမ်ားရဲ႕ သတင္းဌာနေတြက ထပ္မံေဖာ္ျပလိုက္တဲ့အတြက္...ဒီပုံတစ္ပုံထဲေၾကာင့္..ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ျပည္သူေတြက ကမာၻကို ေပးခ်င္တဲ့ message ဟာ အမွားျဖစ္သြားပါေတာ့တယ္...
..
ဒီကိစၥဟာ ေပါ့ေသးေသး မဟုတ္သလို.ဆိုင္းဘုတ္တစ္ခု ျပန္ ျဖဳတ္ခ်လိုက္႐ုံနဲ႔ ၿပီးသြားတဲ့ကိစၥမဟုတ္ပါဘူး..
ဆိုငိးဘုတ္ကို ျပန္ျဖဳတ္ခ်လိုက္လို႔ ျပည္တြင္းမွာ ေက်နပ္သြားၾကေပမဲ့..ကမာၻ႔မီဒီယာေတြမွာက ျပန႔္ႏွံ႔ၿပီးျဖစ္သလို အဲဒီမီဒီယာေတြက သတင္းေတြကိုဖတ္တဲ့ သန္းေပါင္းမ်ားစြာေသာ ကမာၻသားေတြအေနနဲ႔ ႏုုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို အဓိပၸါယ္ေကာက္လြဲသြားတာကေတာ့ ျပန္ျဖည္လို႔ မရႏိုင္ေတာ့ပါဘူး..
..
အဲဒီေတာ့..ဒီ ဒီဇိုင္းကို ဘယ္လို ဆြဲသလဲ ဆိုတာကို..
ကြၽန္ေတာ္ေလ့လာၾကည့္မိပါတယ္..
ကြၽန္ေတာ္ဟာ ၂၀၁၉ ဒီဇင္ဘာ ၁၀ ရက္ေန႔ပြဲအတြက္ ေနာက္ခံဗီႏိုင္းတဲ့ ပိုစတာ ဖိတ္စာအားလုံးကို တာဝန္ယူထားတဲ့ အထူးသတင္းႏွင့္ျပန္ၾကားေရးေကာ္မတီက ျဖစ္တဲ့အတြက္...ဒီ ကိစၥကို လြတ္လပ္စြာေဝဖန္ၾကည့္ပါမယ္...
..
ပထမ ပုံမွာေတြ႕ရတာက..ႏုုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ယူနီေဖာင္းဝတ္ ၃ ေယာက္ရဲ႕ expression ျဖစ္ပါတယ္.. ဒီပုံဟာ ေလ့လာသိရွိရသေလာက္.. သမၼတဦးထင္ေက်ာ္ စတင္တာဝန္ထမ္းေဆာင္တဲ့အခမ္းအနားလို႔ထင္ပါတယ္..
၂၀၁၆ တုန္းက ႐ိုက္ကူးထားတဲ့ပုံပါ..ဒီပုံကို ဒီဇိုင္းလုပ္တဲ့သူဟာ .ဒီ expression ကို ရေအာင္ ထည့္သြားပါတယ္..သေဘာက အားလုံး သင့္သင့္ျမတ္ျမတ္နဲ႔ အဆင္ေျပေနၾကတယ္ဆိုတဲ့ျပယုဂ္ပါ...
ဒီလို ၄ ေယာက္စလုံး ရယ္ၿပဳံးေနတဲ့ပုံဟာ ေတာ္ေတာ္ရွာရခက္တဲ့ပုံတစ္ပုံပါ..
..
..
ဒုတိယ ေတြ႕ရတာက ICJ အျပည္ျပည္ဆိုင္ရာတရားစီရင္ေရး႐ုံးစိုက္တဲ့ နယ္သာလန္ႏိုင္ငံ သဟုဂ္
ၿမိဳ႕က ၿငိမ္းခ်မ္းေရးနန္းေတာ္ Peace Palace အေဆာက္အဦးပါ... အဲဒီအေဆာက္အဦးကို စနစ္တက် cut လုပ္ၿပီး ထည့္ထားသလို အေရွ႕က ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ က်န္သုံးေယာက္ရဲ႕ မ်က္ႏွာေတြေပၚလြင္ေအာင္ ထည့္ထားပါတယ္..
..
..
တတိယက We Stand With You ပါ....
အဲဒီစာလုံးက အသက္ပါ..
ႏိုင္ငံတကာ သတင္းေတြမွာ
အဓိက ေရးတာ အဲဒီစာလုံးကိုပါပဲ....
Design လုပ္သူဟာ ႏွံ႔စပ္ပုံရပါတယ္..
ဒီဇိုင္းပုံမွာ..လူေလးေယာက္ပါဝင္တာကို..
We Stand with Daw Aung San Suu Kyi တို႔
We Stand With Amay Suu တို႔ မသုံးပဲ. We Stand With You ဆိုတဲ့စာလုံးကို ဘာလို႔သုံးသလဲ..
ေလ့လာမိတယ္
..
သတိထားမိတာက..You ဆိုတာ တစ္ဦးဆိုင္
အသုံးျပဳလို႔ရသလို အမ်ားအေနနဲ႔လည္း
အသုံးျပဳလို႔ရပါတယ္...
တနည္းအားျဖင့္ We Stand With You ဆိုတာ ေလးေယာက္စလုံးကို ရပ္တည္တယ္လို႔ ႏိုင္ငံတကာက အလြယ္တကူ အဓိပၸါယ္ေကာက္လို႔ရပါတယ္..
အဲဒီလိုလည္း ေကာက္ခ်ခ်သြားသူ မ်ားပါတယ္..
..
..
လူအမ်ားစုသိတာက ယူနီေဖာင္းဝတ္ ၃ ေယာက္ ပါတယ္ပဲသိလို႔ လိုင္းေပၚမွာ..ေဝဖန္ၾကတာျဖစ္‌ေပမဲ့....
တကယ္က ကမာၻကျမင္သြားတာေတြက...
..
👉ICJ တရား႐ုံးေရွ႕မွာ..အတူတကြၿပဳံးရယ္ေနတဲ့ ႏုိ္င္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဒီေလးေယာက္ နဲ႔..ေရွ႕က စာက.. မင္းတို႔အားလုံးဖက္က ငါတို႔ရပ္တည္တယ္....ဒီ message ပါပဲ..👈
..
ဆိုလိုတာက ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကိုသာမက..ျပည္သူကိုပါ
ကမာၻကအျမင္ေစာင္းသြားတာကေတာ့ ျငင္းစရာမရွိပါဘူး..

အားလုံးကို ၿခဳံငုံသုံးသပ္ရရင္
ေတာ္ေတာ္ ေၾကာက္စရာေကာင္းေအာင္ သက္ေရာက္မႈႀကီးသြားတဲ့..ဒီ..ဒီဇိုင္းဟာ..
Photoshop Designer က သူ႔ဘာသူလုပ္တာလား
တစ္ဦးတစ္ေယာက္က အိုင္ဒီယာေပးတာလားဆိုတာ..
ကာယကံရွင္ေတြပဲ သိၾကပါလိမ့္မယ္..
..
ကြၽန္ေတာ့္ရဲ႕အယူအဆကေတာ့..
ဒီပုံထဲက ကြၽန္ေတာ္ေထာက္ျပတဲ့ ..
အခ်က္ ၃ ခ်က္ဟာ..
တိုက္ဆိုင္တာလား..Psywar ကြၽမ္းက်င္သူေတြလုပ္တဲ့ ဒီဇိုင္းလား..ဆိုတာကေတာ့..ဆိုတာက..
ေဝဖန္ဖို႔..ေနာက္က်.သြားပါၿပီ..
..
ေနာက္လာမဲ့ အားေပးေထာက္ခံပြဲေတြအတြက္..
အသုံးျပဳမဲ့.ပုံ..ဒီဇိုင္း..စာသားေတြဟာ..
ကမာၻကို ခ်ျပမွာျဖစ္တဲ့အတြက္...အခုလို..
ဝါဒျဖန႔္ခ်ိမႈေထာင္ေခ်ာက္ထဲမေရာက္ေအာင္..
မျဖစ္ရေလေအာင္..ကြၽန္ေတာ္တို႔ကိုယ္တိုင္ ထိန္းကြပ္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္...
..
ဒီဆိုင္းဘုတ္‌တစ္ခုေၾကာင့္ ကမာၻက သိသြားတဲ့ message အမွားကို ကြၽန္ေတာ္တို႔ရဲ႕ ေထာက္ခံပြဲေတြမွာ..ေျပာင္းလဲႏိုင္ေအာင္ႀကိဳးစားၾကဖို႔နဲ႔..
..
ဘယ္သူ႔ကိုမွေဝဖန္ပုတ္ခတ္ျခင္းမျပဳလုပ္ပဲ..
ရည္႐ြယ္ခ်က္ေတြအတိုင္းသာ ဒီအခမ္းအနားကို ၿငိမ္းခ်မ္းစြာနဲ႔..က်င္းပဖို႔ လိုတယ္ဆိုတာ..သတိေပးရင္း..
..
..
Yan Aung
သတိမူ၍ ဂူုျမင္ႏိုင္ၾကပါေစ
YNHT(KOREA)
...............

စဉ်းစားဆင်ချင်နိုင်ဖို့ပါ
ကမ္ဘာပတ်နေသောဆိုင်းဘုတ်တစ်ခုအား ဝေဖန်ခြင်း
ဟိုတစ်နေ့က ဘားအံမြို့မှာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက်..ဆိုင်းဘုတ်တစ်ခု ထောင်လိုက်ပါတယ်.. အဲဒီဆိုင်းဘုတ်ဟာ ဝေဖန်သံတွေ များခဲ့သလို ကမ္ဘာ့မီဒီယာကြီးတချို့မှာ ဖော်ပြကြတဲ့အထိ ပြန့်နှံ့ခဲ့ပါတယ်..

AFP သတင်းဌာနက စတင်ဖော်ပြလိုက်ကဲ့ ဒီပုံကို နိုင်ငံတော်တော်များများရဲ့ သတင်းဌာနတွေက ထပ်မံဖော်ပြလိုက်တဲ့အတွက်...ဒီပုံတစ်ပုံထဲကြောင့်..ကျွန်တော်တို့နိုင်ငံရဲ့ပြည်သူတွေက ကမ္ဘာကို ပေးချင်တဲ့ message ဟာ အမှားဖြစ်သွားပါတော့တယ်...

ဒီကိစ္စဟာ ပေါ့သေးသေး မဟုတ်သလို.ဆိုင်းဘုတ်တစ်ခု ပြန် ဖြုတ်ချလိုက်ရုံနဲ့ ပြီးသွားတဲ့ကိစ္စမဟုတ်ပါဘူး..

ဆိုငိးဘုတ်ကို ပြန်ဖြုတ်ချလိုက်လို့ ပြည်တွင်းမှာ ကျေနပ်သွားကြပေမဲ့..ကမ္ဘာ့မီဒီယာတွေမှာက ပြန့်နှံ့ပြီးဖြစ်သလို အဲဒီမီဒီယာတွေက သတင်းတွေကိုဖတ်တဲ့ သန်းပေါင်းများစွာသော ကမ္ဘာသားတွေအနေနဲ့ နုုိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အဓိပ္ပါယ်ကောက်လွဲသွားတာကတော့ ပြန်ဖြည်လို့ မရနိုင်တော့ပါဘူး..

..

အဲဒီတော့..ဒီ ဒီဇိုင်းကို ဘယ်လို ဆွဲသလဲ ဆိုတာကို..
ကျွန်တော်လေ့လာကြည့်မိပါတယ်..
ကျွန်တော်ဟာ ၂၀၁၉ ဒီဇင်ဘာ ၁၀ ရက်နေ့ပွဲအတွက် နောက်ခံဗီနိုင်းတဲ့ ပိုစတာ ဖိတ်စာအားလုံးကို တာဝန်ယူထားတဲ့ အထူးသတင်းနှင့်ပြန်ကြားရေးကော်မတီက ဖြစ်တဲ့အတွက်...ဒီ ကိစ္စကို လွတ်လပ်စွာဝေဖန်ကြည့်ပါမယ်...
..

ပထမ ပုံမှာတွေ့ရတာက..နုုိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူနီဖောင်းဝတ် ၃ ယောက်ရဲ့ expression ဖြစ်ပါတယ်.. ဒီပုံဟာ လေ့လာသိရှိရသလောက်.. သမ္မတဦးထင်ကျော် စတင်တာဝန်ထမ်းဆောင်တဲ့အခမ်းအနားလို့ထင်ပါတယ်..

၂၀၁၆ တုန်းက ရိုက်ကူးထားတဲ့ပုံပါ..ဒီပုံကို ဒီဇိုင်းလုပ်တဲ့သူဟာ .ဒီ expression ကို ရအောင် ထည့်သွားပါတယ်..သဘောက အားလုံး သင့်သင့်မြတ်မြတ်နဲ့ အဆင်ပြေနေကြတယ်ဆိုတဲ့ပြယုဂ်ပါ...
ဒီလို ၄ ယောက်စလုံး ရယ်ပြုံးနေတဲ့ပုံဟာ တော်တော်ရှာရခက်တဲ့ပုံတစ်ပုံပါ..

..

ဒုတိယ တွေ့ရတာက ICJ အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးရုံးစိုက်တဲ့ နယ်သာလန်နိုင်ငံ သဟုဂ်
မြို့က ငြိမ်းချမ်းရေးနန်းတော် Peace Palace အဆောက်အဦးပါ... အဲဒီအဆောက်အဦးကို စနစ်တကျ cut လုပ်ပြီး ထည့်ထားသလို အရှေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်သုံးယောက်ရဲ့ မျက်နှာတွေပေါ်လွင်အောင် ထည့်ထားပါတယ်..

..
တတိယက We Stand With You ပါ....
အဲဒီစာလုံးက အသက်ပါ..
နိုင်ငံတကာ သတင်းတွေမှာ
အဓိက ရေးတာ အဲဒီစာလုံးကိုပါပဲ....
Design လုပ်သူဟာ နှံ့စပ်ပုံရပါတယ်..
ဒီဇိုင်းပုံမှာ..လူလေးယောက်ပါဝင်တာကို..
We Stand with Daw Aung San Suu Kyi တို့
We Stand With Amay Suu တို့ မသုံးပဲ. We Stand With You ဆိုတဲ့စာလုံးကို ဘာလို့သုံးသလဲ..
လေ့လာမိတယ်
..
သတိထားမိတာက..You ဆိုတာ တစ်ဦးဆိုင်
အသုံးပြုလို့ရသလို အများအနေနဲ့လည်း
အသုံးပြုလို့ရပါတယ်...

တနည်းအားဖြင့် We Stand With You ဆိုတာ လေးယောက်စလုံးကို ရပ်တည်တယ်လို့ နိုင်ငံတကာက အလွယ်တကူ အဓိပ္ပါယ်ကောက်လို့ရပါတယ်..
အဲဒီလိုလည်း ကောက်ချချသွားသူ များပါတယ်..
..
..

လူအများစုသိတာက ယူနီဖောင်းဝတ် ၃ ယောက် ပါတယ်ပဲသိလို့ လိုင်းပေါ်မှာ..ဝေဖန်ကြတာဖြစ်‌ပေမဲ့....
တကယ်က ကမ္ဘာကမြင်သွားတာတွေက...

..

👉ICJ တရားရုံးရှေ့မှာ..အတူတကွပြုံးရယ်နေတဲ့ နို်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီလေးယောက် နဲ့..ရှေ့က စာက.. မင်းတို့အားလုံးဖက်က ငါတို့ရပ်တည်တယ်....ဒီ message ပါပဲ..👈

..

ဆိုလိုတာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုသာမက..ပြည်သူကိုပါ
ကမ္ဘာကအမြင်စောင်းသွားတာကတော့ ငြင်းစရာမရှိပါဘူး..

အားလုံးကို ခြုံငုံသုံးသပ်ရရင်
တော်တော် ကြောက်စရာကောင်းအောင် သက်ရောက်မှုကြီးသွားတဲ့..ဒီ..ဒီဇိုင်းဟာ..
Photoshop Designer က သူ့ဘာသူလုပ်တာလား
တစ်ဦးတစ်ယောက်က အိုင်ဒီယာပေးတာလားဆိုတာ..
ကာယကံရှင်တွေပဲ သိကြပါလိမ့်မယ်..

..

ကျွန်တော့်ရဲ့အယူအဆကတော့..
ဒီပုံထဲက ကျွန်တော်ထောက်ပြတဲ့ ..
အချက် ၃ ချက်ဟာ..
တိုက်ဆိုင်တာလား..Psywar ကျွမ်းကျင်သူတွေလုပ်တဲ့ ဒီဇိုင်းလား..ဆိုတာကတော့..ဆိုတာက..
ဝေဖန်ဖို့..နောက်ကျ.သွားပါပြီ..

..

နောက်လာမဲ့ အားပေးထောက်ခံပွဲတွေအတွက်..
အသုံးပြုမဲ့.ပုံ..ဒီဇိုင်း..စာသားတွေဟာ..
ကမ္ဘာကို ချပြမှာဖြစ်တဲ့အတွက်...အခုလို..
ဝါဒဖြန့်ချိမှုထောင်ချောက်ထဲမရောက်အောင်..
မဖြစ်ရလေအောင်..ကျွန်တော်တို့ကိုယ်တိုင် ထိန်းကွပ်စောင့်ကြည့်ရမှာဖြစ်ပါတယ်...

..

ဒီဆိုင်းဘုတ်‌တစ်ခုကြောင့် ကမ္ဘာက သိသွားတဲ့ message အမှားကို ကျွန်တော်တို့ရဲ့ ထောက်ခံပွဲတွေမှာ..ပြောင်းလဲနိုင်အောင်ကြိုးစားကြဖို့နဲ့..
..

ဘယ်သူ့ကိုမှဝေဖန်ပုတ်ခတ်ခြင်းမပြုလုပ်ပဲ..
ရည်ရွယ်ချက်တွေအတိုင်းသာ ဒီအခမ်းအနားကို ငြိမ်းချမ်းစွာနဲ့..ကျင်းပဖို့ လိုတယ်ဆိုတာ..သတိပေးရင်း..
..
..

Yan Aung

သတိမူ၍ ဂူုမြင်နိုင်ကြပါစေ

YNHT(KOREA)

No comments:

Post a Comment