Latest News
Friday, November 29, 2019
ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ် တောကျောင်းအုပ်စု
ကျောင်းတော်လေးရွာမှာ၊ လွန်ခဲ့တဲ့ သုံနှစ်လောက်က
ကရင်လူငယ် အမြင်ဖွင့်သင်တန်း ကျ င်းပခဲ့တယ်။။
လာရောက်တက်လာကြတဲ့ ကရင်လူငယ်တွေဟာ
ဧရာဝတီတိုင်းက မြို့နယ်စုံသလောက်ရှိသလို လူဦးရေ
၁၀၀ကျော်လောက်ရှိခဲ့ပါတယ်။
အဲဒီ သင်တန်းမှာ ပုသိမ်ကလာတဲ့ ကရင်လူငယ်တစ်ယောက်ဟာ
သီချ င်းတွေနဲ့ ဖျော်ဖြေဖို့ ရောက်လာခဲ့ပါတယ်။
သင်တန်းမစခင်လေး တစ်ယောက်နဲ့ တစ်ယောက်
မိတ်ဆက်တဲ့ အစီအစဉ်တွေ ပြောကြတဲ့ခါ
ဘယ်သူက နာမည်ဘယ်လို
ဘယ်မှာနေ ဘာအလုပ်တွေလုပ်
ဘာကျောင်းတွေတက်ဆိုပြီ မိတ်ဆက်ကြတာ
သူ့ အလှည့်ရောက်လာတော့ သူ့ကိုယ်သူ မိတ်ဆက်တယ်။
နာမည်က စောခရစ် မူးလာ
ပုသိမ်မှာနေတာ
အလုပ်အကိုင် ဝါသနာက
အဲဒီမှာပဲ သူရှေ့ဆက်ပြောဖို့ စကားက ရပ်သွားတယ်
ပြောရင်ကောင်းမလား မကောင်းဘူးလား
ဝေခွဲမရတဲ့ မျ က်လုံးနဲ့ သူ့ကိုလှောင်ကြမလား
အားငယ်တဲ့ မျက်ဝန်းနဲ့
ပြီးမှ အားတင်းပြီးပြောပါတယ်။
အလုပ်အကိုင် ဝါသနာက သီချ င်းဆိုတာပါ
ခုမှ အိုင်ဒေါကနေ ဝင်ပြိုင်ပြီ အရွေးမခံရလို့ ပြန်လှည့်လာရတယ်
ရယ်သံတွေ ထွက်လာတယ် ရယ်သံတွေ စဲသွားမှ
သူစကားကိုဆက်ပါတယ်။
ဒါပေမဲ့ သီချ င်းကို ဆက်ဆိုမှာပါ
တစ်နေ့မှာ တစ်နိုင်ငံလုံးက အသိအမှတ်ပြုတဲ့
အဆိုတော် တစ်ယောက်ဖြစ်ဖို့ထိ ရည်မှန်းချက် ထားထားတယ်
ဖြစ်အောင်လုပ်မယ်လို့ ပြောချလိုက်ပါတယ်။
သူ့စကားဆုံးတော့ လက်ခုတ်သံတွေ ညံသွားတယ်
သူ့စကားအပေါ်မှာ အမ် ိဳ းမ် ိဳ းမွတ္ခ် က်တွေ ပေးကြလိမ့်မယ်။
အပြောကြီးတာ စိတ်ကူးယဉ်တာ ရူးသွတ်တာ
ရည်မှန်းချ က်ကြီးတာ ဝါသနာကို စောက်ချလုပ်တာ
စသည် စသည်ဖြစ်ပေါ့
ဒီအဖြစ်အပျ က်ကိုလည်း သင်တန်းက လူငယ်တွေ
မေ့သွားကြတယ်။
ခုတစ်ခါ မူးလာက ပြန်ပေါ်လာတယ်
တီဗီရှေ့မှာ အိုင်ဒေါစင်ပေါ်မှာ
မူးလာ လေ သင်တန်းတုန်းက လာပြီ သီချ င်းဆိုခဲ့တာ
အဲတုန်းက မြန်မာအိုင်ဒေါ ဝင်ပြို င်ပြီး အရွေးမခံရလို့
စိတ်အားငယ်တဲ့ချိန် ကရင်လူငယ်သင်တန်းမှာ
လာရောက် ပူးပေါင်းတာ ပုသိမ်က လာတာ
သင်တန်းတက်ခဲ့တဲ့ လူငယ်တွေက သူ့ကို အမှတ်ပြန်ရလာတယ်
သူ့အကြောင်းကို ပြန်ပြောလာတယ်။
တကယ်ဖြစ်ချ င် တကယ်လုပ် အဟုတ်ဖြစ်ရမယ်
ဒီစကားက မူးလာအတွက်လား
သေချာတာက ပြိုင်ပွဲရှိလို့ ဝင်ပြိုင်လိုက်တဲ့ သဘော
မဟုတ်တာသေချာတယ်
သူ့အိပ်မက်အတွက် သူ့ ဝါသနာအတွက်
သူ့အနုပညာအတွက် ကြီးမားတဲ့ ရည်မှန်းချ က်ကို ချ ခဲ့ပြီး
သူလျောက်လှမ်းခဲ့တာ
အကြိမ်ကြိမ် သူကျရှုံးခဲ့တယ် သူစိတ်မပျ က်ခဲ့ဘူး
သူ့အားနည်းချ က်ကို သူရှာဖွေတယ် သူပြုပြင်တယ်
ခုတော့ သူ့ရဲ့ အားထုတ်မှု သူ့ရဲ့ ကြိုးစားမှုအတွက်
ဆုလာဒ်တစ်ခုကို သူရခဲ့ပြီး
ပရိတ်သတ်တွေ အားပေးသူတွေရဲ့ မဲစနစ်ကပဲ အဆုံးအဖြတ်ပေးပြီး ရှေ့ဆက်ရတဲ့ပွဲမှာ သူဟာ သူ့အလုပ်ကို စိတ်အားထက်သန်စွာ
ဖြူ စင်ရိုးသားစွာ မာယာ ပရိယာယ်မပါ
အကောင်းဆုံး ပရိတ်သတ်တွေအတွက်
ကြိုးစားကာ ပေးဆပ်ရင်းနဲ့
အိပ်မက် ခရီးလမ်းကို လျောက်လှမ်းနေတဲ့ မူးလာ
ပရိတ်သတ်တွေရဲ့ ရင်ထဲ ဘယ်လောက်ထိရောက်အောင်
သူစွမ်းဆောင်နိုင်မလဲ
ပရိတ်သတ်တွေရဲ့ ချီးမြောက်မှုနဲ့ ဘယ်လောက်ထိ
ဒီပြိုင်ပွဲမှာ သူရှေ့ဆက်နိုင်မလဲ တွေးရင်း တွေးရင်း
အနာဂါတ်ခရီးလမ်းအတွက် စိတ်အားငယ်နေတဲ့
စိတ်ဓာတ်ကျ ဆင်းနေတဲ့ အိပ်မက်တွေ ဝေဝါးနေတဲ့
လူငယ်များအတွက်
မူးလာ စောခရစ်မူးလာဟာ
အတုယူစရာ စံထားစရာ အားဆေးတစ်ခွက်
ဖြစ်စေတော့မှာပါ။
အမျိုးများအားလုံး ကျန်းမာချ မ်းသာကြပါစေ။
Mahn Taw Pantanaw
No comments:
Post a Comment