Latest News

Monday, December 2, 2019

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ဒေါ်အောင်ဆန်းစုကြည် ပေါ် အမြင်


တနင်္လာနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုသည် လူးဝစ်ဗီး တက္ကသိုလ် ရှိ ဟောပြောပွဲ စင်မြင့်သို့ ရောက်ရှိလာခဲ့သည်။

ထိုသို့ ရောက်ရှိလာရသည်မှာလည်း သူသည်နောက်နှစ်တွင် ကင်းဆပ် ပြည်နယ် ကိုယ်စား
ပြု အထက်လွှတ်တော် အမတ် အဖြစ် ဝင်ရောက် အရွေးခံဖို့ ရှိနေတဲ့ အတွက် သူ၏
အမြင်ကို သိရအောင် ရီပတ်ဘလီကင် အထက်လွှတ်တော်၏ လူများစု ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေကြီးမစ်ခ်ျ မက်ကွန်းနယ် က စီစဉ်ခဲ့တာ ဖြစ်ပြီး
သူကိုယ်တိုင် မေးခွန်းမေးခဲ့ပါတယ်။

မစ်ခ်ျ သည် မိုက် ပွန်ပီယို အား သူ မျော်လင့်ထားသည့် အဘယ်ကြောင့် ကင်းဆပ် ပြည်
နယ်ကို ကိုယ်စားပြုချင် သနည်း ဆိုသောမေးခွန်းကို မမေးပဲ Whats your take on Aung San Suu Kyi? ဆိုပြီး ဒဲ့ဒိုးမေးချလိုက်ပါတယ်။ ဆိုလိုတာကတော့ သူမအပေါ်
ခင်ဗျား အနေနဲ့ ဘယ်လို သဘောထားလဲပဲ ဖြစ်ပါတယ်။

ပြီးတော့ မစ်ခ်ျ က အခုလို ဆက်ပြောခဲ့ပါတယ်။

"ခင်ဗျားလည်း သိပြီး ဖြစ်တဲ့ အတိုင်း က္ဖျန်တော် နဲ့ အောင်ဆန်းစုကြည်က သူ အကျယ်
ချုပ် ကျခံနေရစဉ်အတွင်းကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိခဲ့တယ်။ စာပေးစာယူ
တွေလည်း လုပ်ခဲ့ဖူးတယ်၊ ကျွန်တော်အနေနဲ့စစ်အာဏာရှင် စနစ်ကနေ အနောက်ကို ယိမ်း
လာစေဖို့ တ​ဆင့်ပြီးတဆင့် ဖြစ်ပေါ်လာအောင် ကြိုးပမ်းမှုတွေကိုလည်း အတော်စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့တယ်၊ ဒါပေမယ့်အခု ဒါတွေအားလုံး နောက်ကို ပြန်ဆုပ်လာနေတာ တွေ့နေရတယ်၊
သူ့ကိုလည်းစစ်တပ်ကိုဆန့်ကျင် ပြောဆိုတာတွေ မရှိဖူး၊ ရိုဟင်ဂျာ
တွေအပေါ် သူတို့ ကျုးလွန်ခဲ့တဲ့ ရက်စက်ကြမ်း ကြုပ်မှုတွေ အပေါလည်း ပြင်းပြင်းထန်
ထန် မတုန့်ပြန်ခဲ့ဖူး ဆိုပြီး အတော်လေး ဝေဖန်ခံနေရတယ်"

နိုင်ငံခြားရေး ၀န်ကြီး မိုက် ပွန်ပီယိုက အခုလို ပြန်ဖြေသွားပါတယ်။

"အမေရိကန် ပြည်ထောင့်စု အနေနဲ့ကတော့ခေါင်းဆောင်ကို မရွေးချယ်ပဲ ထွက်ပေါ်လာ
တဲ့ ရလဒ်ကိုပဲ ကြည့်ပါတယ်၊ ဒါကြောင့်လည်းစစ်တပ်ကို ဖိအားပေးဖို့ ကျွန်တော်တို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်ခဲ့တာလည်း လူကြီးမင်း သိမြင်ပြီးလောက်ပြီ ထင်ပါတယ်၊ အရင် အစိုးရက ဒါမျိုး လုပ်ဖို့ ငြင်းခဲ့ပါတယ်။ ဒီလူတွေကအတော်ကို ဆိုးဆိုးဝါးဝါး လုပ်ခဲ့တဲ့လူတွေပါ။
ဒီနေရာမှာတော့ ကျွန်တော်တို့ အားလုံးကိုအထိတ်တလန့် ဖြစ်စေလောက်တဲ့ လုပ်ရပ်
တွေကို ကျုးလွန်ခဲ့ကြတဲ့ လူတွေပါ"

မူဆလင် များ အပေါ် ဒီလို ကျုးလွန်ခဲ့တဲ့စစ်အုပ်စုသည် ယခုထိ အရေးပါတဲ့ အာဏာ
များကို ဆုပ်ကိုင်ထားဆဲ ဖြစ်တယ်လို့လည်းပြောသွားပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတ်သက်ပြီးအခုလို ပြောသွားပါတယ်။

"သူ့အနေနဲ့လည်း အတော်ကို ဦးနှောက်စားနေမှာပါပဲ။ ကျွန်တော်တို့ကတော့ မှန်ကန်
တဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်တဲ့ လုပ်ရပ်မှန်သမျ ကြိုးစားသွားနိုင်လိမ့်မယ်လို မျှော်
လင့်နေဆဲ ဖြစ်ပါတယ်၊ မှန်ကန်တဲ့ ရလဒ်ဆိုတာကလည်း တိုင်းပြည်နဲ့ ပြည်သူတွေအတွက်
မှန်ကန်တဲ့ လမ်းကြောင်းပေါ် ကို ဆွဲတင် ဦးဆောင်သွားနိုင်မယ်လို့ သူမစိတ်ထဲက
နှစ်နှစ်ကာကာ ယုံကြည်နေတာကနေ ထွက်ပေါ်လာမှာ ကို ပြောတာ ဖြစ်ပါတယ်။"

ရည်ညွန်း၊ ၊ Roll Call (US)

Hla Soewai

No comments:

Post a Comment