Latest News

Saturday, November 2, 2019

လူ့ ဘောင်သစ်နှစ်ခြမ်းကွဲခဲ့ခြင်းရဲ့ အစ အင်အားတွေဖြိုခွဲခံရပုံ



သမိုင်းဆိုတာ အရှိတရားကိုပြသခြင်းပဲ ခါးသက်တာတွေပါချင်ပါမယ် မကြားချင်မမြင်ချင်တာတွေပါချင်ပါမယ်
ညီညွတ်ချင်ရင် သင့်မြတ်ချင်ရင်
သမိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို
အမှန်အတိုင်းလက်ခံအသိအမှတ်ပြုရပါလိမ့်မယ်

ဟစ်တလာပြောသလို လိမ်ပါများရင်
အဟုတ်လို့ထင်လာလိမ့်မယ်ဆိုတဲ့မူက
သမိုင်းမဟုတ်တဲ့အတွက်
ကြာရှည်မခံပါဘူး၊

လူ့ ဘောင်သစ်နှစ်ခြမ်းကွဲခဲ့ခြင်းရဲ့ အစ အင်အားတွေဖြိုခွဲခံရပုံ
××××××××××××××××××××××××××××××××××××××××××
လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ကျောင်းသားပါတီ)ရဲ့ ပထမအကြိမ်ညီလာခံကို ၁၉၈၉ခုနှစ်ဧပြီလ ၂၂ရက်နေ့က ၂၄ရက်နေ့ထိ ကျင်းပခဲ့ပါတယ် ။

ဒီညီလာခံကနေ ထိပ်ပိုင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတဲ့ ကိုမိုးဟိန်းနဲ့ကိုရဲနိုင်အောင်(ကိုဝ)တို့ဟာ သာမန်ဗဟိုအလုပ်အမူဆောင် အဆင့်နဲ့သာအရွေးချယ်ခံခဲ့ရပါတယ်။

..
။ဒီနောက်မှာတော့ သူတို့ နဲ့အတူအောက်ပါ စာပါအတိုင်း လက်မှတ်ထိုးထားတဲ့ သူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်ကို ဗဟို အလုပ်အမူဆောင်သစ်ကို ဆိုင်းငံ့ပေးဖို့အတွက် ညီလာခံပြီးတဲ့နောက်တရက်ဖြစ်တဲ့ ဧပြီလ ၂၅ရက်နေ့မှာပဲ အကြောင်းကြားစာကိုပေးပို့ခဲ့တာဖြစ်ပါတယ် ။

အဲဒီနောက်မှာတော့ သူတို့ရဲ့ ဗဟိုအလုပ်ဆောင်အမူဆောင်အသစ်ကို သူတို့ ဖာသာရွေးချယ်ခဲ့ပြီး ၃၈လမ်းမှာဌာနချုပ် ပြန်လုပ်ခဲ့ပါတယ် ။

အဲဒီအချိန် ပထမအကြိမ်ညီလာခံကနေ ရွေးချယ်တင်မြှောက်ထားပြီး အားကောင်းမူရှိနေတဲ့ လူဘောင်သစ်ဗဟိုအလုပ်အမူဆောင်အသစ်ဟာ ဖိအားပေးမူတွေအများအပြားကြုံရပြီးစစ်ထောက်လှန်းရေးတွေရဲ့ ဖမ်းဆီးခြင်းတွေလည်းခံနေရပါတယ် ။

နောက်ဆုံးမှာရွေးကောက်ပွဲကော်မရှင်ကနေ တဖက်သတ်ပဲ ကိုမိုးဟိန်း ကိုရဲနိုင်အောင် တို့ ဦးစီးတဲ့ ၃၈လမ်းက လူ့ ဘောင်သစ်ကိုအသိမှတ်ပြုကြောင်း သတင်းစာထဲမှာ ထုတ်ဖော်ရေးသားခဲ့ပါတယ် ။

အဲဒီလို့ သတင်းစာထွက်တဲ့နေ့ မှာပဲ အနော်ရထာလမ်းနဲ့ဆူလေးဘုရားလမ်းဒေါင့်မှာရှိတဲ့ ချစ်စိန်ဒံပေါက်ဆိုင်ရဲ့ အပေါ်ထပ်မှာ ဌာနချုပ်လုပ်ထားတဲ့ ပထမအကြိမ်ညီလာခံကနေရွေးချယ်ခံထားရတဲ့ ဗဟိုအလုပ်အမူဆောင်အသစ်အဖွဲ့ ကို ၂၄နာရီအတွင်းဖယ်ရှားပေးဖို့ မဖယ်ပေးရင် ရှင်းလင်းတော့မှာဖြစ်ကြောင်း စပီကာတွေနဲ့အော်ပြီး စစ်သားအင်းအားအပြည့်ပါတဲ့စစ်ကား ၁၀စီခန့်နဲ့ ဖိအားပေးမူတွေဖြစ်လာခဲ့ပါတယ် ။

အဲဒီအချိန်မှာ ဘယ်အင်အားစုက ပိုအားကောင်းသလဲ စစ်အစိုးရက ဘယ်အင်အားစုကို ဖြိုခွဲမလဲ ဘယ်သူကို ချီးမြှောက်မလဲဆိုတာကတော့ အဲဒီခေတ်ကာလ နိုင်ငံရေးကို သိရှိမှီလိုက်သူတွေ စဉ်းစားတွေးခေါ်နိုင်လိမ့်မယ်လို့ယူဆပါတယ် ။

ဘယ်သူတွေဟာ အသုံးချခံတွေဖြစ်ခဲ့သလဲ ဘယ်သူတွေဟာ ရဲဘော်တွေစိတ်ဝမ်းကွဲအောင်လုပ်ခဲ့ကြသလဲ သမိုင်းမှာ ပါတီကို နံမည်ပျက်နဲ့ဖြစ်အောင်လုပ်ခဲ့ကြသလဲဆိုတာတွေကတော့ နောက်မျိုးဆက်တွေ ရှာဖွေဖတ်ရူ့ ကြနိုင်မှာပါ။

ဘယ်သူတွေဟာ ဘယ်လိုရပ်တည်ပြီးနိုင်ငံရေးကိုဆက်လုပ်ခဲ့ကြသလဲ ဆိုတာလည်း နောက်ထပ်ရေးသားဖော်ထုတ်သွားရမှာဖြစ်ပါတယ် ။

အဲဒီနေ့ကတော့ လူဘောင်သစ်ပါတီရဲ သမိုင်းဆိုင်ရာ ရုံးစာရွက်စာတမ်းတွေအားလုံးကို ညမိုးချုပ်တဲ့အထိ ဆူးလေလမ်းမပေါ်ကိုအလျင်အမြန်ချပြီး လူ့ ဘောင်သစ်ရဲဘော်တွေ ရွေ့ ပြောင်းနိုင်ရေးကိုအမြန်စီစဉ်မူတွေလုပ်ခဲ့ရပါတယ် ။

အဲဒီနေ့တွေကတော့ ၃၈လမ်းလူဘောင်သစ်ဟာ အာဏာပိုင်နဲ့ပေါင်းပြီး ကိုယ့်အချင်းချင်းကိုနင်း ပါတီကိုလက်ဝါးကြီးအုပ် ခဲ့တဲ့ လုပ်ရပ်တွေကြောင့် တိုင်းနဲ့ မြို့ နယ်အသီးသီးကပါတီဝင်ရဲဘော်တွေအကွဲကွဲအပြဲပြဲဖြစ်ရတာ ပါတီ ၂ခြမ်းကွဲခဲ့ရတာတွေ ဖြစ်ခဲ့ရပါတယ်။

အဲဒီရက်တွေဟာ ဖိအားပေးမူတွေအများအပြားနဲ့ နိုင်ငံရေးကို တက်ကြွစွာလုပ်နေတဲ့ ကျောင်းသားတွေရဲ့ စိတ်ဓါတ်တွေကို ရိုက်ချိုးခံခဲ့ရတဲ့ တသက်မမေ့နိုင်တဲ့ နာကျည်းစရာကောင်းတဲ့ နေ့ရက်တွေပေါ့ !!!!!

ဒါတွေကို နောင်မျိုးဆက်သစ်တွေသင်္ခန်းစာယူနိုင်ကြပါစေ။

(16၊10 19)

31နှစ်ပြည့် နှစ်ပတ်လည်
ဒီနေ့ ဒီရက်ရောက်တိုင်း နောင်မျိုးဆက်သစ်လူငယ်တွေ
သိသင့်သိထိုက်တာတွေကို ချပြပေးတာပါ
ကျန်တာတော့သင်တို့ ရဲ့ဆင်ခြင်တုံတရားနဲ့သာ
စဉ်းစားတွေးတောနိုင်ပါတယ်၊ လွတ်လပ်စွာသဘောထား
ကွဲလွဲနိုင်ပါတယ် ကျေးဇူးတင်ပါတယ်၊
Aye Aye Mar

No comments:

Post a Comment