ပုသိမ် နိုဝင်ဘာ ၂
အမှတ် ၂ ပုသိမ် မြစ်ကူး တံတားသစ် စီမံကိန်း အတွက် သိမ်းဆည်းခံရတဲ့ ပုသိမ်မြို့ တစ်ဘက်ကမ်း အမှတ် ၉နယ်မြေ စိန်ရတနာလမ်း ကတံတားတည်ဆောက်ရေး စီမံကိန်း အကြုံးဝင် သိမ်းဆည်းခံမြေယာနစ်နာကြေးမရရှိသေးဘူးလို့ ၎င်းသိမ်းဆည်းခံမြေယာပိုင်ရှင်များထံကသိရပါတယ်အဆောက် အအုံ နှင် ဆိုင်ခန်း များ ဖျက်သိမ်း ပြောင်းရွေ့မှု အတွက် လျှော်ကြေးငွေများ ရရှိပြီး မြေယာအတွက် နစ်နာကြေး မရရှိသေးတာပါ
မြေယာတွေအတွက်နစ်နာကြေးမရရှိဘဲအချိန်ကြာမြင့်လာရင်လူမူရေးစီးပွားရေးအခက်အခဲတွေဖြစ်လာနိုင်လို့လက်ရှိအခက်အခဲတွေနဲ့လည်းရင်ဆိုင်နေရလို့ နစ်နာကြေးအမြန်ဖြေရှင်းပေးစေလိုကြောင်းစိန်ရတနာလမ်းနေ မြေသိမ်းဆည်းခံရသူ ကိုကောင်းမြတ်ဝင်းက တိုင်းဧရာကိုပြောပါတယ်
၎င်းမြစ်ကူး တံတားသစ် စီမံကိန်းနယ်မြေ အတွင်း အကျုံးဝင် မြေအိမ်ယာ ၄၄ နေရာ ရှိ နေပြီး၁၉နေရာက မြေယာပိုင်ဆိုင်မှု အထောက်အထား တင်ပြ နိုင်သူ များဖြစ်ပြီး အချို့ ကနှစ်ရှည်နေလာပေမဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွား မှုတွေ ရှိနေပါတယ်
သိမ်းဆည်းခံမြေယာနစ်နာကြေးများကို ခုနှစ်ရက်အတွင်းအစိုးရအနေနဲ့မဖြေရှင်းပေးဘူးဆိုရင် အမှတ်၉နယ်မြေ စိန်ရတနာလမ်းကမြေသိမ်းဆည်းခံရသူတွေက နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်များထံ တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်
၎င်းသိမ်းဆည်းခံမြေယာနစ်နာကြေးများကို အမြန်ဖြေရှင်းပေးစေဖို့ အောက်တိုဘာ၃၁ရက်နေ့ကလည်း မြေယာသိမ်းဆည်းခံရသူ၁၉ဦးက ပုသိမ်မြို့အမှတ်၉နယ်မြေ စိန်ကုန်းကျောင်းတိုက်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်
အစိုးရအနေနဲ့ကတာ့မြေယာဆုံးရှုံး မှု အမှန် တကယ် နစ်နာ နေသူတွေ နစ်နာကြေး ရရှိဖို့ စီစဉ်နေတယ်လို့သိရပါတယ်
ပုသိမ်မြစ်ကူး တံတားသစ် အမှတ် ၂ ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ပန္နက်တင် မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ် မကုန်မီ အပြီး တည်ဆောက်ဖို့ သတ်မှတ် ထားပါတယ်
ရုပ်သံသတင်းထောက် ရွှေရည်ဝင်း
တည်းဖြတ် ရွှေရည်ဝင်း
Monday, November 4, 2019
ပုသိမ် မြစ်ကူး တံတားသစ် စီမံကိန်းအတွက် သိမ်းဆည်းခံမြေ နစ်နာကြေးမရရှိသေး
ပုသိမ် မြစ်ကူး တံတားသစ် စီမံကိန်းအတွက် သိမ်းဆည်းခံမြေ နစ်နာကြေးမရရှိသေး
Reviewed by timeayeyar
on
9:18 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment