Latest News

Tuesday, September 17, 2019

ဒေါ်အောင်ဆန်းစုကြည်ဟာ Oxford တက္ကသိုလ်က BA ဝိဇ္ဇာဘွဲ့ဘဲရခဲ့ပြီး ဘာကြောင့် အခု MA မဟာဝိဇ္ဇာဘွဲ့လို့ယူတပ်ထားရတာလဲ


MA (Oxford), MA (Cambridge)

ဒေါ်အောင်ဆန်းစုကြည်ဟာ Oxford တက္ကသိုလ်က BA ဝိဇ္ဇာဘွဲ့ဘဲရခဲ့ပြီး ဘာကြောင့် အခု MA မဟာဝိဇ္ဇာဘွဲ့လို့ယူတပ်ထားရတာလဲဆိုတဲ့ မေးခွန်းတချို့ကိုကြားရလို့ ကျနော်သိတာလေးပြောပြပါမယ် .. (သိပြီးသားသူတွေတော့အများကြီးရှိမှာပါ)..

Oxford, Cambridge နဲ့ Dublin တက္ကသိုလ်တွေကနေ BA ဘွဲ့ရအပြီး ၃ နှစ်လောက်ကြာယင် MA လို့ပြောင်းတပ်လို့ရတယ်ခင်ဗျ..
Elite ကျောင်းတော်ကြီးတွေရဲ့ဂုဏ်ထူးဆောင်သဘောပေါ့ .. ဟိုးရှေးပဝေသဏီထဲကရှိခဲ့တဲ့ထုံးစံ ..
အကြမ်ဖျဉ်းပြောရယင်တော့ Oxford, Cambridge, Dublin တက္ကသိုလ်တွေမှာ BA ဘွဲ့ရပြီး ၂နစ်ကျော် ၃ နှစ်လောက်ကြာယင် ဒီတက္ကသိုလ်ကြီးတွေရဲ့အသင်းဝင်ဖြစ်တာ ၇ နှစ်ပြည့်ပြီမို့ (ပထမနှစ်ကျောင်းသားဘဝကစတဲ့တက္ကသိုလ်၎နှစ်သက်တမ်း + BA ဘွဲ့ရအပြီး ၃နှစ် = ၇ နှစ်) စီနီယာကြီးတွေအဖြစ် ဂုဏ်ထူးဆောင် MA ဘွဲ့တပ်ခွင့်ပေးလိုက်တာပါဘဲ .. ကိုယ်တိုင်လျောက်ထားရတယ် .. Oxford နဲ့ Cambridge တော့မသိဘူး Dublin မှာတော့ စတာလင်ပေါင် ၆၀၀ ကျော်လောက်ပေးရတယ် ..

စာထပ်မသင်ဘဲ အလကားထပ်ရတဲ့ဂုဏ်ထူးဆောင်မာစတာ(မဟာ)ဘွဲ့ဆိုတော့ စာတွေထပ်သင်၊ Thesis တွေလုပ်၊ စာမေးပွဲတွေထပ်ဖြေပြီးမှရတဲ့ တခြားတက္ကသိုလ် MA မာစတာဘွဲ့တွေနဲ့ကွဲအောင် ဒီဘွဲ့ရှိတဲ့သူတွေဟာ MA of Oxford, MA of Cambridge စသဖြင့်ရေးရပါတယ် ..
ဒေါ်စုလဲရေးထားပါတယ် .. သူ့ရဲ့လွှတ်တော်ကိုယ်စားလှယ်လျှောက်လွှာမှာ MA (Oxford) လို့ရေးထားတာတွေ့တယ်..
အကြောင်းသိတွေကသိပြီး အကြောင်းမသိသူတွေကတော့ တကယ့်မဟာဘွဲ့ထင်ကြတာပေါ့ ..(စာတွေထပ်သင်ပြီးရတဲ့ဘွဲ့နဲ့ ဂုဏ်ထူးဆောင်ဘွဲ့ဘဲကွာတာပါ)
အငြင်းအခုန်တွေကတော့ရှိတယ် ..

• Quality Assurance Agency for Higher Education ဆိုတဲ့အဖွဲ့က ၂၀၀၀ ခုနှစ်ကသုတေသနစစ်တမ်းတခုလုပ်ခဲ့တယ်
• သူတို့စစ်တမ်းကောက်ခဲ့တဲ့အလုပ်ရှင် (ကုမ္ပဏီ)တွေထဲက ၆၂% ဟာ ဒီ Oxford, Cambridge, Dublin တက္ကသိုလ်တွေကစာထပ်မသင်ရဘဲအလကားပေးတဲ့ MA မဟာဘွဲ့နဲ့ တခြားတက္ကသိုလ်တွေမှာ သင်ယူလေ့လာပြီးမှရတဲ့ MA မဟာဘွဲ့ကွာခြားတယ်ဆိုတာကိုမသိကြဘူးတဲ့ ..
• ဒါဟာ အလုပ်လျှောက်သူတွေအတွက်နစ်နာချက်ဖြစ်နိုင်တယ်ဆိုပြီး Oxford, Cambridge နဲ့ Dublin တက္ကသိုလ်တွေရဲ့ဒီရှေးရိုးစွဲစံနစ်ကိုပယ်ဖျက်ဖို့ကြိုးပမ်းမှု သိပ်မကြာခင်ကဘဲ ဗြိတိသသျှပါလီမာန်တွင်းမှာရှိခဲ့တယ် ..
• Labour MP for Nottingham East နော်တင်ဟန်အရှေ့ပိုင်းမဲဆန္ဒနယ် လေဘာပါတီအမတ် Chris Leslie က ၂၀၁၁ ခုနှစ်မှာ “Masters’s Degrees (Minimum Standard) Bill” "မဟာဘွဲ့များအပ်နှင်းခြင်းဆိုင်ရာ အနည်းဆုံးရှိသင့်တဲ့စံနှုန်းဥပဒေ"သတ်မှတ်ဘို့အဆိုတင်သွင်းခဲ့တယ်.. သူ့အဆိုမအောင်မြင်ခဲ့ဘူး..

တကယ်တမ်းမှာတော့ Oxford, Cambridge တက္ကသိုလ်တွေမှာ BA ဘွဲ့ရပြီး ၂နစ်ကျော် ၃ နှစ်လောက်ကြာယင် တက္ကသိုလ်အသင်းဝင်စီနီယာကြီးတွေအဖြစ် ဂုဏ်ထူးဆောင် MA ဘွဲ့တပ်ခွင့်ပေးတယ်ဆိုတာကို ကျနော်က လွန်ခဲ့တဲ့ ၁၈ နှစ် လန်ဒန်မှာနေကထဲက မိတ်ဆွေကြီး ပါစကယ်ခူးသွယ် Pascal Khoo Thwe ပြောပြလို့ သိခဲ့တာ..
Cambridge တက္ကသိုလ်က English literature အင်္ဂလိပ်စာပေအဓိကနဲ့ ၁၉၉၄ လောက်မှာ BA ဘွဲ့ရခဲ့တဲ့ မိတ်ဆွေကြီး ပါစကယ်လဲ အခုဆို MA (Cambridge) ပေါ့ ..

Pascal Khoo Thwe ကတကယ်တော်တယ် .. သူရေးတဲ့ "From The Land of Green Ghosts: A Burmese Odyssey" ဆိုတဲ့ ဘဝဇာတ်လမ်းစာအုပ်ဟာ 2002 ခုနှစ် Kiriyama Prize စာပေဆုရခဲ့တယ် ..
ဟောလိဝုဒ်ကလဲရုပ်ရှင်ရိုက်မယ်ကြားတယ်.. စောင့်ကြည့်နေတာ .. သူ့ဇာတ်လမ်းမှာ မင်းသားဝင်လုပ်ပေးမယ်လဲပြောထားတာ အခုထိဇာတ်ညွှန်းကထွက်မလာသေးဘူး ..

မင်းသားလုပ်မဲ့လူလဲအိုပြီးသေတော့မယ်..

သန်းလွင်ထွန်း
၁၆ စက်တင်ဘာ ၂၀၁၉

No comments:

Post a Comment