Latest News

Friday, September 20, 2019

ခြေကျင်းစစ်ဆင်ရေး


ရွှေဝါရောင်တော်လှန်ရေး၏ အမှုတွဲ ၁၁ ဦးတွင် ဗွေဆော်ဦးထောင်ချခံရသူမှာ မိမိဖြစ်သည်။ အသင်းအဖွဲ့၆ ပုဒ်မဖြင့် ၈နှစ်ချလိုက်သည်။ ထောင်ကျပြီဆိုလျှင် ထောင်ဝင်နံပတ်လည်း ပြောင်းသွားသည်။ ဥပမာ ၁၂/က သို့ပြောင်းသွားသည် နောက်က ဂဏန်းတွေက တော့ထောင်မှတ်ပုံတင်နံပတ်တိုင်းဖြစ်သည်။ က-ဆိုသည် မှာ ကျဟုအဓိပ္ပါယ်ရပြီး၊မကျမီ နံပတ်တွင် (ခ) ဆိုတာပါသည်။ အဓိပ္ပါယ်က အချုပ်ဆိုသော အဓိပ္ပါယ်ဖြစ် သည်။ ထောင်ကျလျှင် ထောင်ဝတ်စုံအပြာတစ်စုံရသည်။ နောက် နေကြာစောင် ၂ ထည်ပေးသည်။ အ ကျင်းသားခံစားခွင့်ရပြီဖြစ်သည်။ ထောင်မကျမီက ဆံပင်ရှည်သူများ ကျလျှင်ပုံစံဆံပင် တစ်ကြိမ်တော့ညှပ် ရပါသည်။ နောက်ပိုင်းအရှည်ထားခြင်းက ပိုင်လျှင်ပိုင်သလိုပေါ့။ သို့သော်ပုံပျက်ပန်းပျက်ရှည်အောင်တော့ ထားခွင့်မရှိပါ။ ထောင်က ချမှတ်ထားသောစည်းကမ်းများကို လိုက်နာရတော့မည်ဖြစ်သည်။

မိမိသည် အချုပ်သားဘဝက ဂျစ်ကန်ကန်နေခဲ့သည်။ တွဲဘက်ထောင်တာဝန်ခံဆိုလျှင် အရုပ်လောက်သ ဘောထားသည်။ တစ်နေ့သားညွှန်ချုပ်က ရှောင်တခင်ဝင်စစ်ဆေးရာ မိမိစာဖတ်နေစဉ်ရောက်လာပြီး “နေ ကောင်းလားဟု မေးပါသည်။” မိမိကလည်း နေမကောင်းတော့ ခင်ဗျားက ဘာလုပ်ပေးနိုင်လို့လဲလို့ ပြန်မေး လိုက်ရာ ဆက်မစစ်တော့ဘဲလှည့်ပြန်သွားပါသည်။ တွဲဘက်ထောင်တာဝန်ခံ ဗိုလ်ကြီးနေစိုးလည်း အတော် လေးအဆူခံထိသွားသည်ဟုသိရပါသည်။ ထို၏အကျိုးဆက်က ထောင်ကျသည့် ညတွင်းချင်းပင် ထောင်မ ကြီးဆီသို့ညတွင်းချင်းပြောင်းရပါတော့သည်။

လာခေါ်မည့် အင်ဗျူးလင့်ကားမလာမီ နာရီဝက်အလိုတွင် အထုတ်ပြင်ထားရန်ထောင်ဝန်ထမ်းတစ်ဦးက လာပြီးအကြောင်းကြားထားပါသည်။ သုံးလတစ်ကြိမ် အခန်းပြောင်းထားနေကျဖြစ်၍ ဆယ်မိနစ်အတွင်းအ ကုန်ပြင်ပြီးပါပြီ၊ ဘာပစ္စည်းမှ မယ်မယ်ရရမရှိ၍ ပီနံအိပ်နှစ်လုံးဆိုလျှင် ပြည့်စုံနေပြီမဟုတ်ပါလား။

ညရှစ်နာရီခွဲခန့်တွင် အင်းစိန်ထောင်မကြီး၊ ငါးဆောင်၊ အခန်း(၈) အစွန်ဆုံးအခန်းသို့ရောက်ပါသည်။ (အခန်း နံပတ်မှားနိုင်) အခန်းတန်းစီးက ဘုရားစင်ရှေ့တွင်နေရာချပေးပြီး သူကတစ်ယောက်ကျော်တွင် အိပ်ပါသည်။ မိမိဘေးကသူမှာ KNU မှလှိုင်ဘွဲတွင်လက်နက်များဖြင့်မိပြီး သေဒဏ်မှ ကျွန်းဒဏ်ပြောင်းကျ နေသူဖြစ်သည်။ လွတ်ရန်တစ်လသာလိုတော့ပြီး ဘယ်ပြန်ရမယ်မှန်းမသိသူလည်းဖြစ်သည်။ အခန်းက အ ဆင်တော့ပြေသည် ညဘက်စာကောင်းကောင်းဖတ်ခွင့်ရသည်။ နိုင်ကျဉ်းမလို့လည်းဖြစ်နိုင်ပါသည်။ ပြဿ နာက မနက်ဆန်ပြုတ်ဝေတော့ကိုယ်ကမသိလိုက်၊ ခါတိုင်း တိုက်အပေါက်ဝလာပို့နေကျဆိုတော့ တန်းစီ သည့်အလေ့မရှိခြင်းကြောင့်လည်းဖြစ်မည်။ မနက် ၈း၀၀ နာရီလောက်ကျ ထောင်ဝတ်စုံလာပို့ပြီး မိန်းဂျေး ခြေကျင်းဘုတ်သို့ ခြေကျင်းရိုက်ရန်လာခေါ်မည်ဟုပြောသွားသည်။ မိမိလည်းပြုံးလိုက်မိသည် ငါထောင် သားကြီး ဖြစ်သွားပြီဘဲလို့ စိတ်ထဲက ရေရွတ်မိလိုက်သည်။

ခြေကျင်းဘုတ်ရောက်တော့ ခြေကျင်းက ရွေးစရာမရှိ တစ်ချောင်းထဲဖြစ်နေသည်။ တမင်ပညာပြခြင်းဖြစ် သည်။ သုံးစေ့နှင့်ထောင်အရာရှိကိုပြောတော့လည်း သူက ထောက်ကိုင်သူဖြစ်၍ ခြေကျင်းကိစ္စသူနှင့်မဆိုင် ဟုပြောပြီး ခေါင်းရှောင်သွားသည်။ နောက်ဆုံး တစ်ပိဿာခွဲလောက်ရှိသည့်ခြေကျင်းအရိုက်ခံလိုက်ရသည်။ မိမိလည်း တန်းစီးပေးလိုက်သည့် ဟင်းဂလက်( ခြေအိပ်ဖနောင့်ပွင့်) လေးဝတ်ပြီးသံခြေကျင်းမှ ရှမည့်အ ရေးကို ကာကွယ်လိုက်သည်။ ခြေကျင်းကို တတ်စရာကြိုးလည်းမရှိ လက်ကလည်းကိုင်မလျှောက်တတ်၍ ခြေကျင်းကို မြေတွင်ချကာ တရွတ်တိုက်ပြန်လာခဲ့သည်။ သာမာန်အကျင်းသားများက အံ့သြစွာဝိုင်းကြည့် ကြသည်။ ဒီလိုမြင်ကွင်းမျိုးတစ်ခါမှ မမြင်ဘူးကြချေ။ ဝန်ထမ်းများကလည်း ယခုလိုလျှောက်လာသူသည် သာမာန်အကျမဟုတ်သည်မှာ သေချာနေ၍ မမြင်ချင်ယောင်သာဆောင်နေကြသည်။ အဆောင်ထဲဝင်တော့ ခြေကျင်းသံကြောင့်ဝိုင်းကြည့်ကြသည်။ အခြားအခန်းမှ တန်းစီးများက လှမ်းဆဲပြီးပြေးထွက်လာသည် မိမိ ကိုမြင်တော့ လူသစ်ဖြစ်နေ၍ ငြိမ်သွားကြသည်။ သူတို့လည်း သဘောပေါက်ပါသည်။ ဤသူသည် သာမာန် အကျဉ်းသားမဟုတ်၊ နိုင်ကျဉ်းဖြစ်ရမည်ကို သဘောကောင်းကောင်းပေါက်ကြပါသည်။ မိမိအဆောင်က တန်းစီးကတော့ လက်မထောင်ပြပါသည်။

ရုံးထွက်လာခေါ်တော့ မိမိမှာ ထောင်ဝတ်စုံအပြာနှင့် ခြေကျင်းနှင့် ပီဘိထောင်သားကြီးလုံးလုံးဖြစ်နေပါပြီ။ Equipment အပြည့်အစုံဖြင့် တက်ကြွနေလေပြီ။ ထောင်ဗူးဝအတွက် မိန်းလမ်းကလျှောက်မယ်လုပ်တော့ ဝန်ထမ်းကတားပါသည်။ ထောင်ပိုင်ကြီး၊ ညွှန်ချုပ်တို့သာထိုလမ်းမှလျှောက်ပါသည်။ အခြားအရာရှိများ တောင်မလျှောက်ရပါဟုတားပါသည်။ မိမိကလည်း လမ်းတောင်အဲလိုခွဲခြားတာကို ဆန့်ကျင်ကြောင်း၊ လျှောက်လျှင် ထောင်တစ်နှစ်ဘဲတိုးမှာမလားလို့မေးရာ၊ ဝန်ထမ်းချွေးပျံနေပါသည်။ စက်ဖြင့် အရာရှိကိုလှမ်း ခေါ်ရာ သုံးစေ့နှင့်ဝန်ထမ်းရောက်လာပါသည်။ သူလည်းအောက်ကလမ်းမှ လျှောက်လာတာကို သတိထား မိပါသည်။ သူက မိမိတို့လက်ထက်မှ ထွင်ထားတာမဟုတ်ပါကြောင်း၊ ကိုလိုနီလက်ထက်ကတိုင်ရှိနေသည့် ဆိုးမွေဖြစ်ကြောင်း၊ အကျဉ်းထောင်လက်စွဲမှာကို ပါဝင်ပါကြောင်း၊ ယခုထိမပြင်ရသေး၍ မိမိတို့လည်း လိုက် နာနေရကြောင်းပြော၍ သူနှင့်အတူ အောက်လမ်းကဘဲလျှောက်ခဲ့သည်။ ခြေကျင်းကို တရွတ်ဆွဲလျှောက် နေ၍ သူ့တပည့်အား နောက်က ကိုင်ပေးခိုင်လို့ ဖုန်လုံးကြီးတော့ မထတော့ပါ။

မိန်းဂျေးဗူးဝထဲခေါင်းငုံ့ဝင်ပြီးသည်နှင့် ထိုခြေကျင်းကို ဂွမ်းကနဲပစ်ချလိုက်ပါတော့သည်။ မိန်းဂျေးထဲမှာ ထောင်ကျရုံးရှိ၍ ဒုထောင်ပိုင်က ထွက်လာပါသည်။ SB များကလည်းမိမိဘေး အသင့်ရပ်လိုက်ကြသည်။ ပြဿနာရှာဘို့မဟုတ်ဘဲ သူတို့တာဝန်ယူထုတ်ရမည့်သူဖြစ်၍ ကာကွယ်ခြင်းဖြစ်သည်။ ဒုထောင်ပိုင်က ဘာ ဖြစ်တာလည်းမေးတော့ မိမိအား တစ်ပိဿာခွဲခြေကျင်း တမင်ရိုက်လွှတ်လိုက်ကြောင်း ရုံးထွက်မည်မျှဒုက္ခ ရောက်မည့်အကြောင်း သတင်းပို့လိုက်ရာ ဒုထောင်ပိုင်က တောင်းပန်ပြီး မိန်းဂျေးရုံးက တာဝန်ခံကိုလှမ်း ခေါ်လိုက်သံကြားရသည်။ SB များက အမြဲရယ်ရယ်မောမော ဟာသပြောတတ်သောမိမိအားခြေကျင်းဖြင့် မြင်လိုက်ရတော့စိတ်မကောင်းကြချေ။ ရုံးထုတ်ကားပေါ်ပွေ့တင်ကြသည်။ ခြေကျင်းကို ကိုင်ပေးကြသည်။ မိမိလည်းခြေကျင်းကို အသုံးချပြီး ကင်ပိန်းလုပ်နိုင်၍ ပျော်နေသည်။ တရားရုံးရောက်သည်နှင့် ကောင်း ကောင်းပညာပေးရဦးမည်ဟု တွေးပြီးပျော်နေမိတော့သည်။
Ashin Issariya
(အထူးတရားရုံးနှင့်ခြေကျင်းသံတညံညံကို ဆက်လက်ရေးပါဦးမည်)
ကျော်ကျော်နိုင်(မြစ်ခြေ) အမှုတွဲက သတိပေး၍ အမှတ်တရ ပြန်ရေးဖြစ်သည်။

No comments:

Post a Comment