Latest News

Saturday, September 21, 2019



"ကျွန်မတို့ခေတ်မှာ မိဘတွေအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကျူရှင်စနစ် ပပျောက်ရေးကို အစိုးရက ကြိုးပမ်းနေပါတယ်။ ဒါကိုဝင်ငွေပေါက် ပိတ်တယ်ဆိုပြီး မနှစ်မြို့တဲ့ ဆရာ၊ဆရာမများ ရှိနေတယ်ဆိုတာ ကြားရ၊ သိရတဲ့အခါ နိုင်ငံအတွက် အင်မတန်မှ စိတ်မကောင်း ဖြစ်ရပါတယ်။

ဒီလိုစိတ်ထားတွေကို ပယ်ဖျက်ပြီး၊ တစ်နိုင်ငံလုံး လင်းထိန်လာစေမယ့် ပညာရောင်ကို ထုတ်ဝေပေးချင်တဲ့ စိတ်ဓာတ်နဲ့ တာဝန်ကျေ သည်ထက် လွန်အောင် ဆောင်ရွက်ပေးကြပါလို့ ဆရာ၊ဆရာမ အားလုံးကို မေတ္တာရပ်ခံ ချင်ပါတယ်။ ဒီလို ဆရာ၊ဆရာမများရဲ့ ကြိုးပမ်းမှုတွေကို ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကျောင်းသားမိဘ၊ ရပ်မိရပ်ဘများကိုလည်း မေတ္တာရပ်ခံချင်ပါတယ် "
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
(ပြည်ထောင်စုအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သော သိပ္ပံဘာသာတွဲ၊ သိပ္ပံနှင့်ဝိဇ္ဇာ ပေါင်းစည်းဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်သည့် အခမ်းအနား)






No comments:

Post a Comment