Latest News

Monday, September 16, 2019

ငပုတောကဆရာဝန်တစ်ဦးရဲ့သူ့အတွေးသူ့အမြင်


ဧရာဝတီတိုင်းဒေသကြီး
မြောင်းမြမြို့နယ်..မဲကျော်ရွာမှ
ဦးတင်ဦး ၄၅နှစ်...ဟာ
မြွေဟောက် cobra
ကိုက်လို့ရောက်လာပါတယ်
၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၄ရက် ည၇နာရီခန့်မယ်
ငါးဖမ်းရင်းစတင်အကိုက်ခံရတယ်

သူများအိမ်မယ်အလုပ်လုပ်နေရ တော့ စာရင်းထိမ်းကိုမပြောခဲ့ဘူး
မြွေကဘယ်လောက်ထိခဲထားလဲဆိုရင် လက်နဲ့ မနဲဆွဲဖယ်တာတောင် မြွေခါးပြတ်ထွက်တယ်
ည၁၁နာရီလောက်မှအိမ်ရှင်ကသိ တော့ ကျနော့်ငပုတောဆေးရုံကိုလာကြပါတယ်
ည၁၂နာရီ၁၀မိနစ်ခန့်မယ်ရောက်လာပါပြီ
ဇက်ကျိုးကျနေပြီ
စကားပြောအာလေးနေပြီ
မျက်လုံးမဖွင့်နိုင်တော့ပါ
အသက်ရှူနဲနဲခက်နေပြီ
ကျနော်လက်ထောက်ဆရာဝန်က
မြွေဟောက်ဖြေဆေး ၈လုံး
ထိုးပြီးကျနော်ကို informပါတယ်
ကျနော်သွားကြည့်တော့မျက်လုံးမဖွင့်နိုင်ပဲ စကားပြောဝူးဝါးဝါးနဲ့
ဖြစ်နေပါပြီ
တချက်တချက်သတိလစ်သွားပါ တယ် အသက်ရှူမဝတဲ့အနေအထား
ုဖြစ်နေပါပြီ
ကျနော် ၁၂လုံးထပ်ထိုးတယ်
စုစုပေါင်းအလုံး ၂၀ပါ
200 mlပါ

မျက်စေ့တဝက်ခန့်ပွင့်လာပါတယ်
တဆက်တည်း နောက်ထပ်၁၀လုံးထပ်ထိုးပါတယ်

တနာရီအတွင်း အလုံး၃၀
300mlထိုးလိုက်ပါတယ်

မျက်စေ့လုံးဝပွင့်သွားပြီ

စကားပြောရလာပြီ
အာမလေးတော့ပါ
ဒီမနက်ပုံမှန်ဖြစ်သွားပြီ
အရည်တိုက်ပါတယ်
ခုညနေတခုဝင်ကြည့်တော့ good
ပါဗျာ

ကျနော် ခုလိုပြောပြနေတာဟာ
လေကျယ်တာမဟုတ်ဘူးဗျ

ပြောချင်တာက မြန်မာ့ဆေးဝါးစက်ရုံက မြွေဆိပ်ဖြေဆေးအကြောင်းပါ

ဒီလိုမြွေဟောက်ကိုက်လူနာကို BPIကထုတ်တဲ့ မြွေဆိပ်ဖြေဆေး
နဲ့ ကုသပေးလို့ အသက်ချမ်းသာရာ ရသွားတာပါ
ဆရာဒေါက်တာအောင်ဇော်ကို
ဝိုင်းတိုက်ခိုက်ပြောဆိုနေတဲ့
အချို့မနာလိုကြီးနေတဲ့ လူသားတွေကိုသိစေချင်တာပါ

အကယ်၍ မြွေဆိပ်ဖြေဆေးသာအာနိသင်မရှိဘူး
အာနိသင်နည်းပါးတယ်
စသည်ချို့ယွင်းချက်တခုခုရှိခဲ့သော်
ကျနော်ဒီလူနာရဲ့အသက်ကို
မကယ်တင်နိုင်ပါဘူး
BPIကထုတ်တဲ့ မြွေဆိပ်ဖြေဆေးကအစွမ်းထက်မြက်လို့သာ ခုလိုပျောက်ကင်းချမ်းသာရာ. ရတယ်ဆိုတာ မငြင်းနိုင်ပါဘူး

ဆေးကအလုံး ၃၀တောင်ထိုးရသလားလို့..လာမ မေးနဲ့...မြွေလူနာကုတာ ဘယ်လောက်ကျွမ်းကျင်လဲလို့ပြန်မေးလိုက်မယ်ဗျ

မြန်မာနိုင်ငံ မြွေကိုက်ရောဂါစီမံချက်မန်နေဂျာ
ရေးထားတဲ့ စာအုပ်အဝါလေးကို
ဖတ်ဘူးလားဗျာ
စာအုပ်ထဲမယ် အလုံး ၃၅လုံး
350mlထိ လိုအပ်သလိုထိုးရမယ်ဆိုတာ
လမ်းညွှန်ပြီးသား
ကျနော် ထိုစာအုပ်ကို ကြေညက်စွာ ဖတ်ထားပြီးသားပါ
စာရွက်လေးလဲတင်ပေးလိုက်တယ်
ကျနော်လိုအပ်ရင်ထိုးဘို့နောက် ထပ်၅လုံးကျန်ပါသေးတယ်
မထိုးရပါဘူး
ဆေးပမာဏ ဘောင်းအတွင်းမှာပဲ
ထိုးတာပါ
လွန်ခဲ့တဲ့ ၆လခန့်ကလဲ
ကလေးမလေးတယောက် ၂၈လုံးထိုးရတယ်..အဲ့တုံးကဆေးက ပထမBPIထုတ်အဝါပတ်နဲ့ဆေးပါ

အကယ်၍ဆေးသာ အာနိသင်နည်းပါးရင် လူနာသေပြီပေါ့
ခုမသေဘူးခင်ဗျာ မသေဘူးဗျ

ဒီဆေးဝါးတွေနဲ့ပဲ ပေါက်ခေါင်းမယ်
မြွေလူနာ ရာချီကုသပေးခဲ့တယ်
၅နှစ်အတွင်းမယ်
မြွေလူနာ ၄၀၀ကျော်ကိုကုသပေးခဲ့တာ
နောက်ကျလွန်းတဲ့ ၃ယောက်သာ
သေခဲ့ဘူးတယ်
ဒါကလဲ မနက်ထဲကကိုက်တာ
ည...နောက်နေ့မှရောက်တော့သေတာပေါ့
ဒါကြောင့်မို့ဆေးကစွမ်းတယ်
ကုသမှု မမှန်ရင်တော့
လူနာသေမှာပဲ...မြွေလူနာသေတာ
ဆေးအပစ်မဟုတ်ဘူးဆိုတာ
ကျနော်ပြောချင်တာ

မြွေလူနာကို စနစ်တကျ ကုသတတ်ဘို့လိုတယ်
ကျနော်က မာမီကြီးဆီမယ်ရော
အန်တီသိန်းဆီမယ်ရော
တပည့်ခံလေ့လားဆည်းပူးထား တာပါ
...................................
နောက်တခု
ကျနော်ပြောချင်တာ ဒေါက်တာ
အောင်ဇော်ကိစ္စပါ
ဆရာနဲ့ကမခင်ပါ.မတွေ့ဘူးပါ
ကျနော်ကကြိတ်လေးစားနေတဲ့
ဆရာပါ...သူကြိုးစားခဲ့လို့
သူလုပ်ပေးနေလို့ ကျနော်တို့ဆေးတွေကိုအလွယ်တကူသုံးစွဲနေရတယ်ဆိုတာ
လေ့လာသူကျနော်ကအရမ်းသိနေတယ်ဆိုတာပြောချင်တယ်
ဒီလောက် တော်တဲ့
ဒီလောက်ကောင်းတဲ့
ဆရာဒေါက်တာအောင်ဇော်ကို
ဘာဥပဒေတွေ ပုဒ်မတွေနဲ့
အရေးယူတာလဲ
စီးပွားရေးသမားများရဲ့ထိုးနှက်မှု
အောက်မယ် ဆရာခံရလေရော့သလား
အချင်းချင်းမနာလိုမှုတွေ
အချင်းချင်းသူထက်သာမနာလိုမှု တွေကြားဆရာခံရလေရော့သလား

ဒေါက်တာအောင်ဇော်ရဲ့နောက် ကြောင်းသမိုင်းရော မလေ့လာဘူးလား
အရမ်တော်သလို..ကောင်းတယ်ဗျ
လူတော်လူကောင်းပဲ
ဘယ်လောက်တောင်ထိုးနှက်ချင် နေကြလဲဗျာ
မလုပ်သင့်မလုပ်ထိုက်မလုပ်အပ်တဲ့
အောက်တန်းကျတဲ့ အလုပ်တွေမလုပ်ကြပါနဲ့ဗျ

ကျနော်ပြောမယ်
ဆရာဒေါက်တာအောင်ဇော်ဟာ
မြန်မာ့ဆေးဝါးစက်ရုံရဲ့ တိုးတက်မှု
အတွက်အလုပ်လုပ်ပေးနေခြင်း
မြန်မာနိုင်ငံတွင်ပဲအချို့
ဆေးဝါးများထုတ်လုပ်ခြင်းဖြင့်
ကျနော်တို့ကျန်းမာရေးဌာနမယ်
ပေါပေါများများသုံးစွဲနေရတာ
သူ့ကျေးဇူးကြောင့်ဆိုတာ
ကျနော်ပြောချင်တယ်

အဓိပ္ပါယ်မဲ့ လုပ်ရပ်တွေမလုပ်ကြပါနဲ့ဗျ

ဒေါက်တာစိုင်းဗေဒါ
ငပုတောကျန်းမာ

No comments:

Post a Comment