Latest News

Friday, June 14, 2019

အမြန်လမ်းမှာ ကားအောက်သံဆူးလိပ်ပစ်ထည့်သူများမှာ သစ်တောဝန်ထမ်းများဖြစ်နေ


အမြန်လမ်းမှာ ကားအောက်သံဆူးလိပ်ပစ်ထည့်သူများမှာ သစ်တောဝန်ထမ်းများဖြစ်နေ

တာဝန်သူ. ပြည်သူ တစ်ဦး သတင်းပေးချက်အရ အမြန်လမ်းမကြီးတပ်ဖွဲ့ဝင်များ မှ ဖော်ပြပုံပါ. ဖြစ်စဉ်နှင့်ပါတ်သက်၍ အဖြစ်မှန် ဖော်ထုတ် နိုင်ရေး အတွက် လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးတင်ထွဋ်ထံ ဆက်သွယ်မေးမြန်းစုံစမ်း ခဲ့ရာ

ဇွန်လ(၁၃)ရက်နေ့ နံနက်(၀၆၀၀)ခန့်အချိန်တွင်နေပြည်တော် မှ ရန်ကုန်ဘက်သို့ သစ်များတင်ဆောင်လာ သည်ဟု သတင်းရရှိသောမသင်္ကာဖွယ်ရာ Alphard ယာဉ်တစ်စီးအား တားဆီး စဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် နောက်မှလိုက်လံတားဆီးခဲ့ ကြောင်း

အဆိုပါ Alphard ယာဉ်သည် (၄)မိုင်(၂)ဖာလုံအနီးလမ်းဖြတ် မှ ဖြတ်ကွေ့ပြီး ရန်ကုန်-နေပြည်တော်ဘက် သို့ပြန်လှည့်ပြေးသဖြင့်. လမ်းရှိ သစ်တောဝန်ထမ်း ပိတ်ဆို့ရေး အဖွဲ့မှ(၁၅) မိုင် အနီးတွင်တစ်ကြိမ်(၁၈)မိုင်အနီးတွင်တစ်ကြိမ် သံဆူးလိပ်ပစ်ချဖမ်းဆီးဆောင်ရွက်ခဲ့သော်လဲ Alphard ယာဉ်သည် လွတ်သွားကြောင်း သိရှိရပါသည်

နောင်တွင် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ သတင်းရရှိပါက ပူပေါင်းဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ သို့  အသိပေးပါရန်မလိုအပ်ဘဲ အမြန်လမ်းမကြီးတွင် ခရီးသွားယာဉ်များအား အန္တရာယ် ဖြစ်ဖွယ် အနှောင့်အယှက် အတားအဆီး များ မပြုလုပ်ရန်တာဝန်အရ ပိတ်ဆို့ တားဆီး ဖမ်းဆီးရေး ဆောင်ရွက်ပါက သက်ဆိုင်ရာ ဌာန ဝတ်စုံ ဖြင့် တာဝန်ရှိသူ ပါရှိစေရန်
ညှိနှိုင်း. အသိပေး ပြောကြားထားပြီးဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

No comments:

Post a Comment