Latest News

Saturday, June 15, 2019

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏သားသမက်ဗိုလ်မှူးချုပ်သိန်းနိုင်ကွယ်လွန်သွားမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏၀မ်းနည်းကြောင်းစာ

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သားသမက် အငြိမ်းစား ဗိုလ်မှူးချုပ် ဦးသိန်းနိုင်ဟာ  နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် အစာအိမ်သွေးကြောပေါက်ရောဂါဖြင် ကွယ်လွန်သွားပါတယ်။
ဗိုလ်မှူးချုပ်သိန်းနိုင်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏၀မ်းနည်းကြောင်းစာကို လက်ရေးနဲ့ရေးပို့ခဲ့ပါတယ်။ဒီစာကိုဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့မြေးနေရွှေသွေးအောင်က
တင်ထားခဲ့တာဖြစ်ပြီး ကျေးဇူးတင်ကြောင်းရေးသားပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွတ်က ဒီစာနဲ့ပတ်သက်ပြီးခုလိုစောင်းပါးရိပ်ခြေရေးသားခဲ့ပြီး
ဒီပို့စ်ရဲ့အောက်မှာလည်း ဝေဖန်သံတွေနဲ့စည်ကားလို့နေပါတယ်။
"ဇာတ်စီးတာကောင်းလွန်းလို့ ဇာတ်ထောင်သူသာ ပြောင်းသွားတယ်၊ အခုထိသူ့ဇာတ်ညွှန်း အတိုင်းကနေရတုန်းပဲ မဟုတ်လား။
မင်းသား၊ မင်းသမီးဆိုတာလည်း သူ့ ပရိသတ်နဲ့သူရှိပေမယ့် အခွင့်ရတိုင်း စင်ပေါ်ကနေ ဆရာကြီးကို " ရိုသေလေးစားပါတယ်" လို့ ကန်တော့ပန်း ဆင်နေရတုန်းပဲလေ။
ဆရာကြီးက ဇာတ်ထဲမှာ မပါတော့ပါဘူး လို့ပြောပေမယ့် ပွဲဈေးထဲ ခဏ ဖြတ်လျှောက် ရင်တောင် ဂျာနယ်တွေမှာ သတင်း လုပ်ရေး နေရတာလည်း အံ့သြစရာပေါ့။
ဒီလိုနဲ့ ဆရာကြီး က သဘာနဲ့ကို ဆရာကြီး ဖြစ်နေတော့တာပဲ။"
သားမက်ဖြစ်သူဗိုလ်မှူးချူပ်သိန်းနိုင်( တပ်မတော်လေ - ငြိမ်း) ရဲ့ ဈာပနကို လာတက်တဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ( ငြိမ်း) 


No comments:

Post a Comment