Latest News

Friday, June 14, 2019

ဤကမ္ဘာ မြေမဟီတွင် ဒီမိုကရေစီ နှင့် အရင်းရှင် ၀ါဒသည် အတူယှဉ်တွဲ၍ နေထိုင် နိုင်ကြဦးမည်လော


ယခု နောက်ပိုင်းတွင် ကမ္ဘာပေါ်တွင် ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးများအား ကြည်ညို ကိုင်း
ရှိုင်းစရာ အဖြစ် ရှု့ မြင်လာကြခြင်း မရှိတော့
သည့်အပြင် ၎င်းတို့ အဖို့ လက်ရှိ အနေအထားကိုပင်ဆက်လက် ထိမ်းသိမ်းနိုင်ရန် ရုန်းကန်လာနေရသည့် အနေအထားသို့ရောက်လာနေ ပြီကို တွေ့ မြင်လာနေကြပြီဖြစ်သည်။

အမေရိကန်တွင် အုပ်ချုပ် ရေး နှင့် ဥပဒေပြု
ရေး အကြား ဖွဲ့စည်းပုံပိုင်းတွင် ထိပ်တိုက်
ရင်ဆိုင်ကြမည့် အလားအလာများ တွေ့နေရ
သည်။ ဗြိတိန် တွင်လည်း အီးယူမှ ထွက်မည့်
အရေး နှင့် ဆက်စပ်ပြီး ဖွဲ့စည်းပုံ ပိုင်းဆိုင်
ရာ အကျပ်ရိုက်လာနေခဲ့ပြီလည်း ဖြစ်သည်။
အဆိုပါ ပြသာနာများအား သူ့ ကြမ္မာ သူ ဖန်
လာတာဟု ယူဆကာ မှားယွင်းသွားနိုင်ပေ
သည်။

မကြာမီ နှစ်များ အတွင်း အဆိုပါ နှစ်နိုင်ငံတွင်
လူတန်းစား မညီမျမှု မြင့်မားလာနေခြင်းများ
ကြောင့် ဒီမိုကရေစီ အုတ်မြစ်များ တိုက်စားခံ
လာရခြင်းဟု နိုင်ငံရေး ဘောဂဗေဒ ပညာရှင်
များက ငြင်းခုံ ပြောဆိုလာခဲ့ကြသည်။ ထို
အကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားခဲ့သော
နာမည်ကျော် ပြင်သစ် ဘောဂဗေဒ ပညာရှင်
ကြီး Thomas Picketty ၏ စာအုပ်သည်
လည်း အုပ်ရေ တသန်းခန့် ရောင်းချ နိုင်ခဲ့
သည်။ ၎င်း၏ ကျိုးကြောင်းပြ ပြောဆိုခဲ့မှုများ
သည်လည်း ခေတ်အဆက်ဆက်က ခံယူခဲ့
သော ကားလ်မတ်စ် နှင့် ဖရက်ဒရစ် ဟေး
ယက် တို့၏ အတွေးအခေါ်များ ဖြစ်သော
ဒီမိုကရေစီ နှင့် အရင်းရှင်ဝါဒသည် မည်သို့
မျ စပ်ဟပ်ခြင်း မရှိဆိုသည်မှ စီးမျောလာခြင်း
သာ ဖြစ်သည်။

၎င်းတို့ ၏ ကျိုးကြောင်းပြ ပြောဆိုခဲ့မူများက
လွန်စွာတန်ခိုး သြဇာ ကြီးထွားခဲ့သော်လည်း
ပြီးခဲ့သည့် ရာစုနှစ် က ဖြစ်ပျက်ခဲ့သည်များက
တမူကွဲပြားစွာ ညွန်းဆို ပြခဲ့ကြသည်။
ထိုအချိန်က ချမ်းသာသော ဒီမိုကရေစီ နိုင်ငံ
များ ကလပ်သို့ တော်ယုံတန်ယုံဖြင့် ၀င်ခွင့်
မရှိပေ။ ၀င်နိုင်ခဲ့ပြီးကလည်း ကျောက်ချသလို
မျိုး ဖြင့် အမြဲလို ရပ်တည်သွားခဲ့ပြန်သည်။

စက်မှု တော်လှန်ရေး စတင်လာခဲ့ချိန်မှစ၍
တိုးတက်သော အရင်းရှင် ဒီမိုကရေစီ နိုင်ငံ
တခုတလေမျပင် ၀င်ငွေမြင့်မားသော နိုင်ငံ
အဆင့်မှ လျောကျသွားခဲ့ခြင်း မရှိသေးသည့်
အပြင် အာဏာရှင် နိုင်ငံ အဖြစ်သို့. နောက်
ပြန်ဆုတ်သွားခဲ့ခြင်းမျိုး လည်း မတွေ့ခဲ့ရပေ။

ယင်းသည်က တိုက်ဆိုင်မူ တခု မဟုတ်ဟု
ဟားဗတ် တက္ကသိုလ်ကြီးမှ Torben Iversen
နှင့် လန်ဒန် စီးပွားရေး ကျောင်းတော်ကြီးမှ
David Soskice တို့ နှစ်ဦး ပူးတွဲ ရေးသား
ပြီး မကြာမီက ထုတ်ဝေခဲ့သည့် "Democracy and Prosperity" စာအုပ်တွင် ဖေါ်ပြထားခဲ့ကြသည်။

ထိုမျ မကသေး စီးပွားရေးတွင် ရှေ့
ရောက်လာခဲ့သော နိုင်ငံ
များတွင် ဒီမိုကရေစီ နှင့် အရင်းရှင် ၀ါဒသည်
တခု နှင့် တခု အပြန်အလှန် အားဖြည့်ပေးခဲ့
ကြသည်ဟူ၍ပင် ရေးသားခဲ့ကြသည်။ ၎င်းတို့
နှစ်ဦး ၏ ထောက်ပြရေးသားခဲ့မှုများက စိုးရိမ်
ပူပန်မှုများကို ပြေပျောက်စေနိုင်သော်လည်း
ရှေ့လာမည့် နှစ်များတွင် ထိုအကြောင်း မှန်
မမှန် ကို စမ်းသပ်လာမည့် ဖြစ်ရပ်ကြီးများနှင့်
ကြုံတွေ့ လာဖွယ် ရှိနေပေသည်။

ဘောဂဗေဒ ပညာရှင်များနှင့် နိုင်ငံရေး သီ
အိုရီ သမားများကမူ အရင်းရှင် ဒီမိုကရေစီ
စနစ် ကျဆုံးနိုင်သည့် အကြောင်းမျိုးစုံ ကို
တွေးတော ပြောဆိုလာနေကြသည်။

ထိုအထဲတွင် ရှေးအကျဆုံး စိုးရိမ်ပူပန်မူကြီး
က လောဘကြီးလာသော လူထုကြီးသည်
စွန်ဦး တီထွင်ခဲ့ကြသူများ၊ မြေပိုင်ရှင်များ (မိမိတို့ ကြိုးစားမူကြောင့် ဟုတ်သည်
မဟုတ်သည် အရေးမထားပဲ) သိမ်းယူပြစ်ရန် တောင်းဆိုလာနိုင်သည်။ ထိုသို့ ပစ္စည်းဥစ္စာ
ပိုင်ဆိုင်မှု ကို ထိမ်းချုပ်ပေးနိုင်ခြင်း မရှိလျင်
အရင်းရှင် ၀ါဒ ဆိုသည်လည်း မရှိနိုင်တော့
ပေ။

ဟေးယက်ကမူ နှစ်ဆယ်ရာစုနှစ် အစောပိုင်း
ကာလ အစိုးရများသည် အောက်ခြေလူတန်း
စားများ၏ စိုးရိမ်မကင်း ဖြစ်လာနေမူများအား
တုန့် ပြန်နိုင်ရန် အတွက် စီးပွားရေးနှင့် ပါတ်
သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဗဟို
ချုပ်ကိုင်မှု ကို အလွန်အက္ဈံ အသားပေးခဲ့
သည်ဟု ယူဆခဲ့သည်။ ထိုအတွက် တသွေး
တသံ တမိန့် ဖြင့် အုပ်ချုပ်သည့် ၀ါဒ ဆီသို့
ရောက်အောင် လမ်းခင်းပေးသလို ဖြစ်သွားခဲ့
ရသည်။

အခြားသော တွေးခေါ်ပညာရှင်များကမူ
မတ်စ်၏ အယူအဆ ဖြစ်သော အရင်းရှင်ကြီး
များ၏ အလွန်အက္ဈံ လောဘသက္ကာယ တက်
လာမှုများကြောင့် ကျဆုံးသွားမည်ကို ထောက်
ခံ ပြောဆိုလာကြသည်။ ဂျိုးစက် ရှမ်ပီတာ
က ပြောရာတွင် ကုမ္ပဏီကြီးများ အင်အားကြီး
ထွားလာသည်နှင့်အမျ နိုင်ငံကို ကော်ပိုရေး
ရှင်းကြီးများ အလိုကျ နှင့် ၎င်းတို၏ ထားရာ
နေ စေရာသွား အဖြစ်မျိုး ရောက်အောင်တွန်းပို့ကြလိမ့်မည်ဟု ၎င်း၏ စိုးရိမ်ပူပန်နေမူကို
ဖေါ်ပြခဲ့သည်။ အမြတ်ငွေ
များ ပိုရလာသည်နှင့်အမျ ၎င်းတို့ အလိုကျ
လက်ဝါးကြီးအုပ်ခွင့် ရအောင် ဖန်တီးပေး
သည့် နိုင်ငံရေး သမားများအားလည်း ခွဲဝေ
ပေးကြဦးမည်လည်း ဖြစ်သည်ဟု ဆိုပြန်
သည်။

ပစ်ကက်တီ နှင့် အခြားလူများကမူ လူတန်း
စား မညီမျ မူသည် အရင်းရှင် နိုင်ငံကြီးများ
တွင်သာ ဖြစ်လေ့ဖြစ်ထ ရှိသည်ဟု ပြောဆို
ခဲ့ကြသည်။ သဘာဝလည်း ကျသည်ဟု
ထောက်ပြလာခဲ့သည်။ နိုင်ငံရေး အာဏာ
သည်လည်း စီးပွားရေး အာဏာနှင့် ယှဉ်တွဲ
က တည်ငြိမ်မူ ကင်းမဲ့စွာဖြင့် သိပ်သည်း
ကျစ်လစ်လာခဲ့သည်ဟု ဆိုသည်။

Dani Rodrik ကဲ့သို့သော စီးပွားရေး ပညာ
ရှင်များကမူ နိုင်ငံများသည် ကမ္ဘာစီးပွားရေး
တွင် ထဲထဲဝင်ဝင် ပါဝင်လာသည်နှင့်အမျ
၎င်းတို့၏ အမျိုးသား
အချုပ်အခြာ အာဏာ နှင့် ဒီမိုကရေစီ ကျင့်စင်
ကို အနည်းနှင့် အများ ဆိုသလို စွန့်လွတ်ပေး
ရလိမ့်မည်ဟု ဆိုသည်။ အခြားနိုင်ငံများ၏
စည်းမျဉ်းစည်းကမ်းများနှင့် လိုက်လျောညီ
ထွေ ရှိရန် ကုန်သွယ်ရေး အတားအဆီးများ
ကို လျော့ပေါ့ပေးလာရမည်လည်း ဖြစ်သည်။
ထိုအခါ မျိုးတွင် ပြည်တွင်း တွင် လုပ်သင့်
သည်များကို နေရာ မပေးနိုင် ဖြစ်လာကြမည်။

ထိုကဲ့သို့ အသွင်မတူ အိမ်သူ အဖြစ်နေခဲ့ကြ
သော အရင်းရှင်ဝါဒ နှင့် ဒီမိုကရေစီ အိမ်
ထောင်ရေးသည် ချမ်းသာသော နိုင်ငံများ
တွင် အဘယ်ကြောင့် ကာလ ကြာမြင့်စွာ
တည်တံ့ခိုင်မြဲ ခဲ့ရပေသနည်း။

Iversen နှင့် Soskice တို့ကမူ ဒီမိုကရေစီ
နှင့် အရင်းရှင်ဝါဒ သည် တဦး နှင့် တဦး
ဒေါက်တိုင်ကြီး သုံးချောင်းဖြင့် အပြန်အလှန်
အမှီသဟဲ ပြု နေကြသောကြောင့် ဟု ဆို
သည်။ ပထမ ဒေါက်တိုင်ကြီးကား
ခိုင်မာသော အစိုးရ ဖြစ်ပြီး ကုမ္ပဏီကြီး
များ နှင့် အလုပ်သမား သမဂ္ဂ များကို ကောင်း
စွာ ထိမ်းချုပ်ထားနိုင်စွမ်း ရှိယုံမက ဈေးကွက်
ယှဉ်ပြိုင်နိုင်ရေး အားလည်း အာမခံနိုင်ပြန်
သည်။ အစိုးရ အာဏာ ချိနဲ့နေသော နိုင်ငံများ
ကမူ ကုမ္ပဏီကြီးများ လက်ဝါးကြီး အုပ်ထား
မှု ကို အကာအကွယ် ပေးထားခြင်းဖြင့် လက်
တွေ့ အာဏာ ကို ဆုပ်ကိုင်နိုင်ရေး ဆိုသည့်
ရေတို အကျိုး ရှိရာ ရှိကြောင်း ပြု လုပ်ခဲ့ကြ
သည်။

ဒုတိယ ဒေါက်တိုင်သည်ကား ပမာဏ အား
ဖြင့် အတော်အသင့်ရှိသော လူလတ်တန်းစား
များ ဖြစ်သည်။ ၎င်းတို့ကား အရင်းရှင် စီးပွား
ရေးမှ ဖန်တီးပေးလာသော အသီးအပွင့်များ
ကို ဝေမျ စားသုံးရင်း နိုင်ငံရေး အုပ်စုတစု
အဖြစ် ရပ်တည်လာခဲ့ကြပြီး အပေးအယူ
ပြု လုပ်ခဲ့ကြသည်။ ၎င်းတို့ အား အဆင့်မြင့်
ပညာရေး သင်ယူနိုင်ရန် ဖေါဖေါသီသီ ဖန်တီး
ပေးကာ က္ဈမ်းကျင် ကော်လာဖြူ အလုပ်သမား
များ အား အသုံးချနိုင်မည့် သုတေသန၊ စီးပွား
ရေး အတိုင်ပင်ခံများ၊ စီးပွားရေး မူဝါဒ ရေးဆွဲ
ချမှတ်သူများ အစရှိသည့် frontier industries
များ ဖွံဖြိုးအောင် လုပ်ဆောင်
ပေးရမည် တို့ ဖြစ်သည်။ ဤသို့ စီးပွားရေး
တိုးတက်မှုမျိုးသည် ၎င်းတို့၏ ရင်သွေးများ
ကို အကျိုး ရှိစေသည်ဟု လူလတ်တန်းစား
အိမ်ထောင်စုများက ခံယူခဲ့ကြသည်။ လူတန်း
စား မညီမျမှု များ မြင့်တက်လာခြင်းကို ၎င်းတို့
အဖို့ကား လားလားမျ ဂရုမစိုက်ပေ။ အဘယ်
ကြောင့်ဆိုသော် လူလတ်တန်းစား မဲဆန္ဒရှင်
များသည် ဆင်းရဲနွမ်းပါးသူများ အပေါ် ငဲ့ညှာ
ရမည် ဂရုစိုက်ရမည်ဟု ခံယူထားကြသူများ
မဟုတ်ပဲ ၎င်းတို့ထံမှ အခွန် အတုပ်များ တိုး
မြှင့်ကောက်ယူကာ ဆင်းရဲသူများ အား ပြန်
လည် ဝေငှပေးရေး ကိုလည်း ထောက်ခံသူ
များ မဟုတ်ကြသဖြင့် အရင်းရှင် ဒီမိုကရေစီ
အား ခြိမ်းခြောက်လာနိုင်သည့် အနေအထား
တွင် မရှိပေ။

သို့သော် ကြွယ်ဝသော လူလတ်တန်းစားများ
အား ထောက်ပံ့ပေးရမည့် ပညာရေး၊ အခြေ
ခံ အဆောက်အအုံ အခင်းအကျင်းများနှင့်
လူမှု ဖူလုံရေး တို့ အတွက် အခွန်ငွေ
အမြောက်အမြားရဖို့ လိုအပ်လာပြန်သည်။

ထို့ အတွက် တတိယ ဒေါက်တိုင်ကြီးကား
လိုအပ်လာခဲ့သည်။ ဤသည်ကား ရွှေ့
ပြောင်းရန် ခက်ခဲသော ကုမ္ပဏီကြီးများ ရှိနေ
ဖို့ ပင် ဖြစ်သည်။ ဂလိုဘဲလိုက်ဇေးရှင်း ခေတ်
မတိုင်မီက အဆိုပါ အရေး ကား ပြသာနာ
တရပ် ဖြစ်မလာခဲ့ပေ။ ယခု အနေအထား
တွင်ပင် ကုမ္ပဏီကြီးများက ထင်ထားသည်
ထက် ပင် ရှိပြီးနေရာတွင် ကျောက်ချနေကြ
သည်က များပေသည်။ နိုင်ငံစုံ ကုမ္ပဏီကြီး
များက ကုန်ထုတ်လုပ်မူ နှင့် အကျိုးအမြတ်
များကို ကမ္ဘာတ၀ှမ်း ရွှေ့ပြောင်းခြင်းဖြင့်
အထာကျနေသော်လည်း အတတ်ပညာကို
အခြေခံ လုပ်ရသည့် ကုမ္ပဏီကြီးများ အဖို့
ကား လန်ဒန်၊ နယူးယောက် နှင့် ဆီလီကွန်
ချိုင့်ဝှမ်း အရပ်များတွင်သာ တ၀ဲဝဲ တလည်
လည် ရှိနေကြသည့် က္ဈမ်းကျင် ပညာရှင်
များ နားက မခွာနိုင်ခဲ့ကြပြန်ပေ။ ၎င်းတို့၏
ရှုပ်ထွေးလှသော စီးပွားရေး အခင်းအကျင်း
များနှင့် အထက်တွင် ပြောခဲ့သည့် frontier
နည်းပညာရပ်များ အဖို့ကား ပြည်တွင်းရှိ
ကွန်ယက်များ ကိုသာ အသုံးချကာ တီထွင်
ဖြန့် ဖြူးနေကြရသည်။ ထို့ အတွက်လည်း
နိုင်ငံ အနေဖြင့် ကုမ္ပဏီများ အပေါ် အသာစီး
ရကာ အခွန်အတုပ်များ ကောက်ခံ သုံးစွဲခွင့်
ရလာခဲ့ကြသည်။

မရွေ့ ပြောင်းနိုင်သော ကုမ္ပဏီကြီးများ
က အစိုးရ အား ၎င်းတို့ အပေါ် စေစားခွင့်
အာဏာများ အတိုင်းအတာ တခုထိ ပေးလာ
ခဲ့ပြီး အစိုးရပိုင်းမှလည်း မိမိတို့ အကျိုး ရှိစေ
မည့် လူလတ်တန်ုးစားများ၏ လူနေမှု ဘဝ
မြှင့်တင်ရေး တွင် အသုံးချ လာခဲ့မှု သည်
တိုးတက်သော အရင်းရှင် ဒီမိုကရေစီ စနစ်
တည်ငြိမ်ရခြင်း အကြောင်းရင်း များထဲတွင်
ယုတ္တိယုတ္တာ ရှိစွာ ပါဝင်နေသည်။

သို့ သော် စိုးရိမ်စရာ အကြောင်းများလည်း
ရှိနေပြန်သည်။ ဤသည်ကား လူလတ်တန်း
စားများက စီးပွားရေး အပေါ် မည်မျထိ ယုံ
ကြည်မှု ရှိနေသည် အပေါ် မူတည်လာခြင်း
ပင် ဖြစ်သည်။

မကြာမီ နှစ်များ အတွင်းက ဗြိတိန် နှင့် အမေ
ရိကန်တို့ ရှိ လူလတ်တန်းစား ၀င်ငွေသည်
ငွေကြေး ဖေါင်းပွမှုကိုသာ ဖယ်၍ တွက်ချက်
မည်ဆိုကာ အတော်ကို ကျဆင်းလာခဲ့ရသည်
သို့ သော် ထိုသို့ ဖြစ်ယုံလောက်နှင့်တော့
လူလတ်တန်ုးစား မဲဆန္ဒရှင်များက အတား
အဆီးများဆီ အပြေးအလွှား သွားကြမည်
မဟုတ်သော်လည်း လက်ရှိ အနေအထား
ကို ခြိမ်းခြောက်ပြောဆိုလာနေသည့် လူပ်ရှား
မှု များကို သဘောတွေ့လာနိုင်စရာ ရှိသည်။

အစိုးရများကလည်း လူလတ်တန်းစားတို့
ဦးစားပေးသည့် အရာများကို အရေးတယူ
လုပ် လိုစိတ် နည်းသည်ထက် နည်းလာနေ
ခဲ့သည်။ အမေရိကန်သည်လည်း အုပ်ချုပ်မှု
ပိုင်းတွင် ပုံမှန် အနေအထားမရှိ၊ ဗြိတိန်သည်
လည်း လောလောဆယ်တွင် အီးယူမှ ထွက်
ခွာနိုင်ရေးသာ အာရုံစိုက်နေသည်။

လူဦးရေ ပြောင်းလဲမူ ဒဏ်ကလည်း ပိလာ
ကြပြန်သည်။ အသက် အရွယ် ကြီးရင့်
လာနေသည့် လူဖြူ မျိုး ဆက်များက
၎င်းတို့နှင့်
မတူ ကွဲပြားသော လူလတ်တန်းစား
အဖြစ် ရောက်လာမည့် လူများ၏ ဘ၀အမှန်
တကယ် တိုးတက်လာမှုကိုလည်း ဂရုစိုက်
ကြခြင်း မရှိပြန်ပေ။ ထို့အတွက် လူတန်းစား
ကွာဟမူ၏ လှိုက်စားတတ်သော အဖြစ်ကို
ကား သူတို့ နှစ်ဦးလုံး လျော့တွက်ထားခဲ့ကြ
သည်။

လူချမ်းသာများ အနေဖြင့် လူထု
ဆက်သွယ်ရေး မီဒီယာ
များကို ထိမ်းချုပ်နိုင်ခြင်း။ တွေးခေါ်မျော်မြင်
ရေး အဖွဲ့များကို ရံပုံငွေ ထောက်ပံ့နိုင်ခြင်း၊
နိုင်ငံရေး ကိုယ်စားလှယ်လောင်းများ အပေါ်
ငွေ များ ပေးကမ်းနိုင်ခြင်း၊ ၎င်းတို့ ကိုယ်တိုင်
လည်း လူထု ကိုယ်စားလှယ် ဖြစ်အောင် လုပ်
နိုင်စွမ်း ရှိခြင်း အစရှိသည့် နည်းလမ်းများ
ဖြင့် အာဏာကို စွဲကိုင်ထားနိုင်ကြပြန်သည်။

အစဉ်အလာ ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်ခဲ့
သည့် ဒီမိုကရေစီသည် ထိုကဲ့သို့သော
ကသောင်းကနင်း ကာလများကို ဖြတ်ကျော်
နိုင်ကောင်း ဖြတ်ကျော်နိုင်မည် ဖြစ်သော်
လည်း ကြိမ်းသေပေါက် အဖြစ် ကြိုတင်
တွက်ဆထားပါက အမှားကြီး မှားသွားနိုင်
ပေသည်။
လှစိုးဝေ

ရည်ညွန်း။ ။ "How compatible are democracy and capitalism?" From The Economist June 13th 2019

No comments:

Post a Comment