Latest News

Tuesday, June 11, 2019

ဖ်ာပုံေဆး႐ုံက ဆရာဝန္ ၃ ေယာက္ ကားအက္စီးဒင့္ေၾကာင့္ ေသဆံုး


ဒီေ န႔ ဖ်ာပုံေဆး႐ုံက ဆရာဝန္ ၃ေယာက္ ကားအက္စီးဒင့္ေၾကာင့္ ေသတဲ့ သတင္းကို ဖတ္ရင္း ရင္ထဲ တင္းက်ပ္က်ပ္ႀကီး ခံစားမိရတယ္ ။ ဆရာဝန္ေလာကဆိုေတာ့ ကိုယ့္ခ်င္းထဲက မပါပါေစနဲ႔လို႔ ဆုေတာင္းခဲ့ေပမယ့္ မျပည့္ခဲ့ပါဘူး ။ ေသတဲ့ ၃ေယာက္မွာ ၂ေယာက္က ေဆး ၂ က ၊ တစ္ေယာက္က ေဆး ၁ က ။ ထုံစံအတိုင္း သူတို႔ wall ေတြကို ဝင္ၾကည့္မိတယ္ ။

ေဆး ၂ က ၂ေယာက္မွာ တစ္ေယာက္က same batch ။ ေဝယံမ်ိဳးထက္ ဆိုတဲ့ တစ္ေယာက္ ။ ငယ္ငယ္ထဲက သူငယ္တန္းထဲက ေက်ာင္းတူတူတက္ခဲ့တဲ့ သူငယ္ခ်င္း ။ ဆယ္တန္းေအာင္ေတာ့လည္း အထက ၁ သဃၤန္းကြၽန္းကေန တူတူ ေအာင္ခဲ့ၾကတာ ။ အသားညိဳညိဳ ၊ အရပ္ အေနေတာ္ ၊ လူေကာင္ ညႇက္ညႇက္ ။ အၿမဲတမ္း ၿပဳံးၿပဳံး ၿပဳံးၿပဳံးနဲ႔ ။ ကိုယ့္ကိုလည္း နာမည္ေျပာင္နဲ႔ စတတ္တယ္ ။ ေဘာလုံးလည္း ကန္တယ္ ။ စိတ္ထားလည္း ေကာင္းတဲ့ေကာင္ ။

ၿပီး ခဲ့ တဲ့ ႏွစ္ က MSc ဝင္ခြင့္ ေျဖတုန္းကေတာင္ သူနဲ႔ ဆုံခဲ့ေသးတယ္ ။ မွတ္မွတ္ထင္ထင္ စကားေတြေတာင္ အမ်ားႀကီး ေျပာခဲ့ၾကေသးတာ ။ အစက ေသတဲ့သူအမည္ထဲမွာ သူ႔နာမည္ကို ဖတ္မိေတာ့ နာမည္တူတာေလာက္ပဲ ထင္ေနတာ ။ ေနာက္ေတာ့မွ သူ႔ ေဝါလ္မွာ RIP ေတြ ေတြ႕ေတာ့မွ ေသခ်ာသြားခဲ့တာ ။

သူ႔ ပ ႐ိုဖိုင္ ပုံက လြန္ခဲ့တဲ့ ၃ႏွစ္ထဲက တင္ထားတဲ့ပုံေလး ။ Cover photo က်ေတာ့ ေစတီတစ္ဆူ တည္နည္း အေၾကာင္း ပုံ ။ ေအာ္ မေသခင္ညကေတာ့ သူလည္း ေဖ့ဘုတ္ ထိုင္ၾကည့္ခဲ့မွာပဲ ။ အခု ကြၽန္ေတာ္တို႔ New feed ပြတ္သလို သူလည္း ထိုင္ပြတ္ခဲ့မွာပဲ ။

ေတြးၾကည့္လိုက္ေတာ့ ေသျခင္းတရားကို ကြၽန္ေတာ္ ေတာ္ေတာ္ေလး တုန္လႈပ္သြားခဲ့ရပါတယ္ ။ ကြၽန္ေတာ္တို႔ေတာင္ မသိလိုက္ဘဲ ေသျခင္းတရားက ကြၽန္ေတာ္တို႔ေဘးမွာ ေစာင့္ေနတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္ ။ ေနာင္ဘဝက်ရင္လည္း အခုလိုပဲ အၿပဳံးခ်ိဳခ်ိဳနဲ႔ ေမြးဖြားလာပါဦး သူငယ္ခ်င္း ။ ဆရာဝန္အျဖစ္နဲ႔ လူနာေတြကို ကုသဖို႔ လူ႔ေလာကကို ျပန္လာခဲ့ပါဦး ။ အခုေတာ့ ခဏတာ အိပ္စက္ပါဦးေတာ့ ။

ည ဘက္ ဂ်ဴတီေတြ မရွိတဲ့အရပ္ ၊ ဆရာဝန္ေတြကို ဆဲဆို႐ိုင္းျပသူေတြ မရွိတဲ့ အရပ္ ၊ ဆူပူႀကိမ္းေမာင္းတတ္တဲ့ အႀကီးေတြ မရွိတဲ့အရပ္ ၊ လစာ နည္းတာကို ဂ႐ုစိုက္စရာ မလိုတဲ့အရပ္ ၊ စိတ္ဖိစီးမႈေတြ မရွိတဲ့အရပ္၊ အဲ့လိုမ်ိဳးအရပ္မ်ိဳးမွာ အိပ္ေရးဝေအာင္ အိပ္စက္လိုက္ပါဦး ။

ေနာက္ တစ္ေယာက္ျဖစ္တဲ့ ပန္ဂ်ာထြယ္ ဆိုတဲ့ တစ္ေယာက္ကေတာ့ ေဆး ၁ က မို႔လို႔ ကြၽန္ေတာ္ မသိပါဘူး ။ ပိန္ပိန္ပါးပါး လွလွပပ မိန္းကေလး တစ္ေယာက္ပါပဲ ။ ဗန္းေမာ္က ကခ်င္တိုင္းရင္းသူေလးလို႔ သိရပါတယ္ ။ သူ႔ facebook Cover photo ကိုၾကည့္ေတာ့ သူငယ္ခ်င္းေတြနဲ႔ စု႐ိုက္ထားတဲ့ပုံေလးပါ ။ လြန္ခဲ့တဲ့ ၃ႏွစ္ထဲက တင္ခဲ့တာပါ ။ သူ႔သူငယ္ခ်င္း သူ႔မိသားစုဝင္ေတြရဲ႕ ရင္ထဲမွာေတာ့ သူဟာ ထာဝရ ရွင္သန္ေနမွာပါ ။
သူ႔ ေဝါလ္ မွာ မႏွစ္က birthday wish လုပ္ထားတာ ၾကည့္ေတာ့ ဇူလိုင္ ၁၉ တဲ့ ။ ႏွစ္ေတြ တစ္ႏွစ္ၿပီး တစ္ႏွစ္ ၾကာလာတာနဲ႔အမွ် ေပ်ာက္ကြယ္သြားေတာ့မယ့္ သူ႔ေဝါလ္က birthday wishေလးေတြ အေၾကာင္း ေတြးမိေတာ့လည္း ရင္ထဲ ဟာတာတာႀကီး ခံစားရမိပါတယ္ ။

ေနာင္ဘဝေတြမွာ ဒီလို အျဖစ္ဆိုးေတြ ေဝးပါေစ ။ ဆရာဝန္အလုပ္က ကုသိုလ္ရတဲ့ အလုပ္မို႔ ဒီကုသိုလ္ေတြက သူ႔ရဲ႕ တမလြန္ဘဝအတြက္ လုံေလာက္ေနမွာပါ ။ လူ႔အသက္ေတြကို ကယ္တင္ဖို႔အတြက္ လူ႔ဘဝကို တစ္ေက်ာ့ျပန္ လာခဲ့ပါဦး ေဒါက္တာေရ ။

ေနာက္ ေကာင္မေလး တစ္ေယာက္ျဖစ္တဲ့ ေအးျမတ္သူ ဆိုတာကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ဂ်ဴနီယာတန္းကပါ ။
သူ႔ခ်စ္သူက ကြၽန္ေတာ္တို႔ same batch ထဲကပဲမို႔ တခါတေလ စုံတြဲပုံေလးေတြ တြဲတင္ရင္ ေတြ႕ဖူးတဲ့ ဂ်ဴနီယာေလးပါ ။

ထုံးစံအတိုင္း သူ႔ေဝါလ္ ဝင္ၾကည့္ျဖစ္ေတာ့ သူ႔ေကာင္ေလးကို စထား ေနာက္ထားတဲ့ ပို႔စ္တစ္ခ်ိဳ႕ ေတြ႕ရတယ္ ။
Cover photo က ေနဝင္ခ်ိန္ ျမစ္ကမ္းနံေဘးမွာ ႐ိုက္ထားတဲ့ပုံေလး ။ အဲ့အခ်ိန္ကေတာ့ သူ႔ဘဝ ေနဝင္ခ်ိန္ဟာ ဘယ္အခ်ိန္မွန္း သူ သိႏိုင္ခဲ့ပါ့မလား ။ Profile ပုံကို ၾကည့္ေတာ့ ႏွင္းဆီပန္းစည္းႀကီးကို ေပြ႕ဖက္ နမ္းရႈိက္လို႔ ။ အဲ့ ပန္းစည္းက ခ်စ္သူမ်ားေန႔မွာ သူ႔ခ်စ္သူ သူ႔ကို ေပးခဲ့တဲ့ ပန္းစည္းႀကီး ။

ခ်စ္သူမ်ားေန႔က ပို႔စ္မွာ သူေရးခဲ့တာက ၃ႏွစ္တာ ရန္ျဖစ္ၿပီးခ်ိန္မွာ I received the very first ( and may be the last) boutique ဆိုၿပီး ေရးခဲ့တာပါ ။ May be the last ကို ေသေသခ်ာခ်ာ ကြင္းခတ္ ေရးခဲ့တာကို ၾကည့္ရင္း စိတ္ထဲ နိမိတ္ဆိုတာႀကီးကို မယုံဘူးလို႔ ျငင္းေနခဲ့မိပါတယ္ ။ ဒီေန႔ သူ႔ခ်စ္သူ တင္လိုက္တဲ့ ပို႔စ္ကလည္း ရင္နင့္ စရာပါ ။ အခ်စ္ရယ္ ဘုရားရွင္ ရင္ခြင္ကို အရင္သြားပါေတာ့တဲ့ ။

ရွင္ကြဲမွာ ျပန္ဆုံဖို႔ ေမွ်ာ္လင့္ခ်က္ ရွိေသးေပမယ့္ ေသကြဲမွာေတာ့ ျပန္ဆုံဖို႔္ မရွိေတာ့ပါဘူး ။ ေသမင္းဟာ သူေခၚသြားၿပီးတဲ့ လူေတြကို ျပန္ပို႔႐ိုးထုံးစံ မရွိပါဘူး ။ သံသရာမွာ ထပ္ဆုံခဲ့ၾကရင္ ဒီလိုကံတရားမ်ိဳး ေဝးၿပီး ႐ိုးေျမက် ေပါင္းဖက္ရေသာ ကံတရားမ်ိဳးနဲ႔သာ ဆုံစည္းႏိုင္ဖို႔ ဆုေတာင္းေပးလိုက္ရပါေတာ့တယ္ ။

ယေန႔ ေကာင္းရာဘုံဘဝ ကူးေျပာင္းသြားၾကေသာ ဆရာဝန္မ်ားအား မိသားစုႏွင့္အတူ ဝမ္းနည္းမိပါသည္ ။ ၿငိမ္းခ်မ္းစြာ အနားယူႏိုင္ၾကပါေစ ။
Derick Min Htet Naing



(Unicode Version)
အမည် မဖော်တတ်သော ဝေဒနာ

ဒီနေ့ ဖျာပုံဆေးရုံက ဆရာဝန် ၃ယောက် ကားအက်စီးဒင့်ကြောင့် သေတဲ့ သတင်းကို ဖတ်ရင်း ရင်ထဲ တင်းကျပ်ကျပ်ကြီး ခံစားမိရတယ် ။ ဆရာဝန်လောကဆိုတော့ ကိုယ့်ချင်းထဲက မပါပါစေနဲ့လို့ ဆုတောင်းခဲ့ပေမယ့် မပြည့်ခဲ့ပါဘူး ။ သေတဲ့ ၃ယောက်မှာ ၂ယောက်က ဆေး ၂ က ၊ တစ်ယောက်က ဆေး ၁ က ။ ထုံစံအတိုင်း သူတို့ wall တွေကို ဝင်ကြည့်မိတယ် ။

ဆေး ၂ က ၂ယောက်မှာ တစ်ယောက်က same batch ။ ဝေယံမျိုးထက် ဆိုတဲ့ တစ်ယောက် ။ ငယ်ငယ်ထဲက သူငယ်တန်းထဲက ကျောင်းတူတူတက်ခဲ့တဲ့ သူငယ်ချင်း ။ ဆယ်တန်းအောင်တော့လည်း အထက ၁ သင်္ဃန်းကျွန်းကနေ တူတူ အောင်ခဲ့ကြတာ ။ အသားညိုညို ၊ အရပ် အနေတော် ၊ လူကောင် ညှက်ညှက် ။ အမြဲတမ်း ပြုံးပြုံး ပြုံးပြုံးနဲ့ ။ ကိုယ့်ကိုလည်း နာမည်ပြောင်နဲ့ စတတ်တယ် ။ ဘောလုံးလည်း ကန်တယ် ။ စိတ်ထားလည်း ကောင်းတဲ့ကောင် ။



ပြီးခဲ့တဲ့ နှစ် က MSc ဝင်ခွင့် ဖြေတုန်းကတောင် သူနဲ့ ဆုံခဲ့သေးတယ် ။ မှတ်မှတ်ထင်ထင် စကားတွေတောင် အများကြီး ပြောခဲ့ကြသေးတာ ။ အစက သေတဲ့သူအမည်ထဲမှာ သူ့နာမည်ကို ဖတ်မိတော့ နာမည်တူတာလောက်ပဲ ထင်နေတာ ။ နောက်တော့မှ သူ့ ဝေါလ်မှာ RIP တွေ တွေ့တော့မှ သေချာသွားခဲ့တာ ။

သူ့ ပရိုဖိုင် ပုံက လွန်ခဲ့တဲ့ ၃နှစ်ထဲက တင်ထားတဲ့ပုံလေး ။ Cover photo ကျတော့ စေတီတစ်ဆူ တည်နည်း အကြောင်း ပုံ ။ အော် မသေခင်ညကတော့ သူလည်း ဖေ့ဘုတ် ထိုင်ကြည့်ခဲ့မှာပဲ ။ အခု ကျွန်တော်တို့ New feed ပွတ်သလို သူလည်း ထိုင်ပွတ်ခဲ့မှာပဲ ။

တွေးကြည့်လိုက်တော့ သေခြင်းတရားကို ကျွန်တော် တော်တော်လေး တုန်လှုပ်သွားခဲ့ရပါတယ် ။ ကျွန်တော်တို့တောင် မသိလိုက်ဘဲ သေခြင်းတရားက ကျွန်တော်တို့ဘေးမှာ စောင့်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။ နောင်ဘဝကျရင်လည်း အခုလိုပဲ အပြုံးချိုချိုနဲ့ မွေးဖွားလာပါဦး သူငယ်ချင်း ။ ဆရာဝန်အဖြစ်နဲ့ လူနာတွေကို ကုသဖို့ လူ့လောကကို ပြန်လာခဲ့ပါဦး ။ အခုတော့ ခဏတာ အိပ်စက်ပါဦးတော့ ။

ညဘက် ဂျူတီတွေ မရှိတဲ့အရပ် ၊ ဆရာဝန်တွေကို ဆဲဆိုရိုင်းပြသူတွေ မရှိတဲ့ အရပ် ၊ ဆူပူကြိမ်းမောင်းတတ်တဲ့ အကြီးတွေ မရှိတဲ့အရပ် ၊ လစာ နည်းတာကို ဂရုစိုက်စရာ မလိုတဲ့အရပ် ၊ စိတ်ဖိစီးမှုတွေ မရှိတဲ့အရပ်၊ အဲ့လိုမျိုးအရပ်မျိုးမှာ အိပ်ရေးဝအောင် အိပ်စက်လိုက်ပါဦး ။

နောက်တစ်ယောက်ဖြစ်တဲ့ ပန်ဂျာထွယ် ဆိုတဲ့ တစ်ယောက်ကတော့ ဆေး ၁ က မို့လို့ ကျွန်တော် မသိပါဘူး ။ ပိန်ပိန်ပါးပါး လှလှပပ မိန်းကလေး တစ်ယောက်ပါပဲ ။ ဗန်းမော်က ကချင်တိုင်းရင်းသူလေးလို့ သိရပါတယ် ။ သူ့ facebook Cover photo ကိုကြည့်တော့ သူငယ်ချင်းတွေနဲ့ စုရိုက်ထားတဲ့ပုံလေးပါ ။ လွန်ခဲ့တဲ့ ၃နှစ်ထဲက တင်ခဲ့တာပါ ။ သူ့သူငယ်ချင်း သူ့မိသားစုဝင်တွေရဲ့ ရင်ထဲမှာတော့ သူဟာ ထာဝရ ရှင်သန်နေမှာပါ ။

သူ့ ဝေါလ်မှာ မနှစ်က birthday wish လုပ်ထားတာ ကြည့်တော့ ဇူလိုင် ၁၉ တဲ့ ။ နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားတော့မယ့် သူ့ဝေါလ်က birthday wishလေးတွေ အကြောင်း တွေးမိတော့လည်း ရင်ထဲ ဟာတာတာကြီး ခံစားရမိပါတယ် ။

နောင်ဘဝတွေမှာ ဒီလို အဖြစ်ဆိုးတွေ ဝေးပါစေ ။ ဆရာဝန်အလုပ်က ကုသိုလ်ရတဲ့ အလုပ်မို့ ဒီကုသိုလ်တွေက သူ့ရဲ့ တမလွန်ဘဝအတွက် လုံလောက်နေမှာပါ ။ လူ့အသက်တွေကို ကယ်တင်ဖို့အတွက် လူ့ဘဝကို တစ်ကျော့ပြန် လာခဲ့ပါဦး ဒေါက်တာရေ ။

နောက် ကောင်မလေး တစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ဂျူနီယာတန်းကပါ ။
သူ့ချစ်သူက ကျွန်တော်တို့ same batch ထဲကပဲမို့ တခါတလေ စုံတွဲပုံလေးတွေ တွဲတင်ရင် တွေ့ဖူးတဲ့ ဂျူနီယာလေးပါ ။

ထုံးစံအတိုင်း သူ့ဝေါလ် ဝင်ကြည့်ဖြစ်တော့ သူ့ကောင်လေးကို စထား နောက်ထားတဲ့ ပို့စ်တစ်ချို့ တွေ့ရတယ် ။
Cover photo က နေဝင်ချိန် မြစ်ကမ်းနံဘေးမှာ ရိုက်ထားတဲ့ပုံလေး ။ အဲ့အချိန်ကတော့ သူ့ဘဝ နေဝင်ချိန်ဟာ ဘယ်အချိန်မှန်း သူ သိနိုင်ခဲ့ပါ့မလား ။ Profile ပုံကို ကြည့်တော့ နှင်းဆီပန်းစည်းကြီးကို ပွေ့ဖက် နမ်းရှိုက်လို့ ။ အဲ့ ပန်းစည်းက ချစ်သူများနေ့မှာ သူ့ချစ်သူ သူ့ကို ပေးခဲ့တဲ့ ပန်းစည်းကြီး ။

ချစ်သူများနေ့က ပို့စ်မှာ သူရေးခဲ့တာက ၃နှစ်တာ ရန်ဖြစ်ပြီးချိန်မှာ I received the very first ( and may be the last) boutique ဆိုပြီး ရေးခဲ့တာပါ ။ May be the last ကို သေသေချာချာ ကွင်းခတ် ရေးခဲ့တာကို ကြည့်ရင်း စိတ်ထဲ နိမိတ်ဆိုတာကြီးကို မယုံဘူးလို့ ငြင်းနေခဲ့မိပါတယ် ။ ဒီနေ့ သူ့ချစ်သူ တင်လိုက်တဲ့ ပို့စ်ကလည်း ရင်နင့် စရာပါ ။ အချစ်ရယ် ဘုရားရှင် ရင်ခွင်ကို အရင်သွားပါတော့တဲ့ ။

ရှင်ကွဲမှာ ပြန်ဆုံဖို့ မျှော်လင့်ချက် ရှိသေးပေမယ့် သေကွဲမှာတော့ ပြန်ဆုံဖို့် မရှိတော့ပါဘူး ။ သေမင်းဟာ သူခေါ်သွားပြီးတဲ့ လူတွေကို ပြန်ပို့ရိုးထုံးစံ မရှိပါဘူး ။ သံသရာမှာ ထပ်ဆုံခဲ့ကြရင် ဒီလိုကံတရားမျိုး ဝေးပြီး ရိုးမြေကျ ပေါင်းဖက်ရသော ကံတရားမျိုးနဲ့သာ ဆုံစည်းနိုင်ဖို့ ဆုတောင်းပေးလိုက်ရပါတော့တယ် ။

ယနေ့ ကောင်းရာဘုံဘဝ ကူးပြောင်းသွားကြသော ဆရာဝန်များအား မိသားစုနှင့်အတူ ဝမ်းနည်းမိပါသည် ။ ငြိမ်းချမ်းစွာ အနားယူနိုင်ကြပါစေ ။

Souce : Derick Min Htet Naing

No comments:

Post a Comment