Latest News

Monday, June 10, 2019

ဆရာဝန်သုံးဦးသေဆုံးသည့်ယာဉ်တိုက်မှု နောက်ဆက်တွဲသတင်း


ဖျာပုံ-ကျိုက်လတ်-မအူပင်ကားလမ်းပေါ်ရှိ
ဖျာပုံမြို့၊အမှတ် (၁၆)ရပ်ကွက် ဘက်ခြမ်း
ချောင်းတွင်းတံတား ခြေဆင်းကွေ့တွင် ဇွန်လ
(၁၁)ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန်ခန့်
က ဓာတ်တိုင်များတင်ထားပြီးရပ်ထားသည့်
(၁၀)ဘီးကား ယာဉ်အမှတ် YGN 9H 3464
အား ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက်
မောင်းနှင်းလာသော ဆရာဝန်(၆)ဦးစီးနှင်းလိုက်
ပါလာသောကား YGN 6K 7877 မှ ဝင်တိုက်မိ
ရာ ကွန်ကရစ်ဓာတ်တိုင်များမှာ ကားနောက်မှန်
အထိ ထိုးဝင် ပေါက်ထွက်သွားပြီး ယာဉ်မောင်း
ဒေါက်တာဝေယံမျိုးထက်တွင် ယာမျက်ခုံးပေါက်
ပြဲဒဏ်ရာ၊ ယာပါးပေါက်ပြဲဒဏ်ရာ၊ယာမေးရိုး
ပေါက်ပြဲ ဒဏ်ရာ၊လည်ပင်းပေါက်ပြဲ ဒဏ်ရာတို့ဖြင့်
သေဆုံးခဲ့ပြီး ဒေါက်တာအေးမြတ်သူတွင် မျက်နှာ
ပေါက်ပြဲ ပိန်ချိုင့် ဒဏ်ရာ ဖြင့်သေဆုံးခဲ့ကာ ဒေါက်
တာပန်ဂျာထွယ် မှာ ယာဘက်ဦးခေါင်း၊မျက်နှာယာ
ဘက်ခြမ်း ပိန်ချိုင့် ပေါက်ပြဲဒဏ်ရာ တို့ဖြင့် သေဆုံး
ခဲ့ပါတယ်။

ကားပေါ်တွင် အတူစီးနင်းလိုက်ပါလာသော ဒေါက်
တာနေမျိုးစု တွင် ယာပါးပွန်းခြစ်ပေါက်ပြဲ ဒဏ်ရာ၊
ဒေါက်တာလှမျိုးသူတွင် ဝဲတစ်ထောင်ဆစ်ပွန်းခြစ်
ဒဏ်ရာ၊ ဒေါက်တာနှင်းအိစိုးတွင် ဦးခေါင်းနှောက်စေ့
ပေါက်ပြဲဒဏ်ရာ ၊ယာမျက်ခုံးပေါက်ပြဲ ဒဏ်ရာများရှိ
ခဲ့ကာ နံက် ၅နာရီ ၃၀ မိနစ်အချိန်ခန့် ဖျာပုံဆေးရုံကြီး
သို့် ရဲဆေးစာဖြင့် ပိုဆောင်ခဲ့ပါတယ်။

ဖျာပုံတံတားအဆင်း ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဒေါက်တာ
ဝေယံမျိုးထက်၊ ဒေါက်တာအေးမြတ်သူ နှင့် ဒေါက်တာ
ပန်ဂျာထွယ် တို့သုံးဦး သေဆုံးခဲ့ပြီး၊ ဒေါက်တာနေမျိုးစု၊
ဒေါက်တာလှမျိုးသူ နှင့် ဒေါက်တာနှင်းအိစိုး တို့ ဒဏ်ရာ
ရရှိကြောင်း သတင်းရရှိပါတယ်။

ကျန်ရစ်သူမိသားစုများနှင့်ထပ်တူ အထူးဝမ်းနည်းကြေ
ကွဲရပါတယ်။ ကောင်းရာသုဂတိလားပါစေ။
ဒဏ်ရာရသူများ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ
ဟု ဆုတောင်းပါတယ်။

Credit to Thane Wan
Via Yan Myo Thein



No comments:

Post a Comment