Latest News

Thursday, April 25, 2019

ရှီကျင်ပင့် နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမှု အပေါ် တရုတ် ပြည်သူ နေ့စဉ် သတင်းစာ ထုတ်ပြန်ချက်


ဘီဂျင်း၊ ဧပြီ ၂၄ (ဆင်ဟွာ)

ဧပြီ ၂၅ မှ ၂၇ ရက်အတွင်း ကျင်းပရန် ရှိနေသည့် ရပ်ဝန်း နှင့် ပိုးလမ်းမ နို်င်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် မတိုင်မီ ဗုဒ္ဓဟူးနေ့က ဘီဂျင်းတွင် တရုတ် သမ္မတ ရှီကျင်ပင့် သည် မြန်မာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

တရုတ် နှင့် မြန်မာ အကြားရှိ နက်ရှိုင်းလှသော ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရင်းနှီးမှုကို ရှီ က အလေးထားစွာဖြင့် ထိုသို့သော အစဉ်အလာ ချစ်ကြည် ရင်းနှီးမှုအား ရှေ့တွင် ဆက်လက်ဖေါ်ဆောင်သွားရန် နှင့် အပြန်အလှန် အကျိုး ရှိစေမည့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ကို အစဉ်မပြတ် ဆက်လက်တွန်အား ပေးသွားမည် ဟု ပြောသည်။

***နောက်နှစ်ထဲတွင် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ခြင်း နှစ် ၇၀ ပြည့်မြောက်သည့် အခါသမယလည်း ကျရောက်လာမည် ဖြစ်သဖြင့် အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု အတွက် ပြည်သူများ၏ ထောက်ခံမှု အဆက်မပြတ် အခိုင်အမာ ရရှိစေရန် အလို့ငှာ အဆင့်အားလုံးတွင် ပြည်သူ မှ ပြည်သူ ဆက်ဆံရေး၊ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး တို့တွင် တက်ကြွစွာ ဆောင်ရွက်သင့်ပြီး ပြည်သူများ၏ အသက်မွေး မှု ဘ၀ နှင့် ဆိုင်သော နယ်ပါယ်များတွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို အာရုံထားသင့်ကြောင်းလည်း ရှီ က ပြောဆိုသွားခဲ့သည်။****

မြန်မာ၏ စီးပွားရေး ဖွံ့ဖြိုးစေရန် နှင့် ပြည်သူများ၏ ဘ၀ တိုးတက်မြင့်မားလာစေရေး အတွက် တရုတ် မှ ထောက်ခံသွားမည် ဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး နှင့် ရင်ကြားစေ့ရေး ရှေ့သို့ ဆက်လက် တိုးတက်လာစေရန် မြန်မာ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုအားလည်း အသိအမှတ် ပြုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နယ်ခြားဒေသ များ တည်ငြိမ်မှု နှင့် လုံခြုံမှု ရရှိစေရေး ထိမ်းသိမ်း စောင့်ရှောက်ရန် တရုတ် မှ မြန်မာနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားရန် လိုလားကြောင်း၊ သို့မှသာ နယ်ခြားဒေသနေ ပြည်သူများ လုံခြုံစိတ်ချစွာ ပုံမှန် လုပ်ကိုင် နေထိုင်ရေး အာမခံ နိုင်မည် ဖြစ်သည်ဟုလည်း ဆိုသည်။

မြန်မာ အစိုးရမှ ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်းအား မြန်မာ အစိုးရမှ အကောင်အထည် ဖေါ်ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ပြီး ပဲ့ကိုင် ကော်မီတီ ဖွဲ့စည်းခဲ့မှု အပေါ် လွန်စွာ ကျေးဇူး ဥပကာရ တင်မိကြောင်းလည်း ရှီ က ပြောခဲ့သည်။

အဆိုပါ စီမံကိန်း ၏ လုပ်ငန်းဘောင်အတွင်းမှနေ၍ နှစ်နို်င်ငံ အပြန်အလှန် အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုမျိုး အားကောင်းစေရန်သာ လိုလားကြောင်း၊ နှစ်ဖက် ပြည်သူများအတွက် လက်ဆုပ်လက်ကိုင် ပြနိုင်မည့် အကျိုးများ ဖြစ်ထွန်းစေရန် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် လမ်းမကြီး ကို ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားစေလိုသည်ဟုလည်း ဆိုသည်။

တရုတ်သည် မြန်မာ၏ အနီးဆုံး နှင့် ရင်းနှီးသော အိမ်နီးချင်း နိုင်ငံ ဖြစ်သဖြင့် မြန်မာ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ် ဖွံ့ဖြိုးရေး များ အား ထောက်ခံ သည့် တရုတ်၏ ကြိုးပမ်းမှု များ အား ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ပြောဆိုခဲ့သည်။

မြန်မာ အနေဖြင့် ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်းအား မူလ အစကတည်းက ထောက်ခံခဲ့ပြီး ဖြစ်ကြောင်း တရုတ် နှင့်လည်း ပူးပေါင်း ဆောင်ရွက်ရေး အားလည်း တက်ကြွစွာ တိုးချဲ့ လုပ်ဆောင်နေကြောင်း၊ အဆိုပါ စီမံကိန်း အား ပူးတွဲ လုပ်ဆောင်သွားခြင်းဖြင့် ကမ္ဘာကြီး နှင့် ဒေသတွင်း သာယာဝပြောရေး ကို ဦးတည်သွားစေပြီး တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးမှု ကိုလည်း တိုးမြှင့်နိုင်သည့်အပြင် နှစ်ဖက် ပြည်သူများ အတွက် ခိုင်မာသော အကျိုးရလာဒ်များ ဖြစ်ထွန်းလိမ့်မည်ဟု ယုံကြည်ကြောင်း၊ သူမ က ပြောခဲ့သည်။

တရုတ်-မြန်မာ နယ်ခြားဒေသ များ တည်ငြိမ်မှု နှင့် လုံခြုံမှု ရရှိစေရေး ထိမ်းသိမ်း စောင့်ရှောက်ရန် မြန်မာကလည်း ပူးပေါင်းလုပ်ဆောင်သွားရန် လိုလားကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

သူမ က ဆက်လက် ပြောကြားသွားရာတွင် ကုလ ပဋိညာဉ်စာတမ်း၏ အခြေခံ မူများ နှင့် ရည်ရွယ်ချက်များကို ထိမ်းသိမ်း လိုက်နာရေး နှင့် ပါတ်သက်၍ တရုတ်၏ ရပ်တည်မှုကို မြန်မာမှ တန်ဖိုးထားကြောင်း နှင့် နိုင်ငံတကာ နယ်ပါယ်တွင်လည်း တရုတ် နှင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်သွားရန် လိုလားကြောင်းပါ ထည့်သွင်း ပြောကြားသွားခဲ့သည်။
လှစိုးဝေ

No comments:

Post a Comment