Latest News

Friday, April 26, 2019

အိပ္ေနတဲ႔…ဇနီးနဲ႔သမီးကို… ဝင္ဆြဲခ်သူူအား… ခင္ပြန္းက လွံျဖင့္ထိုးသတ္..


၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၂၄ ရက္ေန႔ ည ၁၁ နာရီအခ်ိန္ ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ေညာင္ေရခ ေက်းရြာေန စိုင္းေသာ္ေသာ္စံလင္း(၅၀)ႏွစ္၏ ေနအိမ္ေစ်းဆိုင္တြင္ အမ်ိဳးသားတစ္ဦးဒဏ္ရာျဖင့္ လဲက်ေနေၾကာင္း သတင္းအရ

လုံးခင္းနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ ေစ်းဆိုင္အတြင္းေထာင့္တြင္ အဆိုပါေက်းရြာေန မင္းလြင္(၃၀)ႏွစ္အား ရင္ညြန႔္ တြင္ ထိုးသြင္းဒဏ္ရာျဖင့္ ေသဆုံးေနသည္ကိုေတြ႕ရွိရေသာေၾကာင့္ ဆိုင္ပိုင္ရွင္ စိုင္းေသာ္ေသာ္စံလင္း အား ေမးျမန္းစစ္ေဆးခဲ့သည္။

စစ္ေဆးခ်က္အရ စိုင္းေသာ္ေသာ္စံလင္း သည္ အိမ္နီးခ်င္းျဖစ္သူ ကိုေအာင္ဆန္း ေနအိမ္သို႔ သြားေရာက္ေနစဥ္ ေနအိမ္ေစ်းဆိုင္တြင္ ထိုင္က်န္ခဲ့ေသာ မင္းလြင္ မွာ အိမ္အတြင္းခန္းတြင္ အိပ္ေနေသာ ဇနီးျဖစ္သူ ေဒၚခမ္းဘူႏွင့္ သမီးျဖစ္သူ မနန္းစုျပည့္ျပည့္ေသာ္ အား ဝင္ေရာက္ဆြဲခ်ေနသည္ကို

၎ ျပန္လာသည့္အခ်ိန္တြင္ ေတြ႕ရွိ၍ တားဆီးခဲ့ရာ တားဆီးမရသျဖင့္ ၎မွ အရိုးအသြား(၅)ေပခန႔္ရွိ လွံ ျဖင့္ မင္းလြင္ အား ထိုးခဲ့ေၾကာင္း သိရွိရေသာေၾကာင့္ စိုင္းေသာ္ေသာ္စံလင္း အား လုံးခင္းနယ္ေၿမ ရဲစခန္း(ပ)၅၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။
ရဲဇာနည္။

Unicode Version
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ညောင်ရေခ ကျေးရွာနေ စိုင်းသော်သော်စံလင်း(၅၀)နှစ်၏ နေအိမ်ဈေးဆိုင်တွင် အမျိုးသားတစ်ဦးဒဏ်ရာဖြင့် လဲကျနေကြောင်း သတင်းအရ

လုံးခင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဈေးဆိုင်အတွင်းထောင့်တွင် အဆိုပါကျေးရွာနေ မင်းလွင်(၃၀)နှစ်အား ရင်ညွန့် တွင် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသောကြောင့် ဆိုင်ပိုင်ရှင် စိုင်းသော်သော်စံလင်း အား မေးမြန်းစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ စိုင်းသော်သော်စံလင်း သည် အိမ်နီးချင်းဖြစ်သူ ကိုအောင်ဆန်း နေအိမ်သို့ သွားရောက်နေစဉ် နေအိမ်ဈေးဆိုင်တွင် ထိုင်ကျန်ခဲ့သော မင်းလွင် မှာ အိမ်အတွင်းခန်းတွင် အိပ်နေသော ဇနီးဖြစ်သူ ဒေါ်ခမ်းဘူနှင့် သမီးဖြစ်သူ မနန်းစုပြည့်ပြည့်သော် အား ဝင်ရောက်ဆွဲချနေသည်ကို

၎င်း ပြန်လာသည့်အချိန်တွင် တွေ့ရှိ၍ တားဆီးခဲ့ရာ တားဆီးမရသဖြင့် ၎င်းမှ အရိုးအသွား(၅)ပေခန့်ရှိ လှံ ဖြင့် မင်းလွင် အား ထိုးခဲ့ကြောင်း သိရှိရသောကြောင့် စိုင်းသော်သော်စံလင်း အား လုံးခင်းနယ်မြေ ရဲစခန်း(ပ)၅၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်။

No comments:

Post a Comment