Latest News

Monday, April 15, 2019

မႏၲေလး က်ံဳးေရွ႕ လက္ပစ္ဗံုးကြဲ သတင္း မႏၲေလးရဲတပ္ဖြဲ႔မွ သတင္းအမွန္ ရွင္းလင္း


Nyein Chan account မွ မႏၲေလးက်ံဳးေရွ႕ လက္ပစ္ဗံုးကြဲ၊ ရန္ကုန္- မေကြး-မံုရြာ-ေတာင္ငူ က်န္ၿမိဳ႔ႀကီးမ်ားသတိရိွပါ၊ သူတုိ႔ေၾကျငာထားတဲ့ၿမိဳ႔ေတြဟု အြန္လုိင္းမီဒီယာတြင္ ပါရိွလာသျဖင့္

မႏၲေလးၿမိဳ႕ ရိွ လက္ရိွတာ၀န္က်ေနရာမ်ားသုိ႔အတည္ျပဳစံုစမ္းခဲ့ရာ ၁၅.၄.၂၀၁၉ ရက္ေန႔ ေန႔လည္ ၁၁ နာရီခြဲအခ်ိန္ခန္႔ ခ်မ္းေအးသာစံၿမိဳ႔နယ္၊ ၂၆x၇၀ လမ္းမေပၚရိွ ေပၚဦး ေရကစားမ႑ပ္ေပၚမွ ေရကစားေနသူ မသဇင္ျမင့္၊ ခ်မ္းျမသာစည္ၿမိဳ႔နယ္ေနသူသည္ေရကစားရင္း အြန္လုိင္းမွ တစ္ဆင့္၀ယ္ယူထားေသာ Color Smoke စာတမ္းပါ မီးခုိးေရာင္၊ အရွည္(၆)လက္မခန္႔၊ လံုးပတ္(၁)လက္မခန္႔၊ ေရာင္စံု ကာလာအခုိးအေငြ႔မ်ား ထြက္သည့္ မီးပန္းအား မ႑ပ္ေပၚတြင္လက္မွကုိင္၍ ေ၀ွ႔ရမ္းခဲ့ျခင္းသားျဖစ္ေၾကာင္း၊

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဗံုးေပါက္ကဲြမႈ ျဖစ္ပြားေၾကာင္း အင္တာနက္လူမႈကြန္ယက္သတင္းေဖာ္ျပပါ ရိွမႈမွာ မွန္ကန္မႈမရိွေၾကာင္းႏွင့္ မီးပန္းအားေ၀ွ႔ရမ္းခဲ့သည့္အေပၚ ေရကစားသူမ်ား အထိတ္တလန္႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရရွိသည္။
Mandalay Police

Unicode Version

မန္တလေး ကျုံးရှေ့ လက်ပစ်ဗုံးကွဲ သတင်း မန္တလေးရဲတပ်ဖွဲ့မှ သတင်းအမှန် ရှင်းလင်း

Nyein Chan account မှ မန္တလေးကျုံးရှေ့ လက်ပစ်ဗုံးကွဲ၊ ရန်ကုန်- မကွေး-မုံရွာ-တောင်ငူ ကျန်မြို့ကြီးများသတိရှိပါ၊ သူတို့ကြေငြာထားတဲ့မြို့တွေဟု အွန်လိုင်းမီဒီယာတွင် ပါရှိလာသဖြင့်

မန္တလေးမြို့ ရှိ လက်ရှိတာဝန်ကျနေရာများသို့အတည်ပြုစုံစမ်းခဲ့ရာ ၁၅.၄.၂၀၁၉ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့် ချမ်းအေးသာစံမြို့နယ်၊ ၂၆x၇၀ လမ်းမပေါ်ရှိ ပေါ်ဦး ရေကစားမဏ္ဍပ်ပေါ်မှ ရေကစားနေသူ မသဇင်မြင့်၊ ချမ်းမြသာစည်မြို့နယ်နေသူသည်



ရေကစားရင်း အွန်လိုင်းမှ တစ်ဆင့်ဝယ်ယူထားသော Color Smoke စာတမ်းပါ မီးခိုးရောင်၊ အရှည်(၆)လက်မခန့်၊ လုံးပတ်(၁)လက်မခန့်၊ ရောင်စုံ ကာလာအခိုးအငွေ့များ ထွက်သည့် မီးပန်းအား မဏ္ဍပ်ပေါ်တွင်လက်မှကိုင်၍ ဝှေ့ရမ်းခဲ့ခြင်းသားဖြစ်ကြောင်း၊

ဖြစ်စဉ်နှင့်ပတ်သက်၍ ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း အင်တာနက်လူမှုကွန်ယက်သတင်းဖော်ပြပါ ရှိမှုမှာ မှန်ကန်မှုမရှိကြောင်းနှင့် မီးပန်းအားဝှေ့ရမ်းခဲ့သည့်အပေါ် ရေကစားသူများ အထိတ်တလန့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။Mandalay Police

No comments:

Post a Comment