အကယ်ဒမီနေတိုးအား သတင်းထောက်တစ်ဦးအသွင်ဖြင့်
'' Box No.88 '' ရုပ်ရှင်ဇာတ်ကားကြီးတွင် တွေ့ရမည်
7th Sense Flim Production မှ စီစဉ်၍ ဇာတ်လမ်း ဝင်းလွင်ထက်၊ ဇာတ်òန်း နေဟိန်းက ရေးသားပြီး ဒါရိုက်တာ ဝင်းလွင်ထက်၊ တွဲဖက်ဒါရိုက်တာ နေဟိန်းတို့က '' Box No.88 '' ရုပ်ရှင် ဇာတ်ကားကြီးကို မကြာမီရိုက်ကူးသွားမည်ဟု သိရသည်။
''ဒီကားထဲမှာ ကျွန်တော်က သတင်းထောက်တစ်ယောက် ရဲ့ ဇာတ်ရုပ်ကို လုပ်ရမှာပါ။ သတင်းထောက်တွေရဲ့ ပြောပုံ၊ ဆိုပုံလေးတွေတော့ သေချာလေ့လာရတာပေါ့နော်။ သတင်း ထောက်ဘ၀ကနေ အယ်ဒီတာတစ်ဦးဖြစ်သွားပြီး မိသားစုဘ၀ အခက်အခဲအကျပ်အတည်းလေးတွေကို ပညာပေးအနေနဲ့ ရိုက်ထားတာပါ။ ပြင်ဆင်မှုပိုင်းအနေနဲ့ကတော့ ဇာတ်ညွှန်းကို အကြိမ်ကြိမ်ဖတ်ပြီး ဘယ်လိုသရုပ်ဆောင်ရမလဲ ပြင်ဆင်တယ်။
လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ဒီကားလေးရိုက်ဖို့ အတွက် ကြိုတင်ပြင်ဆင်ထားတာဆိုတော့ အချိန်လုံလုံလောက် လောက်ရှိခဲ့ပါတယ်'' ဟု အကယ်ဒမီနေတိုးက ပြောသည်။
အဆိုပါဇာတ်ကားကြီးတွင် အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ ကာရာဗီ၊ ရွှေရင်အေး၊ မျိုးသက်ပိုင်နှင့် ကလေးသရုပ်ဆောင် အိန်ဂျယ်တို့က ပါဝင် သရုပ်ဆောင်ထားပြီး ဧည့်သည်သရုပ်ဆောင် မိုးမိုးနှင့် Jenny တို့က အားဖြည့်ကူညီပါဝင်သရုပ်ဆောင်ထားကြောင်း သိရ သည်။
မိသားစု အခက်အခဲ အကျပ်ကျပ်အတည်းဘ၀ ပုံဖော် ရိုက်ကူးထားသည့် '' Box No.88 '' ဒရမ်မာ ဇာတ်ကားကြီးကို ရန်ကုန်၊ အောင်ပန်းနှင့် ဗန်ကောက်တို့တွင် ရိုက်ကူးမည်ဖြစ် ကြောင်း သိရသည်။
ကိုလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment