မုံရွာခရီးစဉ်တွင် တွေ့ဆုံခွင့်မရခဲ့သော တက္ကသိုလ်ကျောင်းသားသမဂ္ဂများနှင့်ဆရာများသမဂ္ဂအား နေပြည်တော်တွင် သီးသန့်ခေါ်တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်မှ စီစဉ်ခိုင်းထားကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကပြောသည်။
ကျောင်းသားသမဂ္ဂများသည် မုံရွာတက္ကသိုလ်တွင်လည်း ကောင်း၊မုံရွာမြို့တော်ခန်းမ ရှိလူထုတွေ့ဆုံပွဲတွင်လည်းကောင်း ဒေါ်ဆောင်ဆန်းစုကြည်နှင့်တွေ့ခွင့်မရခဲ့ရာ ယာဉ်တန်းနောက်ထိ သမဂ္ဂအလံကိုကိုင်စွဲကာ ပြေးလိုက်၍ တွေ့ခွင့်တောင်းခဲ့ကြခြင်းဖြစ်သည်။
“ အမ ကလေယာဉ်ပေါ်တက်ခါနီး တဖွဖွမှာတယ်၊ကျောင်းသားတွေကို မတွေ့လိုက်ရတာ သူစိတ်မကောင်းဘူးပြောတယ်၊နေပြည်တော်မှာတွေ့မယ်ဆိုပြီး စီစဉ်ခိုင်းတယ်၊ဒါကြောင့် လေယာဉ်ပေါ်တင်ပေးပေးပြီးခြင်း ကျွန်တော်ချက်ချင်းလာတွေ့တာ၊ သွားတာလာတာတွေအကုန်စီစဉ်ပေးမယ်၊ “ဟု ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင် က ကျောင်းသားသမဂ္ဂများကိုပြောဆိုသည်။
ဝန်ကြီးချုပ်သည် မုံရွာတက္ကသိုလ်သို့လာရောက်၍ ဒေါ်ဆောင်ဆန်းစုကြည်မှ သီးသန့်တွေ့ဆုံမည့်သတင်းကို တက္ကသိုလ်ပါမောက္ခချုပ်အပါအ၀င် ကျောင်းသားသမဂ္ဂများအား သွားရောက်ပြောကြားခဲ့သည်။
“ ညီမတို့ကိုလည်းမဖိတ်ဘူး၊ စတိတ်ကျောင်းသား ကလေးငယ်တွေကို လည်ဆွဲကတ်ပေးပြီးအထဲခေါ်သွင်းထားတာ၊သမဂ္ဂတွေကို ၀င်ခွင့်မပေးတာ ဘာသဘောလဲပေါ့၊ကျောင်းမှာ လွတ်လပ်စွာပညာသင်ကြားခွင့်ရပြီးလုံခြုံရေးအတွက်နဲ့ ထိတ်လန့်စွာပညာသင်ကြားနေရတာကို ဘယ်လိုမျိုးလုပ်ပေးမှာလဲ အဲဒါတွေကို တင်ပြသွားချင်တာပါ”ဟု မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ မမေမီမီမိုး ကပြောသည်။
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသာများသမဂ္ဂ၊မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ တို့စုပေါင်းထားသော တကသများကွန်ယက်(မုံရွာ) နှင့် ဆရာများသမဂ္ဂ တို့သည်တစ်ဖွဲ့လျင် ကိုယ်စားလှယ်ငါးဦးစီရွှေးချယ်၍ တွေ့ဆုံမည်ဖြစ်သည်။
ကိုသစ္စာ
No comments:
Post a Comment