Latest News
Saturday, March 9, 2019
ဝိုင်းလိမ်နေကြကြောင်း ရှေ့နေ့တစ်ဦးတင်ပြချက် သိပြီးသားဟုဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်
ဝိုင်းလိမ်နေကြကြောင်း ရှေ့နေ့တစ်ဦးတင်ပြချက် သိပြီးသားဟုဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား အားလုးံ ၀ိုင်းလိမ်နေကြတဲ့အဖြစ်မျိုးဖြစ်နေသည်ဟု မုံရွာခရိုင်ရှေ့နေ့အသင်း မှတရားလွှတ်တော်ရှေ့နေ ဦးတင်ကို ကပြောစဉ် ဒေါ်အောင်ဆန်းစုကြည်မှ  ကျွန်မတို့လည်း သိပြီးသားပဲ ဟု ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။
   မတ်လ ၈ ရက်နေ့က  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆောင်ဆန်းစုကြည်သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မြို့တော်ခန်းမ၌ လူထုနှင့်အပြန်အလှန်အမေးအဖြေလိုပ်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
    “အမေစုကိုတင်ပြမှာကြောက်လို့နဲ့တူတယ်၊ မုံရွာတောင် ဘိုးဘွားရိပ်သာရှေ့မှာ တစ်ခါမှ မတွေ့ဖူးမမြင်ဖူးတဲ့စည်ပင်ဝန်ထမ်းတွေ ဒီနေ့အယောက်တစ်ရာလောက်ရှိတယ်၊တစ်ခါတည်းလှဲလိုက်ကြတာ၊'မဆလခေတ်၊န၀တခေတ်၊ကြံ့ခိုင်ရေးအစိုးရခေတ်ကနေ ဒီနေ့ထိ အောက်က အထက်ကိုလိမ်၊အထက်ကလည်း အထက်ကို လိမ်၊ လိမ်လိမ်လိမ်နည်းနဲ့ပဲသွားနေကြတယ် “ဟု ဦးတင်ကို ကပြောသည်။
 ယင်းကိစ္စအား တင်ပြစရာမလိုပဲ သိပြီးသားဖြစ်ကြောင်း ဒေါ်ဆောင်ဆန်းစုကြည်က ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။
   “၀န်ထမ်းတွေက ပြည်သူတွေကိုစောင်းမြောင်း၊ပြည်သူတွေက ၀န်ထမ်းတွေကို စောင်းမြောင်းဆိုရင် ကျွန်မတို့ နိုင်ငံဟာကောင်းနိုင်မှာမဟုတ်ဘူး၊ကျွန်မတို့ဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားလုပ်နေကြတာပါ၊တစ်ဦးပေါ်တစ်ဦး စေတနာမေတ္တာထားပြီးသွားဖို့လိုပါတယ်၊လွယ်လွယ်ကူကူနဲ့ တစ်ဖက်ကို ဝေဖန်ဖို့ဆိုတာ ကိုယ့်ကိုကိုယ်သုးံသပ်ပြီး ကျွန်တော်လည်း လုပ်တယ်၊ခင်ဗျားလည်း လုပ်ပါဆိုပြီးကောင်းကောင်းမွန်မွန်တွဲပြီးခေါ်စေချင်တယ် “ဟု  ဒေါ်ဆောင်ဆန်းစုကြည်က ပြောဆိုသည်။
      မြို့တော်ခန်းမလူထု တွေ့ဆုံပွဲတွင်   ဌာနဆိုင်ရာဝန်ထမ်းများ၊မြို့မိမြို့ဖများ၊လွှတ်တော်ကိုယ်စားလှယ်များ၊နိုင်ငံရေးပါတီတို့နှင့်အတူ မြို့ပေါ် ရပ်ကါက်တစ်ခုလျင်၁၀ယောက်နှုန်းဖြင့် တွေ့ဆုံခွင့်ပေးခဲ့သည်။
ကိုသစ္စာ
No comments:
Post a Comment