Latest News

Tuesday, March 26, 2019

အနောက်ကို လျောက်ပါလို့


မကြာသေးမှီ က လန်ဒန် တွင် ဗြိတိသျှ ကုန်သည်ကြီးများ အသင်း၏ ကမကထ ပြုမှု ဖြင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ၀န်ကြီး ဦးသောင်းထွန်း၊ စီမံ ဘဏ္ဍာ ဒုဝန်ကြီးဦးဆက်အောင်၊ ဗဟိုဘဏ် ဒုက္ကဌ ဦးဘိုဘိုငယ် တို့ ဦးဆောင်တဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ဇာ အဖွဲ့နှင့် ဗြိတိန် ရှိ ကုန်သည်ကြီးများ တွေဆုံပွဲကို ပြုလုပ်ခဲ့ကြောင်း
အဆိုပါ တွေ့ဆုံပွဲကို ကိုယ်တိုင် ကိုယ် ကျ တက်ရောက် သတင်းယူခဲ့တဲ့ လာရီ ဂျေဂင် က ဘန်ကောက်ပို့စ် ရေးသားချက်ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။

အဓိက ကတော့ ရင်းနှီးမြုပ်နှံပြီး လုပ်ငန်း များလုပ်ကိုင်ဆောင်ရွက်ရေး အားလုံး အဆင်ပြေအောင် အစိုးရမှ အထူး စီမံပေးသွားမှာကို သွားရောက် ရှင်းလင်း ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့သော နှစ်များက ကြိုးနီ စနစ်များ အလွန်အကျွံရှိနေခြင်း။ အကျင့်ပျက် ခြစားမှု များ နဲ့ အခြေခံ
အဆောက်အအုံ တို့ အားနည်းခဲ့မှုများ ဆက်လက်ရှိနေခဲ့ခြင်းတို့ကြောင့် ပြည်ပ ရင်းနှီးမြုပ်နှံသူများ
စိတ်ဓါတ်ကျစရာ ဖြစ်ခဲ့တာကို ၀န်ခံခဲ့ပြီးပြောင်းလဲနေပြီ ဖြစ်ကြောင်း လည်း ဦးသောင်းထွန်းက
 ပြောခဲ့ပါတယ်။

သို့သော် ကမ္ဘာနိုင်ငံ များ ရှိ စီးပွားရေး လုပ်ငန်း များလုပ်ကိုင်မှု အဆင်ပြေဆုံး စစ်တမ်းတွင် မြန်မာသည်
နိုင်ငံပေါင်း ၁၉၀ အနက် အဆင့် ၁၇၁ ဖြစ်နေပြီး ကမ္ဘောဒီယား။ လာအို နဲ့ ဗီယက်နမ် တို့အောက် များစွာ
ရောက်နေဆဲ ဖြစ်တာကို ၀န်ခံခဲ့ပြီး မိမိတို့ မှ အနည်းဆုံး ၁၀၀ အောက် ရောက်တဲ့ အထိ ကြိုးစားမယ်ဆိုတာ လည်း ကတိပြူသွားခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေး ရှိနေတဲ့ ထိုင်းနိုင်ငံပင် အဆင့် ၂၇ မှာ ရပ်တည်နေပါတယ်။

မြန်မာ အစိုးရ အနေဖြင့် နိုင်ငံတနို်င်ငံတည်းအထူးသဖြင့် တရုတ် အပေါ် ကိုသာ မှီခိုနေရသည့်
အဖြစ်မှ ကင်းလွတ်အောင် အထူးကြိုးစားနေပြီး ဂျပန်၊ဟောင်ကောင်၊ ကိုရီယား နဲ့ ထိုင်း နိုင်ငံများ မှာ အလားတူ ပွဲများ ကျင်းပခဲ့ပြီး အရှေ့ကိုလျှောက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလန်း များပေါများကြွယ်ဝမှု ကို တက်ရောက်လာသူ ဗြိတိသျှ
လုပ်ငန်းရှင်များ အားလုံး က အသိအမှတ်ပြုခဲ့ကြသော်လည်း လူပေါင်း ရှစ်သိန်း ခန့် တိုင်းပြည်မှ ထွက်ပြေးရလောက်သည်အထိ လူ့အခွင့်အရေး များဖေါက်ဖျက်ခဲ့သော စစ်တပ်အား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ မှထိမ်းချုပ်ဖို့ အာဏာ မရှိ ဖြစ်နေမှုများ အတွက် စိတ်ထဲမှာ သောင်မတင် ရေမကျ ဖြစ်နေကြတယ်လို့ လာရီ ဂျေပင် က သုံးသပ်ပါတယ်။

ထို့အပြင် ဘဏ္ဍာရေး နဲ့ ဗြုရိုကရက်များ က အစိုးရ ရဲ့ပြုပြင်ပြောင်းလဲမှု များ ကို အပြင်းအထန် ဆန့်ကျင်နေဆဲ ဖြစ်တာ ကို သိနေကြတဲ့ အတွက် ဘယ်လိုများလုပ်သွားကြမလဲ ဆိုတာ သိချင်နေကြပြန်ပါတယ်။

သို့သော်လည်း အစိုးရသည် စီးပွားရေး ကို အားသွန်ခွန်စိုက် လုပ်ပမ်း လာနေတာကို အသိအမှတ် ပြုလာကြတာ တွေ့ရပါတယ်။

ဘဏ်လုပ်ငန်း များ နဲ့ ပါတ်သက်ပြီး အတိုးနှုန်းများလျော့ပေါ့ ပေးမည့် အစီအစဉ်များ။ နိုင်ငံခြားငွေ
လဲလှယ်ရေး စည်းမျဉ်းများ ပြုပြင်ပြောင်းလဲရေး၊ ဘဏ္ဍာရေး ကဏ္ဍ များမှ နိုင်ငံခြားသားများ ပါ
ဝင်ဆောင်ရွက်ခွင့်ပေးရေး တို့ ပါဝင်ပါတယ်။

ဦးဘိုဘိုငယ် ရဲ့ အပြောအရ ငွေအပေးအယူ ပြုလုပ်ရာမှ အဆင်ပြေစေရေး အတွက် မြန်မာကျပ်ငွေ
သုံးသောင်း နှင့် ငါးသောင်းတန်များ ထုတ်ဝေ ဖြန့်ချီ ဖို့ အစီအစဉ် ရှိကြောင်း အရိပ်အမြွက်
ပြောသွားခဲ့တယ်လို့ လာရီ ဂျေဂင်က ဆိုပါတယ်။

တချိန်တည်းမှာ ရန်ကုန် နဲ့ အခြားမြို့ကြီးတွေမှာခေတ်စားလာနေပြီ ဖြစ်တဲ့ ဒီဂျစ်တယ် နှင့် မိုဘိုင်း အသုံးပြု ငွေလွှဲသည့် စနစ်ကို တရုတ်၊ ဂျပန် စင်္ကာပူ တို့ကို အတုယူပြီး ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

ယခုအခါ နိုင်ငံခြား ကုမ္ပဏီ များ အဖို့ ပြည်တွင်းလုပ်ငန်းများမှာ ၃၅% အထိ ပိုင်ဆိုင်ခွင့် ပေးတဲ့ ဥပဒေကိုလည်း ယမန်နှစ်က ပြဠာန်း ပေးခဲ့ပြီး ဖြစ်ပါတယ်။

အသက်အာမခံ လုပ်ငန်းများ ဆောင်ရွက်ဖို့ ရွေးချယ် ထားတဲ့ ပြည်ပ ကုမ္ပဏီ များ စာရင်းကို မတ်လ ၂၉
ရက်နေ့မှာ ကြေငြာသွားမယ်လို့ ဦးစက်အောင်က ဆိုပါတယ်။ ထိပ်ဆုံးမှ ပြေးနေတဲ့ ကုမ္ပဏီများကတော့ AIA, Prudential နဲ့ ဂျပန် ကုမ္ပဏီများပဲ ဖြစ်ပါတယ်။

အဆိုပါ လုပ်ငန်း အတွေ့အကြုံများ ပေါ် မူတည်ပြီးကျန်းမာရေး၊ မီးဘေး၊ ယာဉ်မတော်တဆမှု များ နဲ့
ပစ္စည်းခိုးယူခံရခြင်း အာမခံ လုပ်ငန်း များ ကိုဆက်လက် တိုးချဲ့သွားဖို့ ရှိနေပါတယ်။

အဆိုပါ အာမခံ များကို ပြည်တွင်း ဘဏ် ဖြစ်တဲ့ဧရာဘဏ်မှ တဆင့် လောလောဆယ် ရောင်းချပေးသွားဖို့ ရှိနေပြီး အခြား ဘဏ်များလည်း ပါဝင်နိုင်ဖို့ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ငွေချေး လုပ်ငန်း များ ၀င်ရောက်လုပ်ကိုင်ဖို့ အစုစပ် ပါဝင်နို်င်ရန် စင်္ကာပူ Sovereign Wealth Fund GIC သည် ရိုးမ ဘဏ် နဲ့ ဆွေးနွေးနေသလို၊ ထိုင်း နိုင်ငံ ရှိ အယုဒ္ဓယ ဘဏ်မှလည်း မြန်မာ အရှေ့တိုင်း ဘဏ် နဲ့ ပြောဆိုမှုတွေ ရှိနေပြီး ကိုရီယား ဘဏ် ဖြစ်တဲ့ Hana သည်လည်း စိတ်ဝင်စားကြောင်း ပြသနေပြီ
ဖြစ်ပါတယ်။

ပြည်ပ ရင်းနှီးမြုပ်နှံသူများ အနေနဲ့ စိတ်ရှည်ဖို့သာလိုကြောင်း ဦးဆက်အောင်က လန်ဒန်မှာ ပြောသွားခဲ့တယ်လို့ လာရီ ဂျေဂင် ရဲ့ ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။
လှစိုးဝေ

No comments:

Post a Comment