သရုပ်ဆောင် စမိုင်း ရေးသားသည့် Sharing is Caringစာအုပ် မိတ်ဆက်
ခန္ဓာကိုယ် အဝလွန်ခဲ့စဉ်က ကိုယ်တွေ့ကြုံခဲ့ရသည့် Body Shaming လုပ်ခြင်းခံခဲ့ရမှုများနှင့် ဝိတ်ချ ရန်ဆုံးဖြတ်ပြီးနောက်ပိုင်း ဝိတ်ချခဲ့ပုံများကို ပရိသတ် များသိရှိကာ အဝလွန်နေသူများအနေဖြင့် ကြိုးစား၍ ဝိတ်ချလိုစိတ် ဖြစ်လာစေရန်အတွက် သရုပ်ဆောင် စမိုင်းက'Sharing is Caring' စာအုပ်ကို ထုတ်ဝေ ခဲ့သည်။ ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel ရှေ့၌ ဖွင့်လှစ်သည့် စာအုပ်ဈေးရောင်းပွဲတော်တွင် စမိုင်းက ပရိသတ်များနှင့် တွေ့ဆုံခဲ့ကာ စာအုပ်အတွက် အမှတ် တရ လက်မှတ်ရေးထိုးပွဲကိုလည်း ပြုလုပ်ခဲ့သည်။
"စမိုင်းရဲ့ Sharing is Caring စာအုပ် ထုတ်ဖြစ်တာက ကိုယ့်လို Sharing is Caring လုပ်ခံနေရသူတွေကို အခုလိုလေး ကြိုးစားစေချင် လို့ပါ။ စမိုင်းက ၀တာ ပေါင် ၂၂၀ တောင်ဖြစ်သွား ခဲ့တယ်။ အခု ပေါင် ၁၃၀ ပဲ ရှိတော့တယ်၊ စပြီး ၀လာတော့ စမိုင်းက စိတ်ထဲမှာ ဘာမှမဖြစ်ဘူး၊ အဲဒီတုန်းက နိုင်ငံခြားမှာနေတာလေ၊ မြန်မာပြည် ရောက်တော့ ဈေးဝယ်သွားတော့ တော်တော်ဝလာ တယ်နော်၊ ဝိတ်ချဦးလို့ ပြောကြတယ်၊ နောက် ဘုရားသွားတော့ ဓာတ်လှေကားထဲမှာ ဟယ်- အရမ်းတွေ ၀နေတာ၊ ဝိတ်ချဦး၊ ယောက်ျားက ပစ်သွားမယ်၊ ဘာညာနဲ့ ပြောတာ၊ လူတွေကလည်း ဓာတ်လှေကားထဲမှာ ဝိုင်းကြည့်နေတာ၊ ရှက်ပြီး ဘုရားပေါ်မှာတင် ငိုခဲ့ရတယ်၊ ကိုယ်က တစ်လောက လုံးမှာ အဝဆုံးလား၊ ရုပ်အဆိုးဆုံးလား၊ ရုပ်ပျက် ဆင်းပျက် ဖြစ်နေပြီလား၊ အပြင်မှာ အားလုံးက ပိန်ပြီး လှနေကြတာလားပေါ့၊ တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောနေမယ့်အစား ဖေးဖေးမမနဲ့ ကူညီလို့ရှိရင် လူ့ဘ၀ကြီးက ပျော်ရွှင်ကျေနပ်စရာပါ၊ အဲဒါအပြင် ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင် လည်း ဆီးချိုတက်ချင်သလိုဖြစ်တာနဲ့ နှစ်ယောက်လုံး ဝိတ်ချဖြစ်ခဲ့တာပါ"ဟု စမိုင်းက ပြောသည်။
"စာအုပ်ထဲမှာ Cyber Bullyingနဲ့ Body Shaming အလုပ်ခံရတာ မကောင်းဘူးဆိုတာ ရေးထားတယ်၊ တကယ်တော့ စမိုင်းက စာရေး တာကို ဝါသနာပါလို့မဟုတ်ပါဘူး၊ လုံးဝ မရေး တတ်ပါဘူး၊ စာစီစာကုံးတစ်ပုဒ်တောင် ကောင်း ကောင်း မရေးတတ်ဘူး၊ အခု စာအုပ်ထဲမှာလည်း စကားပြောသလိုပဲ ရေးထားတာပါ၊ နိုင်ငံခြားမှာ နေတုန်းကတော့ ကိုယ့်ကို ယောက်ျားကပစ်သွား မှာလားဆိုတဲ့စိတ်မျိုး မဝင်ခဲ့ဘူး၊ မြန်မာပြည် ပြန်ရောက်မှ ငါ တကယ်ပဲ ၀နေတာကြောင့် ငါ့ယောက်ျားက ပစ်သွားမှာလား ဆိုတာမျိုးတွေ ဖြစ်ခဲ့တယ်၊ ကြောက်တဲ့စိတ်တွေ ဖြစ်ခဲ့ပေမယ့် စမိုင်းယောက်ျားက ဘယ်လိုနေနေ ချစ်တာမို့လို့ လည်း ကျေနပ်ပါတယ်}}ဟု စမိုင်းက ရယ်ရယ် မောမောနှင့် ဆိုသည်။ ကိုလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment