မြန်မာနိုင်ငံအတွင်းရှိ နယ်ပယ်စုံမှထူးချွန်သူများကို ပထမဆုံးအကြိမ်အဖြစ် ပေးအပ်ချီးမြှင့်သည့် Pride of Myanmar 2018 တွင် ဖျော်ဖြေရေးကဏ္ဍဆု ရရှိသည့် အိန္ဒြာကျော်ဇင်က အဆိုပါဆုမှာ ပရိသတ်၏ မေတ္တာတရားကြောင့်သာ ရရှိခြင်းဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ နယ်ပယ်စုံမှ ထူးချွန် သူများကို ပထမအကြိမ် အဖြစ်Pride of Myanmar 2018 ခေါင်းစဉ်ဖြင့် ပြည်တွင်း၌ သာမက နိုင်ငံတကာအဆင့်တွင်ပါ မြန်မာ ကို ကမ္ဘာကသိအောင် ထူးခြားပြောင် မြောက်စွာ ဆောင်ရွက်နိုင်သူများ ကို ပေးအပ်ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါပွဲ၌ အနုပညာနှင့် စာပေကဏ္ဍတွင် Perfor- mance artist မိုးစက်က လည်းကောင်း၊ လူမှုဆက်ဆံ ရေးနှင့် လူထုရေးရာကဏ္ဍတွင် ပရဟိတသမားနှင့် လုပ်ငန်း ရှင်တစ်ဦးဖြစ်သည့် Joshua ချစ်ထွန်းက လည်း ကောင်း၊ စီးပွားရေး စွန့်ဦးတီထွင်ဆန်းသစ်မှုကဏ္ဍတွင် Rangoon Tea House ၏ ပဲ့ကိုင်ရှင် ကိုထက်မြတ်ဦးက လည်းကောင်း၊ ဖျော်ဖြေရေးကဏ္ဍ တွင် အကယ်ဒမီအိန္ဒြာကျော်ဇင် က လည်းကောင်း၊ ဖက်ရှင် ကဏ္ဍတွင် သရုပ်ဆောင် မော်ဒယ် မေမြတ်နိုးက လည်း ကောင်း၊ အားကစား ကဏ္ဍတွင် ဘောလုံး သမား အောင်သူက လည်းကောင်း၊ လူမှု မီဒီယာတွင် တစ်နှစ် တာအတွင်း လွှမ်းမိုး ထားနိုင်သူများ ကဏ္ဍတွင် beauty blogger နေခြည်ဦးက လည်းကောင်း၊ ဘ၀တစ်သက်တာ အောင်မြင်မှု ကဏ္ဍတွင် ပန်းချီဆရာကြီး ဦးလွန်းကြွယ်က လည်းကောင်း ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
"ဒီဆုပေးအပ်ပွဲကနေ အူဝဲကို ပေးအပ် ချီးမြှင့်တဲ့ ဆုကတော့ ဖျော်ဖြေတင်ဆင်မှုပိုင်းဆိုပြီး သိရပါတယ်။ နယ်ပယ်အသီးသီးက သူ့နေရာနဲ့ သူ အောင်မြင်နေကြသူတွေကို ဂုဏ်ပြုပေးအပ် တာလို့လည်း သိရပါတယ်။ အူဝဲအနေနဲ့ ပြောချင် တာ ကတော့ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ် ဆိုပြီး ဂုဏ်တပ်ချင်တာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ်ကြိုးစားတယ်။ ကြိုးစားမှုကို အသိအမှတ်ပြု ပေးတဲ့ ပွဲတစ်ခုလို့ပဲ မြင်ပါတယ်။ အဲဒီအတွက် လည်း ဝမ်းသာရပါတယ်။ ဒီလိုပွဲမျိုးတွေ လုပ်ပေး တဲ့အတွက် ကိုယ့်လို လူငယ်တွေရော၊ နောက်ထပ် လူငယ်တွေ၊ လူငယ်တွေ အများကြီး ကြိုးစား ချင်တဲ့စိတ်တွေ ပိုပြီးရှိလာတယ်လို့ အူဝဲကတော့ ပြောချင်ပါတယ်။ တစ်နှစ်တာအကောင်းဆုံး ဆုလို့ သူတို့ဘက်ကနေ ရွေးချယ်ရေးအဖွဲ့တွေ ရှိတယ်လေ။
"အဲဒီလိုသေချာစိစစ် ရွေးချယ်ပြီး ဒီဆု ကို ပေးအပ်ကြတာဆိုတော့ ဘာပြောပြော ဒီလိုပွဲမျိုးတွေ ရှိလာတာ ပိုကြိုးစားချင် စိတ်တွေ ဖြစ်လာပါတယ်။ ပြီးတော့ အူဝဲ အခုလို ဆုရတယ်ဆိုတာကလည်း ပရိသတ်တွေရဲ့ အူဝဲအပေါ်ထားတဲ့ မေတ္တာ၊ စေတနာတွေကြောင့်ရယ်၊ ပြီး တော့ အူဝဲကလည်း ကိုယ်လုပ်တဲ့ အလုပ်အပေါ် သေချာကြိုးစားတာ ကြောင့် အခုလို ပြန်ရတာပေါ့နော်" ဟု အကယ်ဒမီ အိန္ဒြာကျော်ဇင်က ပြောသည်။ ကိုလင်း
No comments:
Post a Comment