Latest News

Monday, February 11, 2019

မင်းလှမြို့နယ်အတွင်း အထောက်အထားမဲ့ဝင်ရောက်လာသူ ၁၂ဦး ဖမ်းဆီးရမိ

မင်းလှမြို့နယ်အတွင်း အထောက်အထားမဲ့ဝင်ရောက်လာသူ ၁၂ဦး ဖမ်းဆီးရမိ

မင်းလှ   ဖေဖော်ဝါရီ ၁၁

 ရန်ကုန်မြို့သို့သွားရန်ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ် မှ မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်ဖြတ်သန်းဝင်ရောက်မှုများ မကြာခဏဖြစ်ပေါ်နေမှုကြောင့် မင်းလှမြို့နယ်နှင့် နယ်မြေရဲတပ်ဖွဲ့တို့မှ စစ်ဆေးကြပ်မတ်နေစဉ် ဖေဖော်ဝါရီ ၁၁ရက် နံနက်ပိုင်းတွင် တရားမဝင် ၀င်ရောက်လာသူကျား၁၂ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မင်းလှမြို့ နယ်ရဲတပ်ဖွဲ့ မှ သိရသည်။
ဖေဖော်ဝါရီ ၁၀ရက်နေ့ ညသန်းခေါင်ခန့်တွင် ဒုရဲအုပ်သက်နိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များက သတင်းအရ တရားမဝင် ၀င်ရောက်လာသူများကို ရှာဖွေခဲ့ရာ ပရဆိုင် ကျေးရွာအနောက်ဘက် ၅မိုင်ခန့်အကွာ ဝါးတောထဲ၌ နိုဘီဟူဆွန်း(ပါ) အမျိုးသား ၁၂ဦးကို ဖေဖော်ဝါရီ ၁၁ရက် နံနက် (ည ၁၂နာရီခွဲ)တွင် ဖမ်းဆီးရမိ
 ခဲ့ခြင်းဖြစ်သည်။

ရေနံမနယ်မြေရဲစခန်း ၊ ရွှေချောင်း၊ရှမ်းတပ် နှင့် လက်ပံတံခါး ရဲကင်းစခန်း ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းမှု ၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များ ၊ ပြည်သူများ ၏ ပူးပေါင်းပါဝင်မှုဖြင့် ယင်းသို့ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးရမိသူများအား လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ မှတ်ပုံတင်အက်ဥပဒေဖြင့် အရေးယူသွားမည် ကြောင်း သိရသည်။
၂၀၁၈ခုနှစ်အတွင်း၌ မကွေးတိုင်း၊မင်းလှမြို့နယ်အတွင်း သို့ဖြတ်သန်းဝင်ရောက်သူ အထောက်အထားမဲ့ ၀င်ရောက်လာသူ ၁၃၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၉ခုနှစ်အတွင်း လတ်တလောအချိန်ထိ ၃၈ဦး ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

ဇေယျတု(မကွေး)

No comments:

Post a Comment