Latest News

Monday, February 11, 2019

သွားပြဿနာများနဲ့ ကျွန်တော် (၅)


အနာရှိရင်၊ အနာသိရင် ဆေးရှိပါတယ်။
ရောဂါဖြစ်မှတော့ ကုဖို့ပဲ ရှိပါတယ်။
မဖြစ်ခင်မှာတော့ ကြိုတင်ကာကွယ် ရမှာပေါ့လေ။
ကြိုတင်ကာကွယ်နိုင်တဲ့အထဲမှာ နှလုံးရောဂါဆိုတာတွေလည်း
ပါလေသလားလို့ တစ်ခါတစ်ခါ ထင်မိပါတယ်။
ဒါပေမဲ့ နှလုံးရောဂါဖြစ်လာပြီဆိုရင်၊
နှလုံးရောဂါဖေါက်လာပြီဆိုရင် တစ်မိနစ် တစ်စက္ကန့် အလျှင်အမြန်ကုသဖို့ရန် အရေးကြီးပါတယ်။
ကုသမှုက လက်ဦးပါက အသက်ဘေးက လွတ်မြောက်နိုင်ပါတယ်။
ကုသလို့ ရတဲ့ ရောဂါ အမျိုးအစားထဲမှာ ပါသပေါ့။

Gingivitis and periodontal disease (Gum Disease) ကတော့
ကုသပြီးပျောက်တဲ့ ရောဂါလို့ မပြောနိုင်ပါ။
သို့သော် နှလုံးသွေးကြောပိတ်တာကို ကာကွယ်နိုင်တဲ့ နည်းတစ်ခုလို့တော့
ပြောနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ နေ့စဉ် ခံတွင်းသန့်ရှင်းမှုကို ပြုလုပ်ပြီး၊ အချိန်အလိုက်
သွားဆရာဝန်ရဲ့ ကုသမှုကို ခံယူပါက၊ ဒီရောဂါကို ထိန်းချုပ်နိင်မှာပါ။
အဲ့တာဆိုရင်တော့ သွေလွှတ်ကြောမာကြောမှုဖြစ်ဖို့ အခွင့်နည်းလာမယ်။
ဒီအခါမှ တစ်နည်းအားဖြင့် နှလုံးသွေးကြောပိတ်တာကို ကာကွယ်နိင်မယ်လို့၊
ကျန်းမာရေး ဝန်ထမ်းဆရာသမားများက ယုံကြည်ကြပါတယ်။

တလက်စတည်း သွေးလွှတ်ကြောမာကြောစေတာဟာ အစားအသောက်
အနေအထိုင် မမှန်လို့၊ အဝလွန်လို့၊ ဖိစီးမှုတွေရှိလို့၊ ဆေးလိပ်အသောက်များလို့
ဆိုပြီးတော့လည်း ပြောနိုင်ပါတယ်။
ဒါ့ကြောင့် အဆီနဲ အရက်ကိုလျှော့၊ ကိုယ်လက်လှုပ်ရှားမှု ကိုလုပ်ဖို့လိုပါတယ်။
အလုပ်ထဲမှာ၊ မိသားစုထဲ ကိုယ်စိတ်နှလုံး မပင်ပန်းစေဖို့ သတိထားနေထိုင်ရင်းက၊
အိပ်ချိန်တန်အိပ်၊ နားချိန်တန် နားသင့်ပါတယ်။
အထိရောက်ဆုံးကတော့ ဆေးလိပ်မသောက်ခြင်းပါ။

Gingivitis and periodontal disease
(Gum Disease) ဆိုတာ ခံတွင်းရောဂါပါ」
「သေနိုင်လောက်တဲ့ရောဂါ မဟုတ်ပါဘူးကွာ」
ဆိုပြီး ဂရုမထားတတ်သူတွေ၊ များပါလိမ့်မယ်။
ဒါပေမဲ့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်နိင်တာကို သိထားပြီး
အလေးပေး ကာကွယ်စောင့်ရှောက်စေလိုပါတယ်။

ဒီနေရာမှာ နှလုံးသွေးကြောပိတ်တဲ့ ရောဂါကို အထူးအလေးပေး၊
ဖေါ်ပြခဲ့ပေမဲ့၊ ဆီးချိုရောဂါ၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ အဆုပ်ရောင်ခြင်း၊
ပေါင်ချိန်မပြည့် ကလေးမီးဖွားခြင်း၊ လမစေ့ပဲ မွေးဖွားခြင်းဆိုတာတွေလည်း၊
ဒီခံတွင်းရောဂါဟာလည်း ဆက်သွယ်နေတယ်လို့လဲ ယူဆနေကြပါတယ်။
ဘာပဲဖြစ်ဖြစ်လေ စောစောကပြောခဲ့သလို စောစောစီးစီး ကုသခြင်းဟာ၊
အသက်ကို ဥာဏ်စောင့်တယ်လို့ ပြောနိုင်မှာပါ။

သုခ(သား)

No comments:

Post a Comment