Latest News

Monday, February 11, 2019

မာန်အောင်ကျွန်း၏အနောက်မြောက် ဘက်ရှိ မီးပြတိုက်အနီး ဆင်ပြောင် အမည်ရှိ သင်္ဘော(၁)စီးနှစ်မြှုပ်

မာန်အောင်ကျွန်း၏အနောက်မြောက် ဘက်ရှိ မီးပြတိုက်အနီး ဆင်ပြောင် အမည်ရှိ သင်္ဘော(၁)စီးနှစ်မြှုပ်


မာန်အောင်   ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်(မာန် အောင်ကျွန်း)၏ အနောက်မြောက်ဘက် ရှိ ဇီးတောကျေးရွာနှင့် ရေမိုင်(၄)မိုင်ခန့် အကွာ လက်ဖက်ကျွန်းမီးပြတိုက်သို့ ပြု ပြင်ရန်လာရောက်သည့် ဆင်ပြောင် အ မည်ရှိ သင်္ဘောမှာ လူ(၂၅)ဦးပါဝင်ပြီး ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က နှစ်မြှုပ်မှုဖြစ်ပွားခဲ့ရာ လူ(၁၈)ဦး ပျောက်ဆုံးနေကြောင်း မြို့ နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မှ သိရသည်။
အဆိုပါ အခင်းဖြစ်စဉ်တွင် သင်္ဘောမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မီးပြတိုက်ဦးစီးဌာနပိုင် ဆင်ပြောင်ရေယာဉ်ပေါ်၌ ရေယာဉ်မှူး ဦးထွန်းထွန်းနှင့်(၂၃) ဦးနှင့် မာန်အောင်မီးပြတိုက်မှဒေသခံ
နေ့စားဝန်ထမ်း(၁)ဦး၊ စုစုပေါင်း(၂၅)ဦး တို့သည် မီးပြတိုက်မြောက် ဘက်ရေမိုင် (၁)မိုင်ခန့်အကွာတွင် ကျောက်ချ  ညအိပ်နားနေစဉ် ယနေ့ နံနက် ၀၄:၀၀ အချိန်ခန့်က ဘေးလှိုင်းရိုက်ခတ်မှုများကြောင့် ရေယာဉ်အတွင်းမှန်ပြူ တင်းပေါက်များကွဲအက်၍ ရေများဝင် ရောက်လာသဖြင့် သင်္ဘောမှာ ဝဲဘက် သို့ တိမ်းစောင်းကာ နှစ်မြှုပ်နေစဉ်တွင် သင်္ဘောပေါ်မှ ဝီစီမှုတ်သံများကြောင့် မီး ပြတိုက်ဌာနမှူး ဦးအေးလွင်တို့အဖွဲ့မှ ဒေသငါးဖမ်းစက်လှေ(၂)စီးဖြင့် သွား ရောက်ကူညီကယ်ဆယ်ခဲ့ရာ လူ(၂၅) ဦးအနက်မှ (၇)ဦးအား ကယ်တင်နိုင်ခဲ့ ပြီး ရေယာဉ်မှူး ဦးထွန်းထွန်းပါ(၁၇)ဦး နှင့် ဒေသခံနေ့စားဝန်ထမ်း(၁)ဦး၊ ပေါင်း (၁၈)ဦးတို့မှာ သင်္ဘောနှင့် အတူနှစ်မြှုပ်ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းသင်္ဘောနှစ်မြှုပ်ရာနေရာသို့ ယနေ့ နံနက် ၁၁:၂၀ အချိန်ခန့်က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝေနှင့်ရဲတပ်ဖွဲ့ဝင်များ၊ဒုတိယမြို့နယ် မီးသတ်ဦးစီးမှူး ဦးအိုင် အေမင်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မျှော် တော်ဦးကျေးရွာအခြေစိုက်အမှတ်(၁၉) ရှေ့တန်းရေတပ်စခန်း ဗိုလ်မှူး ခွန်ဟိန်း ထက်စိုးနှင့်တပ်ဖွဲ့ဝင်များမှ ပျောက်ဆုံး နေသော (၁၈)ဦးအားကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်လျက် ရှိကာ အသက်ရှင်လျှက် ကယ်တင်နိုင်သော သင်္ဘောသားများအား အမှတ်(၁၉) ရှေ့တန်းရေတပ်စခန်းမှ ဆေးမှူး ဗိုလ်ကြီးရဲပြည့်က ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ပေးပြီး၊ ကယ်ဆယ်ရေးအဖွဲ့မှလည်းသောက်ရေသန့်ဗူး၊ခေါက်ဆွဲခြောက် စသော အစားအသောက်များ ပေးအပ် ခဲ့ပြီး ပျောက်ဆုံးနေသော ရေယာဉ်မှူး ဦးထွန်းထွန်းနှင့်(၁၇)ဦးအား ဆက်လက်ရှာဖွေလျက် ရှိကြောင်း ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ထံမှ သိရှိရသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment