Latest News

Friday, February 8, 2019

သွားပြဿနာများနဲ့ ကျွန်တော် (၃)


တလတ်စတည်း ဆရာကြီးက လူနာတွေရဲ့
ရောဂါနဲ့ ခံတွင်းပိုးတွေ ပါတ်သတ်ပုံ မရှင်းပြခင်မှာ၊
သွားအညစ်အကြေး၊ သွားချေးအကြောင်းကို ဆက်ပြောပြလာပါတယ်။
ဆရာကြီးမှာ ရည်ရွယ်ချက်ရှိမယ်ဆိုတာ သိလို့၊
ကိုယ့်ရောဂါကို မရှင်းပြသေးပေမဲ့
ကျွန်တော်တို့လည်း အသာကလေး ဆက်ပြီးနားထောင်မိကြပါတယ်။
(dental) plaque. ဆိုတာက နောင်တစ်ချိန်မှာ သွားချေး(ကျောက်) tartar
ဖြစ်လာမဲ့ အရာလို့ ပြောရလေမလား မသိ။
တစ်ချိုကတော့ သူ့ကိုလည်း သွားချေးဆိုပြီး ဘာသာပြန်ပါတယ်။
ကျွန်တော်ကတော့ သွားဆရာဝန်လည်း မဟုတ်လေတော့၊
သွားချေး အလောင်းအလျာလို့ပဲ သဘောထားလိုက်တော့ပါမယ်။
အဲ့သည့်ဟာကို အနည်းငယ် ယူပြီး၊ လျှပ်စစ်မှန်ဘီလူးနဲ့
ကြည့်လိုက်တဲ့အခါမှာ….
တွေ့လာကြရမဲ့၊ မရေမတွက်နိုင်သော
ပိုးမွှားပမာဏကို ကြည့်ပြီး၊
တော်ပါပြီ၊ ဘယ်လောက်သွားတိုက်တိုက်၊
ဘာမှ မထူးဘူးလို့ မထင်လိုက်ပါနဲ့။
အစထဲက ပြောထားခဲ့ပါတယ်။
ခံတွင်းတစ်ခုထဲမှာတောင် ပိုးမွှားတွေ ဘယ်လောက်ရှိနေသလဲလို့။
ဒါ့ကြောင့် သေသေချာချာ နားလည်သဘောပေါက်ပြီး၊
ကာကွယ်မှုတွေ လုပ်ကြမယ်ဆိုရင်၊ ခံတွင်းရောဂါတွေကို
ကာကွယ်နိုင်မယ်လို့ ထင်ပါတယ်။

ဆက်ပြီးတော့ သွားချေးအကြောင်း ပြောရရင်၊
ခံတွင်းထဲက ပိုးမွှားတွေက စုစည်းလာပြီး၊
ချွဲပစ်ပစ်အရာတွေကို စုပုံစေပါတယ်။
သာမာန်အများအားဖြင့်တော့ ဒါတွေဟာ ခံတွင်းထဲက စားကြွင်းစားကျန်တွေကြောင့်
ဖြစ်လာတာလို့ ထင်တတ်ကြပါတယ်။
ဒါပေမဲ့ အဲ့သလို ချွဲပစ်ပစ် အညစ်အကြေးတွေဟာ၊
ခံတွင်းက ပိုးတွေကြောင့် ဖြစ်ရတာက ၉၀%နီးပါးလောက် ဖြစ်ပါတယ်။
သွားကျောက်တည်တယ်လို့ ပြောရမလား၊
သွားချေး(ကျောက်) လို့ပဲ ပြောရမလားတော့ မသိ။
အဝါရောင်လိုလို၊ အညိုရောင်လိုလို အဆိုင်အခဲ မာမာကြီးတွေကတော့
အကြောင်းကြောင်းကြောင့် ဖြစ်တတ်ပေမဲ့၊ အများအားဖြင့်တော့
စောစောကပြောခဲ့တဲ့ အဲ့သည့်ပြစ်ချွဲချွဲ အရာတွေနဲ့
သွားရည်ထဲမှာပါတဲ့ ကယ်လဆီယမ်လို ဓါတ်သတ္တုတွေနဲ့
ပေါင်းစပ်သွားတဲ့အခါ၊ သွားပတ်ဝန်းကျင်မှာ အစိုင်အခဲ၊ မာကျောကျော
ကပ်သွားတာက သွားကျောက်(သွားချေး)။

အဲ့တာကို ဒီအတိုင်း ပစ်ထားလိုက်တဲ့အခါ၊
သွားကျောက်(သွားချေး)ထဲမှာ ပိုးမွှားတွေဟာ စုပြုံလာပါတယ်။
အဲ့သည့်ထဲမှာမှ ခံတွင်းပိုးလူမိုက်၊ ဗလကောင်းကောင်း အားရှိတဲ့ပိုးဟာ
သွားဖုံးထဲအထိ တိုးဝင်သွားပါတယ်။
အဲ့သလို ဖြစ်သွားတဲ့ သွားကျောက်(သွားချေး)မျိုးကတော့
ရေစီးကမ်းပြို ရောဂါကိုလည်း ပိုဆိုးဝါးစေပြီး၊
မကောင်းသော အဆိပ်ရှိ သွားကျောက်ဖြစ်လာတတ်သတဲ့။
အဲ့တာကိုမှ ပစ်ထားရင်တော့ ရေစီးကမ်းပြိုရောဂါတွေလည်း၊
ဆိုးသထက်ဆိုးလာမှာမို့၊ မိမိသွားတိုက်တံဖြင့် တိုက်ချွတ်၍
မရနိုင်တော့သောအခါ၊သွားဆရာဝန်ထံ သွားရောက်ပြသ၊ သန့်ရှင်းတာကတော့
အကောင်းဆုံး နည်းလမ်းလို့ ထင်ပါတယ်။

ဆက်ရန်
သုခ(သား)

No comments:

Post a Comment