Latest News

Tuesday, February 26, 2019

ြ မန်မာခေါင်းဆောင်တွေရဲ့  အမှား ၃ -မိုးသီးဇွန်


မြန်မာခေါင်းဆောင်တွေလဲ တကယ့် သမိုင်းတွင် အကြပ်အတည်းတွေ ရင်ဆိုင်ရတဲ့အခါမှာ မှန်ကန် တဲ့အဖြေကို မထုတ်နိင်ဘူး။
နိင်တဲ့ဖက်မှာ မရပ်တည်မိကြဘူး။ ရှုံးတဲ့ဖက်မှာပဲရပ်တည်ခဲ့ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းအစ ဦးနေ၀င်းအလည် ဒေါ်အောင်ဆန်းစုကြည်အဆုံးပေါ့။ တကမ္ဘာလုံးက လက်ဝဲအင်အားစုတွေက အရင်းရှင် နယ်ချဲ့  ဆန်ကျင်ရေး ကာလမှာ နာဇီတွေ၊ ဖက်ဆစ်တွေ ခေါင်းထောင်ထ လာတော့
အရှင်းစနစ်ကို တော့ မထောက်ခံ နိင်ဘူး။ ဒါပေမဲ့ဖက်ဆစ်ကိုတော့ မပေါင်း မိကြစေနဲ့ လို့ သတိပေးနေချိန်မှာ မြန်မာက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့လက်ဝဲ လူငယ်တွေဟာ ဖက်ဆစ်ကို လုံးလုံးလျးလျား ပေါင်းဖေါ် မိခဲ့ကြတယ်။ တတိုင်းပြည်လုံးဒုက္ခထဲမှာ အကုသိုလ်ထပ်ဝင်ခဲ့ကြတာပေါ့။ ဂျပန်ခေတ်မှာ မြန်မာက နဂိုကရှိပြီးသား နိင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ တွေ လုံးဝ ပျက်ဆီးသွားခဲ့ရတယ်။ အခြေခံအဆောက်အဦတစုံးလုံး ပြိုကျသွားတယ်။ ယဉ်ကျေးမှုပါ ကျဆင်းသွားခဲ့ရတာပေါ့။
ဒါဟာ ခွင့်မလွတ်သင့်တဲ့အမှားပါ။ မြန်မာတွေ ဒီအမှားကို လေးလေးနက်နက် ပြန်သုံးသပ်တာလုံးဝကိုမရှိတာ။ ဆင်ခြေတွေပေးပြီး ဂုဏ်ဖေါ်ထားတာတွေပဲရှိခဲ့တယ်။ ဒီအမှား ကြောင့် မြန်မာပြည်က မရဏ ထဲက ကို မထွက်နိင်သေးတာပေါ့။

ဆန်ကျင်ဖက်အားဖြင့် မြန်မာခေါင်းဆောင်တွေမှားသလို တိုင်းရင်းသားခေါင်းဆောင်တွေကြတော့ မမှားခဲ့ကြဘူး။ နိင်မဲ့ဖက် မှန် တဲ့ဖက်မှာရပ်တည်နိင်ခဲ့ကြတယ်။ ကချင် ရခိုင်၊ ကရင်ခေါင်းဆောင် တွေက စောစော အင်္ဂလိပ်အမေရိကန်ကို မကြိုက်ကြပေမဲ့ ဂျပန်ကိုသွားမပေါင်းခဲ့ကြဘူး။ အင်္ဂလိပ်အမေရိကန်နဲ့ ပေါင်းပြီး ဖက်ဆစ်တော်လှန်ရေးကို စောစောစီးစီးလုပ်ပေးခဲ့ကြတယ်။ သမိုင်းမှာတော့ ဒီလိုမှတ်တမ်းတင်အသိမှတ်ပြုထားတာမရှိကြဘူး။

စစ်အေးတိုက်ပွဲ ကာလမှာလည်း အရှေအနောက် ၊ အရင်းရှင်၊ ဆိုရှယ်လစ် အားပြိုင်မှုဖြစ်ခဲ့တယ်။ ဒီကာလ တလျောက်လုံးမှာလည်း ဦးနု ၊ ဦးကျော်ငြိမ်း၊ ဦးနေ၀င်းတို့  ကျဆုံးသွားတဲ့ ဆိုဗီယက်ဘလောက်မှာ ရပ်တည်မိရက်သားဖြစ်သွားကြတယ်။

တောထဲက ၄ တန်းမှ မအောင်တဲ့ ကရင် ခေါင်းဆောင် ဗိုလ်ချုပ်မြက ဒီနေရာမှာ ဒီလူတွေထက်တော့သာတယ်။ မှားတဲ့ ဆိုဗီယက်ရုရှား ဖက်က သူမရပ်တည်သွားခဲ့ဘူး။

အခုလည်း တရုပ်ရဲ့  OBOR ထဲမှာ မြန်မာခေါ်ငးဆောင်တွေ စိတ်ကူး နဲ့ ရူးနေကြ ပြန်တယ်။ ကမ္ဘာလုံးဆိုင်ရာ OBOR ဆန်ကျင်ရေးလှုပ်ရှားမှုတွေကို ခင်ဗျားတို့ မသေခင်မြင်ကြရပါလိမ့်မယ်။

ပထမ အမှား ဖက်ဆစ်နဲ့ ပေါင်းခဲ့ ခြင်း ( ၁၉၄၂ - ၁၉၄၆)
ဒုတိယအမှား ဆိုဗီယက်ရှာရှားနဲ့ ပေါင်းခဲ့ခြင်း ( ၁၉၄၈- ၁၉၉၁)
တတိယ တရုပ်နဲ့ ပေါင်းဖက်မိခြင်း။ ( ၁၉၉၁- ယနေ့ ကာလ ။ )

မြန်မာပြည်က မရဏ ထဲကကိုမထွက်နိင်သေးဘူး။

No comments:

Post a Comment