Latest News

Tuesday, February 26, 2019

ဟင်္သာတမြို့တွင် အသက်၃နှစ်အရွယ် ကလေးငယ်တစ်ဦးအား ငွေခိုးယူတယ်ဆိုပြီး ရိုက်နှက်၍ အခန်းတံခါးပိတ်ကာ မိဘများကိုတွေ့မပေးပဲ စစ်ဆေးသဖြင့် မိဘများမှ အမူ့ဖွင့်တိုင်ကြား


ဟင်္သာတ ၊ ဖေဖေါ်ဝါရီ ၂၆ ၊ ၂၀၁၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဘုရားကြီးရပ်ကွက် ငါးမျက်နှာဘုရားဝန်းအတွင်း အသက်(၃)နှစ်အရွယ်ကလေးငယ်တစ်ဦးအားငွေ ၁သိန်းကျော်ခိုးယူသည်ဟု စွပ်စွဲပြီး ရိုက်နှက်ကာ မိဘများအားပေးမတွေ့ပဲ အခန်းတံခါးပိတ်၍ စစ်ဆေးသဖြင့် မိဘဖြစ်သူများမှ ရိုက်နှက်သူအား ရဲစခန်းတွင် အမူ့ဖွင့်တိုင်ကြားထားကြောင်းသိရသည် ။

ဖြစ်စဉ်မှာ (25 - 2 -2019)ရက်နေ့ နေ့လည်ပိုင်းအချိန် ဟင်္သာတမြို့ ဘုရားကြီးရပ်ကွက်ရှိ ငါးမျက်နှာဘုရားဝန်းအတွင်းနေထိုင်သူ ဦးထွန်းထွန်း ဒေါ်ခင်မိုး၏သားဖြစ်သူ အသက်(၃)နှစ်အရွယ် မောင်မင်းချစ်ဝေဆိုသည့် ကလေးငယ်တစ်ဦးအား အမျိုးသမီးတစ်ဦးမှ သူ၏ငွေ ၁သိန်းကျော်ခန့်အား ခိုးယူသည်ဟုစွပ်စွဲကာ ကလေးငယ်၏ ပါး ။ ခေါင်းနှင့် ခန္ခာကိုယ်တို့အားရိုက်နှက်ပြီး ဘုရားကုန်းတော်ပေါ်ရှိ ဘုရားလူကြီးရုံးခန်းသို့ဆွဲခေါ်သွားကာဘုရားလူကြီးများအားတိုင်တန်းသဖြင့် လူကြီးများမှအခန်းတံခါးပိတ်၍ ၁နာရီကျော်ခန့်စစ်ဆေးခဲ့ပါသည် ထိုသို့စစ်ဆေးနေစဉ် မိဘဖြစ်သူများမှသိရှိ၍ လိုက်လာကာ မိဘများကို တွေ့ခွင့်မပေးကြောင်း၊ ငွေခိုးယူသူအား cctv မှတ်တမ်းတွင်တွေ့ရှိ၍ သိရှိပြီဖြစ်ကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူ၏ ပြောကြားချက်အရသိရသည် ။

ကလေးငယ်အား သူခိုးဟုစွပ်စွဲရိုက်နှက်ကာ အခန်းတံခါးပိတ် စစ်ဆေးခဲ့သဖြင့် ဖခင်ဖြစ်သူမှ ယနေ့ ဖေဖေါ်ဝါရီ ၂၆ရက် နံနက် ၉း၃၀ နာရီအချိန်တွင် အမှတ်(၁)မြို့မ ရဲစခန်းသို့သွားရောက်ကာ တိုင်တန်း၍ အရေးယူပေးရန်အမူ့ဖွင့်ခဲ့ပါသည် ။

KyawZayYar(ဧရာနဒီ)



No comments:

Post a Comment