Latest News

Tuesday, February 26, 2019

ဆတ်ဆတ်ထိမခံတဲ့ ငှက်ပျော ကိစ္စ



ဆတ်ဆတ်ထိမခံတဲ့ ငှက်ပျော ကိစ္စ ၊ သတင်းထောက်ကိုတောင် ဖမ်းဆီးရိုက်နှက်
သတ်ဖြတ်တော့မဲ့အဆင့်ကိုတောင်ရောက်နေပြီ ။
ကချင်ပြည်နယ်အစိုးရကြီး တခုလုံး ရှင်းဘို့သာ ပြင်ထားကြ ။


ကျုပ်တို့ သတင်းထောက်တွေကလည်း ​ရှေ့နေငှားပြီး သတင်းလိုက်ပြမယ် ။
သတင်းထောက် ဘယ်နှယောက်ကို ငှက်ပျောစိုက် ကုမ္မဏီ ဘယ်နှခု က
သတ်ဖြတ်နိုင်မလဲ ၊

ကျုပ်တို့ သတင်းထောက်တွေကပဲ ဧကပေါင်း
ငါးသောင်းနဲ့ ရှစ်သောင်းကြားမှာ ရှိတဲ့ ၉၀ % နီးပါး တရားမဝင် လိမ်ဆင်
စိုက်ပျိုးထားတဲ့ ငှက်ပျော ကိစ္စကိုပဲ
ဖော်​ထုပ်​နိုင်​မလား အားပြိုင်ကြတာပေါ့ ။

ဒီကိစ္စ ကချင်ပြည်နယ်အစိုးရမှာ လုံးဝ (လုံးဝ ) တာဝန်ရှိတယ် ။
ငှက်ပျောစိုက်သူတွေရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိသလဲ ၊
ဘယ်သူတွေ ပါဝင် ပတ်သက်နေလဲ ။
ရိုးသားတယ်ဆိုရင် ကချင်ပြည်နယ်အစိုးရ
အနေနဲ့ မီဒီယာတွေကတဆင့် ပြည်သူကို
ပွင့်လင်းမြင်သာစွာ ချပြပါ ။
ဒီငှက်ပျော ကိစ္စမှာ ကချင်ပြည်နယ်အစိုးရ
သွေးအေးလွန်းနေတာ ဘာကြောင့်လဲ ။


ကြိုးဝိုင်း ကာကွယ်တောဆိုရင် ငှက်ပျော
စိုက်ခွင့်မပေးဘူး လို့ ဥပဒေက ပြဌာန်း
ထားပေမဲ့ (ပုံ-၂ ) ကိုကြည့်ရန် ....


-ပြည်နယ် စိုက်ပျိုးရေး ဌာနအနေနဲ့
ငှက်ပျော စိုက်ဧက ပေါင်း ဘယ်လောက်ရှိ
သလဲဆိုတာ တရားဝင်ထုတ်ပြန်ပေးပါ ...


- တစ်သျှူး ငှက်ပျော စိုက်မျိုးသည့်
ကုမ္မဏီပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ
ကုမ္မဏီများ မှတ်ပုံတင်ဌာနအနေနဲ့ ထုတ်ပြန်
ပေးပါ
ပြည်ပရင်းနှီး မြှုပ်နှံမှု ကုမ္မဏီ ဘယ်နှခု
ပြည်တွင်း ကုမ္မဏီ ဘယ်နှခု ဆိုတာ
အတိအကျ ထုတ်ပြန်ပေးပါ ။
တရားဝင် မှတ်ပုံတင်ထား တဲ့ ကုမ္မဏီများ
ကိုပဲ ထုတ်ပြန်ပေးစေလိုပါတယ် ။


-ပြည်တွင်းအခွန်အနေနဲ့ ငှက်ပျောစိုက်ပျိုး
ကုမ္မဏီရဲ့ နှစ်စဉ်အခွန်ငွေ ကောက်ခံရရှိမှု
ကို တိတိကျကျမှန်မှန်ကန်ကန် ထုတ်ပြန်ပေးရန် ...


-ငှက်ပျောကားတစီးကို မြန်မာကျပ်ငွေ ၅သိန်း
ခွဲ နှုံးဖြင့် အစီး၂သောင်းစာကို သက်ဆိုင်ရာ
ဌာနတွေက ကောက်ခံထားတဲ့ငွေတွေကို
စာရင်းရှင်းပေးပါ ။


-ငှက်ပျောကိစ္စ ဘယ်သူတွေ ရိုးသားလား
မရိုးသားလားဆိုတာ သိချင်ရင် ဒီမှာ
ဖတ်ကြည့်ရင် သိနိုင်ပါတယ် ။ https://www.facebook.com/zawmoehetet.zawmoe/posts/2048857871895704


ဒီတံတား ဘယ်သူ့ကုမ္မဏီက ကားဖြတ်လို့
ကျိုးသွားတာလဲ ။


ဇော်မိုးထက် ( ဖားကန့် )

No comments:

Post a Comment