Latest News

Sunday, February 3, 2019

လက်ပံတန်း-ဟင်္သာတ ကားလမ်းတွင် လမ်းအဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိ

လက်ပံတန်း-ဟင်္သာတ ကားလမ်းတွင် လမ်းအဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိ

သာယာဝတီ ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး  လက်ပံတန်းမြို့နှင့်  ဧရာဝတီတိုင်း ဒေသကြီးမှ ဟင်္သာတမြို့တို့ကြား ဆက်သွယ်ထားသော လက်ပံတန်း-ဟင်္သာတကားလမ်းသည် ကီလိုမီတာအား ဖြင့် ၃၂ ဒသမ ၅၉ ကီလိုမီတာရှိပြီး ပဲခူးတိုင်းဒေသကြီး အစိုးရက  စီမံခန့်ခွဲနေသော  တိုင်းဒေသကြီးချင်းဆက် သည့် လမ်းဖြစ်သည်။
လက်ပံတန်း-ဟင်္သာတ ကားလမ်းကို  ၁၉၉၀-၁၉၉၁ ဘဏ္ဍာရေးနှစ်က စတင်ဖောက်လုပ်ခဲ့ပြီးနောက် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် မှစ၍  ၂၀၁၆-၂၀၁၇  ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စု အစိုးရ၏   ခွင့်ပြုရန်ပုံငွေ  ကျပ် ၂၉၁ ဒသမ ၁၇ သန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ငွေလုံးငွေရင်း  ခွင့်ပြု ရန်ပုံငွေ ကျပ် ၄၀၆၉ ဒသမ ၂၅၂ သန်း၊ တိုင်းဒေသကြီး ပြင်/ထိန်းခွင့်ပြုရန်ပုံငွေ ကျပ် ၆၁၄၀ ဒသမ ၅၅၇ သန်း တို့ဖြင့်  သာယာဝတီခရိုင်  လမ်းဦးစီးဌာနက  တာဝန်ယူ ပြုပြင်ခဲ့သည်။
ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်လည်း  အဆိုပါ လက်ပံတန်း-ဟင်္သာတ  ကားလမ်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏   ငွေလုံးငွေရင်း   ခွင့်ပြုရန်ပုံငွေများဖြင့် လမ်းချဲ့ခြင်း၊ ကတ်္တရာခင်းခြင်း၊ တံတားများပြုပြင်ခြင်း၊ ကွန်ကရစ်တံတားများ အသစ်တည်ဆောက်ခြင်း စသည့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို  သာယာဝတီခရိုင် လမ်းဦးစီးဌာနကပင် တာဝန်ယူ၍ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရမ်းစိုးမြင့်

No comments:

Post a Comment