Latest News

Sunday, February 24, 2019

လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဓားဦးချွန်ဖြင့်ထိုးခံရ

လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဓားဦးချွန်ဖြင့်ထိုးခံရ


လှည်းကူး      ဖေဖော်ဝါရီ    ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စု သရက်ကုန်းဈေးအတွင်းရှိ မြသီတာ လက်ဘက်ရည်ဆိုင်၌ ယနေ့ နံနက် ၉ နာရီခွဲခန့်က ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဓားဦးချွန် ဖြင့်ထိုးခံရမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇရပ်ကျေးရွာအုပ်စု သရက်ကုန်းဈေးအတွင်းရှိ မြသီတာလက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်သောက်နေပြီး ဦးခင်မောင်ထွေး(ခ)မောင်ထွေး(၅၁)နှစ် ထိုင်သော ဘေးဝိုင်း တွင် ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝဏ္ဏကျော်သူ(၄၅)နှစ် ဦးထွန်းကြည်၊ ဦးဥာဏ်ထွန်း တို့ထိုင်နေကြစဉ် တစ်ရွာတည်းနေ ဟိန်းသက်လင်း (ခ)ဟိန်းသက်(၃၀)နှစ် ရောက်ရှိလာပြီး ဦးခင်မောင်ထွေး(ခ)မောင်ထွေး၏ဝိုင်းတွင် ဝင်ထိုင်ခဲ့ကာ (၁၀)မိနစ်ခန့်အကြာတွင် ဟိန်းသက်မှ ၎င်းအားပြန် တော့မည်ဟုပြောပြီးထသွားကာ ဘေးဝိုင်းတွင်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝဏ္ဏကျော်သူအား ၎င်း၏ အင်္ကျီအတွင်းပါရှိသောဓားဦးချွန်ဖြင့်ထိုးလိုက်သည်ကို မြင်တွေ့လိုက်ရကြောင်း ဦးဝဏ္ဏကျော်သူ၏ကျောပြင် တွင် ထိုးသွင်းဒဏ်ရာနှင့် ရင်ညွှန့်တွင်ပေါက်ထွက်ဒဏ်ရာတို့ရရှိကာ လှည်းကူးဆေးရုံမှတစ်ဆင့် အင်းစိန် ဆေးရုံသို့ အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် လွှဲပြောင်းကုသခံခဲ့ရကြောင်း သိရသည်။

  ဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝဏ္ဏကျော်သူ(၄၅)နှစ်အား ဓားဦးချွန်နှင့်ထိုးပြီး နာကျင်ဒဏ်ရာရ ရှိအောင်ပြုလုပ်သူ ဟိန်းသက်လင်း(ခ)ဟိန်းသက်(၃၀)နှစ်အား လှည်းကူးမြို့မရဲစခန်းကဥပဒေ အရအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)

No comments:

Post a Comment