Latest News

Sunday, February 24, 2019

ကာရာအိုကေလုပ်ငန်းအားအမှီပြုကာ အနှိပ်ခန်းပြုလုပ်နေသူအား ဖမ်းဆီး

ကာရာအိုကေလုပ်ငန်းအားအမှီပြုကာ အနှိပ်ခန်းပြုလုပ်နေသူအား ဖမ်းဆီး

လှည်းကူး         ဖေဖော်ဝါရီ       ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ ကြည်နူးနန်းတော် ကာရာအိုကေလုပ်ငန်းအမှီပြုကာ အနှိပ်ခန်းပြုလုပ်နေသူအား ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၁၂ နာရီအချိန်က ဝင်ရောက်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအုပ်ရာဇာမြငြိမ်း အဖွဲ့နှင့် လှည်းကူးမြို့မရဲစခန်းမှ ဒုရဲအုပ် ထွန်းဦးလွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဦးရဲထွန်းနောင်၊ စခန်း ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကို အဖွဲ့နှင့်အတူ စခန်းကြီးကျေးရွာ လှည်းကူး-ဖောင်ကြီးလမ်းမဘေး ကြည်နူးနန်းတော်ဆိုင်အတွင်း Smile အမည်ဖြင့် အနှိပ်ခန်းပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာအနှိပ်ခန်းလုပ်ငန်းအားစီမံကြီးကြပ်လုပ်ကိုင်သူအောင်မျိုးထွဋ်(၃၂)နှစ်(ဘ)ဦးသစ်လွင်နှင့်အနှိပ်ခန်းများအတွင်းမှ အနှိပ်သမ မနန္ဒာသက်(ခ)သက်သက်(၂၄)နှစ်၊ မနော်နီနီဝင်း(၂၂)နှစ်၊ မလင်းလတ်(၂၅)နှစ်၊ မစန်းစန်းဝေ(၂၀)နှစ်တို့အား သက်သေခံအထောက်အထားများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ ကြည်နူးနန်းတော် ကာရာအိုကေ အမည်ဖြင့် ဗီဒီယို/ကာရာအိုကေ လုပ်ငန်းလိုင်စင်ဖြင့် ကာရာအိုကေလုပ်ငန်းအားအမှီပြုကာ ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ ထုတ် ပြန်ထားသော စည်းကမ်းချက်များအားဖောက်ဖျက်၍ အမျိုးသား/အမျိုးသမီး ငယ်များ၏ စိတ်ဓာတ်ကြံခိုင်မှုနှင့် အကျင့်စာရိတ္ထကိုပျက်ပြားစေမည့် အနှိပ်ခန်းလုပ်ငန်းပြုလုပ်ခဲ့သူ အောင်မျိုးထွဋ်၊ မနန္ဒာသက်(ခ) သက်သက်၊ မနော်နီနီဝင်း၊ မလင်းလတ်၊ မစန်းစန်းဝေတို့အား လှည်းကူးမြို့မရဲစခန်းကအမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

နိုင်လင်း(လှည်းကူး)

No comments:

Post a Comment