Latest News

Thursday, February 21, 2019

အောင်ဆန်းစုကြည်သည် သမ္မစိတ္တနှင့် ပြည့်စုံသော ဒီမိုကရက် တဦး ဖြစ် (အပိုင်း ၂)


ခင်ဗျား တခါက ပြောခဲ့ဖူးတယ်၊ ASSK က စစ်အစိုးရ နဲ့ အပေးအယူ လုပ်ပြီး ထောင်ချောက်ထဲကို နင်းဝင်သွားတယ်ဆိုတယ် ပြီးတော့ ၂၀၁၆ မှာ နိုင်ငံတော် အတိုင်ပင်ခံ အဖြစ် အစိုးရ အဖွဲ့ထဲ ပါလာတယ် ဆိုတဲ့ စကားလေ၊ ဒီထဲမှာ ထောင်ချောက်ဆိုတာ ဘာကို ဆိုလိုတာလဲ၊ ဒီထောင်ချောက်ထဲကနေ သူ့အနေနဲ့ အလွတ်ရုန်းထွက်ဖို့ နည်းလမ်း တခုခု ကော ရှိနေလား။

ကျွန်တော်တို့ ASSK ရဲ့ တပ်မတော် နဲ့ ရုန်းကန် တိုက်ပွဲဝင်ခဲ့ရတာတွေကို ဒီထက် ရှည်လျားတဲ့ အချိန်အတိုင်း အတာ ရှု့ထောင့် က ကြည့်မယ်ဆိုရင် ၁၉၈၈ ကတည်းက နိုင်ငံရေး ရုန်းကန် တိုက်ပွဲဝင်မှုတွေမှာ အားကောင်းတဲ့ တပ်မတော် ရယ် အားနည်းနေတဲ့ အောင်ဆန်းစုကြည်အကြား ယှဉ်ပြိုင်ခြင်း ဆိုတာ တွေ့လာလိမ့်မယ်၊ စစ်အုပ်ချုပ်ရေး သမားတွေက နိုင်ငံရေး အရ အနိုင်ရနေခဲ့တယ် ဆိုပေမယ့် အောင်ဆန်းစုကြည် အပေါ် တော့ သူတို့ အနိုင်မရခဲ့ကြဖူးဗျ။ အောင်ဆန်း စုကြည်လည်း ရှုံးနေခဲ့တာပဲ၊ ဒါပေမယ့် လုံးဝရှုံးသွားခဲ့တာမျိုး မဟုတ်ပြန်ဖူး၊ ဒီပွဲ မှာ သူ က ဆက်ရှိနေဆဲ၊ အာဏာ မှာ ဘက်မညီ ခဲ့ဖူး ဆိုတာ နဲ့ ဆုံးဖြတ်ရင်  သူ အတွက် အကြီးအကျယ် အောင်မြင်မှု ရခဲ့တာပဲလို့ ပြောရမယ်။ နိုင်လည်း မနိုင်ခဲ့ဖူး၊ ဒါပေမယ့် ရှုံးနိမ့်သွားရတဲ့ အထိ အဖြစ်မရောက်အောင် ခိုင်မာစွာ ရပ်တည်နေဆဲ ဆိုတာကို ကြည့်ရင် အချိန် က သူမဖက်မှာ ရှိနေပြီ ဆိုတာ မဖြစ်မနေ ယုံကြည်လာရတော့တာပဲဗျို့၊ ဒါပေမယ့် နောက်ဆုံးကျ ဗိုလ်ချူပ်ကြီးတွေပဲ အသားစီး ရလာခဲ့ပြန်တယ်။ ကမ္ဘာကြီး သွားနေတဲ့ လမ်းကြောင်းကလည်း ပြောင်းလဲလာနေပြီလေ၊ နှစ်ပေါင်း ၂၀ လောက်ကြာပြီးမှ မြန်မာ က အနောက်အုပ်စု အတွက် အရေးပါတဲ့ နိုင်ငံ တနိုင်ငံ ပြန် ဖြစ်လာတယ်။ (အဓိက အကြောင်းတွေကတော့ဗျာ သဘာဝ အရင်းအမြစ်တွေ၊ ဈေးကွက် အသစ် ၊ ပြီးတော့ တရုတ် ခေါင်းထောင်ထလာမှု ကို ဦးချိုးဖို့ အကွက်အကွင်း ကျတဲ့ နေရာ ဒါတွေပဲပေါ့ဗျာ)၊  စုကြည်အတွက်ကတော့ ရွေးချယ်ဖို့ အကျပ်ရိုက်လာရတာပဲ၊ သူမ အနေနဲ့ ကိုယ့်ကျင့်သိက္ခာ မှာ စံပြအဖြစ်နဲ့ အရင်အတိုင်းပဲ ရပ်တည်သွားမလား၊ အဲ့ကျရင် လူတော့ လေးစားခံရမယ်၊ နိုင်ငံရေး မှာ ဘေးရောက်နေမယ်၊ ဒါမှမဟုတ်လည်း ဗိုလ်ချုပ်ကြီး တွေ ချမှတ်ထားတဲ့ ဘောင်ထဲကပဲ ပြည်ပ က ထောက်ခံမှု မရတဲ့ အန္တရာယ်များ တဲ့ ပွဲကိုပဲ ၀င်နွှဲမလား ဆိုတာတွေ ရွေးဖို့ ဖြစ်လာရတယ်။ လက်တွေကျတဲ့ နိုင်ငံရေး သမား တယောက် ဖြစ်နေတာကြောင့်ပဲ သူက အန္တရာယ်များတဲ့ ပွဲထဲ တိုးဝင်လိုက်တယ်။ ဒီတော့ ထောင်ချောက်ထဲကို သိသိကြီး နဲ့ တိုးဝင်လိုက်တာပဲ၊ ဒါကလည်း အဆိုးထဲက နေ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်နဲ့ပဲဗျ။  နှစ်ပေါင်း ၂၀ လောက် ရုန်းကန်လာခဲ့ပြီးမှ စုကြည်က ဒါက မရှိမဖြစ် ရင်ဆိုင်ရတော့မယ် ဆိုတဲ့ သဘောပဲဆိုပြီး အလျော့ပေး လက်ခံလိုက်တာပဲ၊ သူရဲ့ ထိပ်တိုက် ရင်ဆိုင်မှု လမ်းကြောင်းကနေ ပူးပေါင်းဆောင်ရွက်ပြီး သူ က ဘယ်လို လူစားလဲဆိုတာ ဗိုလ်ချုပ်ကြီးတွေကို သဘောပေါက် လက်ခံလာအောင် ပြမယ် ဆိုတဲ့ ဗျုဟာ ကို ပြောင်း ကျင့်သုံးခဲ့တာ ဖြစ်တယ်။ အဲ့လို လုပ်နိုင်ဖို့က သူမ က အတော်များများ ကို လိုက်လျောခဲ့ရတယ် ပိုကာ စကားနဲ့ ပြောရရင်တော့ဗျာ သူမမှာ ရှိတဲ့ ဖဲချပ်တွေကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အကုန် ခင်းပြလိုက်တာပဲ၊ ၂၀၁၆ က စပြီး နိုင်ငံကို ဗိုလ်ချုပ်ကြီး တွေနဲ့ တွဲ အုပ်ချုပ်လာခဲ့တယ်။ ဒါက ခုန ပြောတဲ့ “ထောင်ချောက်” ထဲမှာ သူမ အများဆုံး ရနိုင်ခဲ့တာပဲ၊ အဲ့ဒီအနေအထားကနေ ဘယ်လို ရုန်းထွက်မလဲ၊ သူမအနေနဲ့ ရုန်းထွက်နိုင်ဖို့က ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မရှိမဖြစ် လိုနေတယ်လို့ ယုံကြည်လာတယ်။ ဒါမှလည်း အရပ်ဖက် အုပ်ချုပ်ရေး နဲ့ သူ့ရဲ့ အုပ်ချုပ်မှု ကို ရေရှည် ရှု့ထောင့်ကနေ အာမခံ ပေးနိုင်မှာကိုး၊ ဒါပေမယ့် မြန်မာ့ နိုင်ငံရေး စနစ် က ဘယ်သူပဲ အာဏာရရ တပ်မတော်က လွှမ်းမိုးနေတယ်၊ စုကြည်အနေနဲ့ ဖွဲ့စည်းပုံကို ပြောင်းနိုင်စွမ်း ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ဖူး၊ ဒီတော့ ထောင်ချောက်ကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်း မရှိဖူးလို့ ပြောရမှာပဲ။

ASSK က နိုင်ငံတော် အတိုင်ပင်ခံ ဖြစ်လာပြီးကထဲက ဗိုလ်ချုပ်ကြီးတွေနဲ့ လူသိရှင်ကြား ကွဲပြားစွာ ရပ်တည်ခဲ့ဖူးတဲ့ ကိစ္စမျိုး ရှိခဲ့ဖူးသလား။

မသိမသာ ကွဲပြားစွာ ရပ်တည်ခဲ့တာမျိုးတွေတော့ ရှိပါတယ်။ အင်အယ်ဒီ နဲ့ တပ်မတော်အကြား လည်း ရန်လိုနေတာ တွေက ရှိနေတော့ သူရဲ့ အရပ်သား အစိုးရ နဲ့ စစ်တပ်က လွှမ်းမိုးထားတဲ့ အုပ်ချုပ်ရေး အကြား အားပြိုင်မှုတွေက အတွင်းကျိတ် ဖြစ်နေတာတွေတော့ ရှိနေတယ်၊ ဥပမာ ပြောရရင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန နဲ့ ပါတ်သက်ပြီး အားပြိုင်မှု မျိုးပေါ့ဗျာ၊ ဒါပေမယ့် အဓိက ကျတဲ့ ကိစ္စတွေမှာတော့ မရှိဖူးလို့ ပြောရမယ်။ အဲ့လို ကွဲပြားအောင် လုပ်နိုင်စွမ်းလည်း သူ့မှာ မရှိဖူးဗျ၊ တပ်မတော် က အစိုးရအပေါ် မှာ နိုင်ငံရေး မှာ ထိမ်းချုပ်မှု တွေ ရှိနေတုန်းပဲ၊ ဒီတော့ စုကြည်လည်း တပ်မတော် နဲ့ ထိပ်တိုက် မတွေ့ရအောင် မဖြစ်မနေ ချုပ်တည်းခဲ့ရတာပဲဗျ၊ ဒါကြောင့်လည်း အင်အယ်ဒီ အစိုးရက စစ်တပ်ရဲ့ အခွင့်ထူးတွေ ခံစားနေရတဲ့ အနေအထားကို ပျက်ပြားအောင် မကြိုးစားခဲ့တာပဲ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော် အကြား ပဋိပက္ခတွေ ဖြစ်နေတာကိုလည်း ၀င်မစွက်ဖူး၊ ရိုဟင်ဂျာ ကိစ္စကိုလည်း ဖာသိဖာသာ ပဲ နေတယ်၊ ကရိုနီတွေနဲ့လည်း ဆက်ဆံရေး ကောင်းအောင် ထိမ်းထားနိုင်ခဲ့တယ်၊ ပြီးတော့ မြန်မာရဲ့ အစဉ်အလာ ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒကိုလည်း ဒီအတိုင်းပဲ ဆက်ကျင့်သုံးခဲ့တယ်၊

ဒီနေရာမှာ အဓိက ကွဲလွဲမှုကတော့ နိုင်ငံရေး စနစ်အပေါ် တပ်မတော်က လွှမ်းမိုး ချုပ်ကိုင်ခွင့် ပေးထားတဲ့ ဖွဲ့စည်းပုံ လို့ပဲ ပြောရမယ်။ စုကြည်က ဒီကိစ္စကို သိတ်မကြာသေးမီကပဲ ပြန်စ လာတယ်၊ ဒါပေမယ့် ဗိုလ်ချုပ်ကြီးတွေ အာဏာရော အခွင့်ထူးခံနေရတဲ့ အနေအထားကို စွန့်လွှတ်ဖို့ သူ့အနေနဲ့ နားချ လို့တော့ ရမယ် မထင်ဖူး။

ခင်ဗျားကို အပြောင်အပျက် အနေနဲ့ ပြောရရင်ဗျာ..စောစောတုန်းက ပြောခဲ့တဲ့ ၀ါဒ ပိုင်း ဆိုင်ရာ ကွဲလွဲမှုတွေ ဆိုတာက မျက်စိအကြည်ဓါတ်ရအောင် ပေးတဲ့ ဆေးရည်လို့ပဲ ထားလိုက်၊ လောလောဆယ် ကျွန်တော်တို့ အားလုံး နားတွေကန်းနေကြတယ်ဆိုပါတော့ဗျာ၊ ဒီတော့ ပြောနေကြတဲ့ စကားတွေ မကြားရဖူး၊ လက်တွေ ဖြစ်နေတာတွေကို ကြည့်ပြီး ဆုံးဖြတ်နိုင်တဲ့ အနေအထားမျိုး ဆိုရင် ၂၀၁၆ ခုနှစ်ကစပြီး တကယ့် အရေးပါတဲ့ မူဝါဒတွေ  နဲ့ စပ်လျင်းပြီး ASSK ဘာတွေ လုပ်ခဲ့လဲ၊

ဒါတွေအားလုံးကို ခင်ဗျား ပြောတဲ့ မျက်စိဆေးဖို့လောက်ဆိုရင်တော့ ကျွန်တော် ရေးခဲ့တဲ့ စာအုပ်က အဓိပ္ပါယ် ရှိတော့မှာ မဟုတ်ဖူးဗျ၊  ဒီတော့ ခင်ဗျား မေးခွန်းကို ကျွန်တော် မဖြေလိုဖူး၊ ဒါပေမယ့် အမှန်တရားကို ရင်ဆိုင်ကြည့်ကြရအောင်၊ နိုင်ငံတော် အတိုင်ပင်ခံ တယောက် အနေနဲ့ စုကြည်က ကိုလိုနီ ခေတ် မတိုင်မီက ဘုရင်မ တပါးလို အာဏာရှင်ဆန်ဆန် ကျင့်သုံးတယ်၊ ကောင်းကင်ဘုံ က အပ်နှင်းလာတဲ့ အခွင့်အာဏာ အတိုင်း အုပ်ချုပ်တယ်၊ သူ့အနေနဲ့ အဓိပ္ပါယ် မရှိတာမျိုး လုံးဝ လက်မခံတတ်တဲ့ အာဏာရှင် မိခင်ကြီး တယောက် လို ပြောဟောတယ်၊ အမိန့်တွေ ထုတ်တယ်၊ ကြေငြာတယ်၊ နေပြည်တော် မှာပဲ တံခါး နောက်ကွယ်ကနေ နိုင်ငံရေး ကို ဖန်တီးတယ်၊ အရာရာတိုင်းကို ကိုယ်တိုင် အသေးစိတ် စီမံခန့်ခွဲတယ်၊ ဆုံးဖြတ်ချက်က သေးသည် ကြီးသည် ဖြစ်စေ အားလုံးရဲ့ သဘောတူညီမှု ကို လိုတယ်၊ သဘောကွဲလွဲမှုကို သည်းညီး မခံဖူး၊ အပြင်က အသံတွေကိုလည်း နားမထောင်ဖူး၊ လွှတ်တော် နဲ့ ပါတီ ဒီမိုကရေစီမှာလည်း လွတ်လပ်စွာ ပြောခွင့်ကို ကန့်သတ်ထားတယ်၊ လူထု ကို မိန့်ခွန်းပြောတာမျိုး အတော် ရှားပါးပေမယ့် ပြောရင်လဲ  သူမကိုယ် သူမ နေ့တဓူဝ ဖြစ်နေတဲ့ မထူးခြားတဲ့ ကိစ္စမျိုး ထည့်ပြောရတဲ့ အဖြစ် အရောက်မခံဖူး၊ ဒါတွေအစား နိုင်ငံသားတွေရဲ့ တာဝန် က သူတို့ ရမယ့် အခွင့်အရေး တွေ ရှေ့မှာ ရှိနေတယ်ဆိုတဲ့ ကိုယ်ကျင့်တရား ပိုင်းမှာ ခံယူရမယ့် အကြောင်း တွေ သင်ကြားပေးတယ်၊ ဒီလို ကိုယ်ကျင့်တရားမှာ မြင့်မြတ်တဲ့ စိတ်တွေ ပေါက်ဖွားလာအောင် လူတိုင်း လူတိုင်း ပြောင်းလဲ ရမယ် ဆိုတာမျိုး တွေပဲ၊ နောက်ပိုင်းမှာ မြန်မာ ပြည်မှာ စုကြည်အနေနဲ့ သူ့ရဲ့ နတ်သမီး တပါးလို အနေအထား ကို ဆက်ပြီး ထိမ်းသွားနိုင်မယ်၊ အမြင့်တနေရာကနေ မျှော်လင့်ချက်တွေ ပေးနိုင်တယ်၊ ဒါပေမယ့် နိုင်ငံရဲ့ ပြဿနာတွေကတော့ မဖြေရှင်းနိုင်ပဲ ရှိနေဦးမယ်၊ ရှေ့ရေး မျှော်တွေးမှု၊ အစီအစဉ်တွေ ဘာမှ မရှိဖူး၊ အဆိုးဆုံးကတော့ မြန်မာ ရင်ဆိုင်နေရတဲ့ ဘက်ပေါင်းစုံက ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း မရှိဖူး၊ ဒီတော့ သုံးနှစ်ကြာလာခဲ့ပေမယ့် သူမရဲ့ အစိုးရမှာ အောင်မြင်မှုဆိုတာ နဲနဲပဲ ရှိတယ်၊ ရိုဟင်ဂျာ ပြဿနာ၊ တိုင်းရင်းသား လူနည်းစုတွေ နဲ့ ပြန်လည် ရင်ကြားစေ့ရေး တို့ စီးပွားရေး ဖွံ့ဖြိုးမှုတွေမှာ မအောင်မြင်ခဲ့ဖူး၊ အဲ့ဒီတော့ ဇယား ဆွဲမယ် ဆိုရင် မျှော်လင့်ချက်တွေ ပျက်သုံးလာတာက ပိုများတယ် ပြောရမယ်။

နောက် လာမယ့် နှစ် အနည်းငယ် အတွင်းမှာ ဘာတွေ ဖြစ်လာနိုင်သလဲ၊ ASSK အနေအထားကတော့ ဘာတွေ ဖြစ်လာနိုင်မလဲ။

၂၀၂၀ ရွေးကောက်ပွဲကတော့ ရှေ့မှာ မားမားကြီး မြင်နေရပြီ၊ ၂၀၁၅ လိုပဲ စုကြည်လား စုကြည်မဟုတ်ဖူးလား ပဲ၊ သူ့အနေနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့မယ်ဆိုရင် ဒါကလည်း သူမအတွက် အခက်အခဲတော့ ရှိလိမ့်မယ်၊ တိုင်းရင်းသား လူနည်းစုတွေက သူ့ကို အပြည့်အ၀ ထောက်ခံလာကြမှာတော့ မဟုတ်လို့ပဲ၊  ဒီတော့ လိုအပ်တဲ့ ၆၇% မဲတွေ ရခြင်မှ ရတော့မယ်၊ နောက်ကွယ်ကနေ မြန်မာ ကို ဆက်ပြီး အုပ်ချုပ်သွားဖို့တော့ ရှိနေတယ်။ ဒါပေမယ့် အင်အယ်ဒီက ပြတ်ပြတ်သားသား မနိုင်ခဲ့ရင်တော့ သူ့အနေနဲ့ နောက်ထပ် အခွင့်အရေးရဖို့ ငါးနှစ် ထပ်စောင့်ရမှာပေါ့၊ အချိန်ကလည်း တချက်ချက် နဲ့ ရှေ့ကို ဆက်သွားနေပြီး စစ်အသိုက်အ၀န်း ဖက်မှာ ရှိနေပြန်တယ်။

ကျေးဇူးတင်လျက်
လှစိုးဝေ

No comments:

Post a Comment